Pages

Tuesday, April 30, 2013

အရက်မူးနေသူအစ်ကိုမှ ညီဖြစ်သူအားဆဲဆိုကြိမ်းမောင်းစဉ် လုံးထွေးသတ်ပုတ်ရာမှလူသတ်မှုဖြစ်

နေပြည်တော်၊ ဧပြီ ၃၀
၂၈-၄-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေအုပ်စု၊ အိုင်ရှည်ကျေးရွာနေ ဦးမြအေး(၆၈)နှစ်၏နေအိမ်တွင် သားအကြီးဖြစ်သူ ၀င်းလှဦး(၃၀)နှစ်မှ အရက်မူးပြီး ညီအရင်းဖြစ်သူ သန်းထွဋ်ဝင်း(ခ)ဘထွဋ်(၂၈)နှစ်အား ဆဲဆိုကြိမ်းမောင်းနေသဖြင့် ညီအစ်ကို(၂)ဦးလုံးထွေးသတ်ပုတ်ကြစဉ် ၀င်းလှဦးမှ အနီးရှိစားပွဲပေါ်မှစတီးဓါးအား ကောက်ကိုင်စဉ် သန်းထွဋ်ဝင်း(ခ)ဘထွဋ်နှင့် ယှဉ်လုရာမှ ၀င်းလှဦး၏ယာနံရိုးတွင် ၁ လက်မခွဲခန့် ထိုးသွင်း ပေါက်ပြဲဒဏ်ရာရရှိကာ ၂၉-၄-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၀င်းလှဦး၏ဇနီး ဒေါ်နန္ဒာဝင်းမှ အရေးယူပေးရန် တိုင်တန်းသဖြင့် သန်းထွဋ်ဝင်း(ခ)ဘထွဋ်အား မြစ်ခြေရဲစခန်း(ပ)၃၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည် ,Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment