Pages

Tuesday, April 30, 2013

အာကာသခရီးသွားလုပ်ငန်းအတွက် Galatic လွန်းပျံယာဉ် စမ်းသပ်ပျံသန်း

အာကာသခရီးသွားလုပ်ငန်းအတွက် Galatic လွန်းပျံယာဉ် စမ်းသပ်ပျံသန်း

ဧပြီလ ၃၀ ရက် ၂၀၁၃

အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။

ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက အာကာသခရီးသွား လုပ်ငန်းအတွက် ပြင်ဆင်နေသော Galatic လွန်းပျံယာဉ် စီမံကိန်း၏ စွမ်းအင်ပြည့် စမ်းသပ် ပျံသန်းမှုသည် ချောမောစွာ အောင်မြင်မှု ရရှိခဲ့သည်။ အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။ Virgin Galacticက ပိုင်ဆိုင်သည့် လွန်းပျံယာဉ် ပျံသန်းမှု အပြည့်အဝ အောင်မြင်ခဲ့သည့်နောက် ဆာရစ်ချတ် ဘရန်ဆန် ပိုင်ဆိုင်သည့် အဆိုပါ စီမံကိန်းကို ယခုနှစ် မကုန်မီ အမှန်တကယ် စတင်ကာ ပထမဆုံးအကြိမ် အာကာသထဲ အလည်အပတ် ခရီးစဉ် သွားရောက်နိုင်ရန် တာဝန်ရှိသူများက မျှော်လင့်လာခဲ့သည်။

စမ်းသပ်ပျံသန်းမှုတွင် SpaceShipTwoသည် ကမ္ဘာ့လေထုကို ဖောက်ထွက်ခဲ့ခြင်း မရှိသေးသော်လည်း Virgin Galacticက ယခု လုပ်ဆောင်ချက်သည်ပင် ကုမ္ပဏီအတွက် ထင်ရှားသော အောင်မြင်မှု တစ်ခုဟု ယူဆကြောင်း ဆိုသည်။ SpaceShipTwoကို ဂျက်လေယာဉ် တစ်စင်းတွင် တွဲဆက်ကာ လော့စ်အန်ဂျလိစ်ရှိ မိုဂျာဗီ လေဆိပ်မှ ပျံတက်လာကာ လေထဲတွင် ထပ်ဆင့် လွှင့်တင်ခဲ့သည်။ ဂျက်လေယာဉ်က SpaceShipTwoကို ဖြုတ်ချ ပစ်လွှတ်လိုက်စဉ် ၎င်းသည် အင်ဂျင်စတင် တောက်လောက်အောင် (၁၆)စက္ကန့် တွန်းကန် အရှိန်ယူခဲ့ပြီးနောက် စွမ်းအင်မြင့်မြင့် ပျံသန်းကာ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

ယခင်က SpaceShipTwoသည် စွမ်းအင် အပြည့်မသုံးဘဲ စမ်းသပ် ပျံသန်းမှုများကိုသာ ပြုလုပ်ထားသေးသည်။ ယခုနွေရာသီအတွင်း နောက်ထပ်လည်း စွမ်းအားမြင့်မားသည့် ပျံသန်း စမ်းသပ်မှုများကို ပြုလုပ်ရန် စီစဉ်ထားပြီး အပြီးတိုင် စိတ်ကျေနပ်မှု ရရှိချိန်တွင် ပုဂ္ဂလိက အာကာသ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ Virgin Galacticကို တည်ထောင်သည့် ဆာရစ်ချတ်က "ပထမဆုံး စွမ်းအင်မြင့် အစမ်းပျံသန်းမှုမှာ ဘာသံသယ ဖြစ်လောက်စရာ နှောင့်နှေးမှုမှ မရှိပါဘူး။ အရေးပါတဲ့ အချက်အလက် အားလုံးကလည်း ကောင်းမွန်ပါတယ်"ဟု ဆိုသည်။

"ဒီနေ့ အသံလွန် မြန်နှုန်းနဲ့ ပျံသန်းမှုဟာ အာကာသ ခရီးစဉ်ရဲ့ စွမ်းအင်မြင့် ပျံသန်းနိုင်စွမ်း တိုးတက်မှုမှာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်လာပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ကျတဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်လေ။ နှစ်ကုန်ပိုင်းလောက်မှာ ခရီးစဉ် စတင်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟုလည်း လေယာဉ်ကွင်းတွင် စမ်းသပ်မှုကို ကိုယ်တိုင်ကြည့်ရှုခဲ့သည့် ဆာရစ်ချတ်က ဆက်လက် ပြောကြားသွားသည်။ 

Source: DailyMail
Planet

ဧပြီလ ၃၀ ရက် ၂၀၁၃

အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ် လူစီး လွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2အမြန်နှုန်းထိအသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။ကမ္ဘာ့ပထမဆုံး
ပုဂ္ဂလိက အာကာသခရီးသွား လုပ်ငန်းအတွက် ပြင်ဆင်နေသော Galatic လွန်းပျံယာဉ် စီမံကိန်း၏ စွမ်းအင်
ပြည့် စမ်းသပ် ပျံသန်းမှုသည် ချောမောစွာ အောင်မြင်မှု ရရှိခဲ့သည်။ အာကာသထဲထိ ပျံသန်းရန် စီစဉ်ထားသော SpaceShipTwoခေါ်လူစီးလွန်းပျံယာဉ်လေးသည် လေထဲရှိ မိခင်
ယာဉ်ပျံကို စွန့်ခွာကာ Mach 1.2 အမြန်နှုန်းထိ အသံလွန် မြန်နှုန်းမြှင့် ပျံသန်းနိုင်ခဲ့သည်။ Virgin Galacticက ပိုင်ဆိုင်သည့် လွန်းပျံယာဉ် ပျံသန်းမှု အပြည့်အဝ အောင်မြင်ခဲ့သည့်နောက် ဆာရစ်ချတ် ဘရန်ဆန် ပိုင်ဆိုင်
သည့် အဆိုပါ စီမံကိန်းကို ယခုနှစ် မကုန်မီ အမှန်တကယ်စတင်ကာပထမဆုံးအကြိမ်အာကာသထဲ အလည်
အပတ် ခရီးစဉ် သွားရောက်နိုင်ရန် တာဝန်ရှိသူများက မျှော်လင့်လာခဲ့သည်။

စမ်းသပ်ပျံသန်းမှုတွင် SpaceShipTwoသည် ကမ္ဘာ့လေထုကို ဖောက်ထွက်ခဲ့ခြင်း မရှိသေးသော်လည်း Virgin Galacticက ယခု လုပ်ဆောင်ချက်သည်ပင် ကုမ္ပဏီအတွက် ထင်ရှားသော အောင်မြင်မှု တစ်ခုဟု ယူဆကြောင်း ဆိုသည်။ SpaceShipTwoကို ဂျက်လေယာဉ် တစ်စင်းတွင် တွဲဆက်ကာ လော့စ်အန်ဂျလိစ်ရှိ မိုဂျာဗီ လေဆိပ်မှ ပျံတက်လာကာ လေထဲတွင် ထပ်ဆင့် လွှင့်တင်ခဲ့သည်။ ဂျက်လေယာဉ်က SpaceShipTwoကို ဖြုတ်ချ ပစ်လွှတ်လိုက်စဉ် ၎င်းသည် အင်ဂျင်စတင် တောက်လောက်အောင် (၁၆)စက္ကန့် တွန်းကန် အရှိန်ယူခဲ့ပြီးနောက် စွမ်းအင်မြင့်မြင့် ပျံသန်းကာ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။

ယခင်က SpaceShipTwoသည် စွမ်းအင် အပြည့်မသုံးဘဲ စမ်းသပ် ပျံသန်းမှုများကိုသာ ပြုလုပ်ထားေ
သး
သည်။ ယခုနွေရာသီအတွင်း နောက်ထပ်လည်း စွမ်းအားမြင့်မားသည့် ပျံသန်း စမ်းသပ်မှုများကို ပြုလုပ်ရန် စီစဉ်ထားပြီး အပြီးတိုင် စိတ်ကျေနပ်မှု ရရှိချိန်တွင် ပုဂ္ဂလိက အာကာသ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။ Virgin Galacticကို တည်ထောင်သည့် ဆာရစ်
ချတ်က "ပထမဆုံး စွမ်းအင်မြင့် အစမ်းပျံသန်းမှုမှာ ဘာသံသယ ဖြစ်လောက်စရာ နှောင့်နှေးမှုမှ မရှိပါဘူး။ အရေးပါတဲ့ အချက်အလက် အားလုံးကလည်း ကောင်းမွန်ပါတယ်"ဟု ဆိုသည်။

"ဒီနေ့ အသံလွန် မြန်နှုန်းနဲ့ ပျံသန်းမှုဟာ အာကာသ ခရီးစဉ်ရဲ့ စွမ်းအင်မြင့် ပျံသန်းနိုင်စွမ်း တိုးတက်မှုမှာကြီး
မားတဲ့ အောင်မြင်မှု တစ်ခု ဖြစ်လာပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ကျတဲ့ရည်မှန်းချက်လည်း ဖြစ်
တယ်လေ။ နှစ်ကုန်ပိုင်းလောက်မှာ ခရီးစဉ် စတင်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟုလည်း လေ
ယာဉ်ကွင်းတွင် စမ်းသပ်မှုကို ကိုယ်တိုင်ကြည့်ရှုခဲ့သည့် ဆာရစ်ချတ်က ဆက်လက် ပြောကြားသွားသည်။

Source: DailyMail
Planet , Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment