Pages

Tuesday, April 30, 2013

နှလုံးခုန်မမှန်ခြင်းကို သိရှိနိုင်မည့် စွပ်ကျယ်အင်္ကျီ

နှလုံးခုန်မမှန်ခြင်းကို သိရှိနိုင်မည့် စွပ်ကျယ်အင်္ကျီ
Tuesday, April 30, 2013

နှလုံးခုန်နှုန်းမူမမှန်သည့်ပြဿနာများကို သိရှိထောက်လှမ်းနိုင်မည့် စွပ်ကျယ်အင်္ကျီတစ်မျိုးတီထွင်ထား ကြောင်း ဗြိတိန်ဆရာဝန်များကဆိုသည်။ BBC သတင်းဌာန၏ ဖော်ပြချက်တွင်ဗြိတိန်ဆရာဝန်များ တီထွင်ထားသော
စွပ်ကျယ်အင်္ကျီက ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းစသည့် ပြဿနာများကို
 ထောက်လှမ်းဖော်ပြ ပေးမည်ဟုသိရသည်။

စွပ်ကျယ်ကို လူနာ (၄၀) ဦး အား တစ်ယောက်တစ်ထည်စီပေး၍ စမ်းသပ်
ထားပြီး နှလုံးခုန်နှုန်းပြဿ နာများကို တစ်ယောက်တစ်မျိုးစီခန့်မှန်းပေး
နိုင်သည်ဟုဆိုသည်။ 

စွပ်ကျယ်တစ်ထည်တွင် လျှပ်ငုတ် (electrode) အချောင်း (၂၅၀) စီပါ ၀င်ပြီး နှလုံးတစ်ခုလုံးကို လျှပ်စစ် ပတ်လမ်းမြေပုံတစ်ခုအဖြစ်ဖော်ပြ ပေးကာ ပုံမမှန်လျှပ်စစ်ဓါတ်ထုတ် လွှတ်နေသည့် နှလုံးတစ်ရှူးနေရာကိုဖော်ပြပေး
မည်ဖြစ်သည်။

ခြေထောက်သွေးပြန်ကြောမှတစ်ဆင့် နှလုံး ထိရောက်အောင် ကိရိယာထည့် သွင်း၍ စွပ်ကျယ်ကဖော်ပြပေးသည့် ပုံမမှန်လျှပ်စစ်ဓါတ်ထုတ်လွှတ်ရာ နှလုံး
တစ်ရှူးအား လျှပ်စစ်ဓါတ်ချေ ဖျက်ပေး နိုင်မည်ဖြစ်သည်။

နှလုံးခုန်နှုန်းပြဿနာရှိသူများ အားနှလုံးခုန်နှုန်းထိန်းစက်ကို နှလုံး တွင်းထည့်သွင်းပေးရလေ့ရှိရာ ပေါင် ၁၀၀၀ တန်ယခုစွပ်ကျယ်အင်္ကျီသာ လက်တွေ့အသုံးပြုနိုင်ပါက ခွဲစိတ် ရန်မလိုဘဲ သက်သက်သာသာကုသ
 ပေးနိုင်မည်ဖြစ်သည်။

သီဟ
Source: ANI
Health Updates Journal

Tuesday, April 30, 2013

နှလုံးခုန်နှုန်းမူမမှန်သည့်ပြဿနာများကိုသိရှိထောက်လှမ်းနိုင်မည့် စွပ်ကျယ်အင်္ကျီတစ်မျိုးတီထွင်ထား
ကြောင်းဗြိတိန်ဆရာဝန်များကဆိုသည်။BBCသတင်းဌာန၏ဖော်ပြချက်တွင်ဗြိတိန်ဆရာဝန်များတီထွင်ထား
သောစွပ်ကျယ်အင်္ကျီကရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းစသည့် ပြဿနာများကို ထောက်လှမ်းဖော်ပြ ပေး
မည်ဟုသိရသည်။ စွပ်ကျယ်ကို လူနာ (၄၀) ဦး အား တစ်ယောက်တစ်ထည်စီပေး၍ စမ်းသပ် ထားပြီး နှလုံးခုန်နှုန်းပြဿနာများ
ကို တစ်ယောက်တစ်မျိုးစီခန့်မှန်းပေး နိုင်သည်ဟုဆိုသည်။

စွပ်ကျယ်တစ်ထည်တွင်လျှပ်ငုတ်(electrode)အချောင်း(၂၅၀)စီပါဝင်ပြီးနှလုံးတစ်ခုလုံးကိုလျှပ်စစ်ပတ်လမ်းမြေ
ပုံတစ်ခုအဖြစ်ဖော်ပြ ပေးကာ ပုံမမှန်လျှပ်စစ်ဓါတ်ထုတ် လွှတ်နေသည့် နှလုံးတစ်ရှူးနေရာကိုဖော်ပြပေး
မည်ဖြစ်သည်။

ခြေထောက်သွေးပြန်ကြောမှတစ်ဆင့်နှလုံးထိရောက်အောင်ကိရိယာထည့်သွင်း၍ စွပ်ကျယ်ကဖော်ပြပေး
သည့် ပုံမမှန်လျှပ်စစ်ဓါတ်ထုတ်လွှတ်ရာ နှလုံး တစ်ရှူးအား လျှပ်စစ်ဓါတ်ချေ ဖျက်ပေး နိုင်မည်ဖြစ်သည်။

နှလုံးခုန်နှုန်းပြဿနာရှိသူများ အားနှလုံးခုန်နှုန်းထိန်းစက်ကို နှလုံး တွင်းထည့်သွင်းပေးရလေ့ရှိရာ ပေါင် ၁၀၀၀ တန်ယခုစွပ်ကျယ်အင်္ကျီသာ လက်တွေ့အသုံးပြုနိုင်ပါက ခွဲစိတ် ရန်မလိုဘဲ သက်သက်သာသာကုသ
ပေးနိုင်မည်ဖြစ်သည်။

သီဟ
Source: ANI
Health Updates Journal , Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment