Pages

Tuesday, April 30, 2013

လုံခြုံရေးများ စတင်ရောက်ရှိလာသဖြင့် ဥက္ကံ မွတ်စလင်များအား အကြမ်းဖက်မှု ရပ်တန့်စပြုပာုဆို အကြမ်းဖက်နေစဉ် အတွင်း ဗုဒ္ဓဘာသာ ဆရာတော်များကသာ မေတ္တာရပ်ခံကာ အကြမ်းဖက်များကို ထိန်းသိမ်းနိင်ရန်ကြိုးပမ်း

ဥက္ကံ ဧပြီ ၃၀
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ရှိ အစ္စလာမ်ဘာသာဝင်များအား ၉၆၉ ဂိုဏ်းဝင်များနှင့် အကြမ်းဖက်သမားများ က
အကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်စတင်ပြုလုပ်ခဲ့ကြပြီး အဆိုပါ အဖျက်
လုပ်ငန်းကျုးလွန်သူများကိုရဲတပ်ဖွဲ့ဝင်များကတားဆီးခြင်းမရှိဘဲရွေည၀ါ ဆရာတော် နှင့် အခြားဆရာတော်
 အချို့ကသာလျှင် ကားဖြင့် မြို့အနှံ့လည့်လည်မေတ္တာရပ်ခံတားဆီးပေးနေကြောင်းသိရသည်။
"ရဲစခန်းက ရဲတွေက သူတို့စခန်းလုံခြုံရေး အတွက်ပဲ စောင့်နေကြတယ်။တခြားနေရာတွေကိုဘာမှ အကာ အကွယ်မပေးဘူး။ နာမည်ကြီး ဘုန်းကြီးတစ်ပါးကတော့ မြို့အနှံ့ကားနဲ့လှည့်ပြီးတော့ မလုပ်ကြဖို့ တားနေ
တယ်။တိုင်းပြည်နာမည်ပျက်တယ် မလုပ်ကြပါနဲ့ လုပ်ချင်ရင် ငါ့ပဲဓါးနဲ့ခုတ်လိုက်ကြပါလို့ ဆိုတဲ့ သဘောမျိုးကို ကျွန်တော့ မျက်စိရှေ့မှာအော်သွားတာပါ။အဲဒီ့ ဆရာတော်ကရွေည၀ါ ဆရာတော်လို့ပြောနေကြတယ် "ပာု ဥက္ကံမြို့ရှိ အစ္စလာမ်ဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

အကြမ်းဖက်သမားများသည် ရန်ကုန်-ပြည်လမ်း ပေါ်ရှိ လမ်းချိုးဗလီနှင့် ဈေးဗလီ နှင့် အစ္စလာမ်ဘာသာဝင်
များပိုင်နေအိမ်အချို့ က်ု ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းလည်း အထက်ပါဒေသခံက ပြောသည်။

အထက်ပါ အတိုင်းအကြမ်းဖက်မှုဖြစ်ပွား စေရန်အတွက်လှုံဆော်မှုတစ်ရပ်မှာယနေ့နံနက်ပိုင်းတွင် ဈေးအနီး
တွင် အသက် ၃၅ နှစ်ဝန်းကျင် အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးကြောင့် ကိုရင်ငယ်တစ်ပါး သ
ပိတ်ကွဲသွားသည်ပာူသော အကြောင်းတစ်ရပ်ကို ပုံကြီးချဲ့ကာလူ အများစတင်စုရုံးရာမှတဆင့် ယခုကဲ့သို့ အုံကြွှမှုဖြစ်ကာ အစ္စလာမ်ဘာသာဝင်များတိုက်ခိုက် ခံရခြင်းဖြစ်ကြောင်းလည်း ဒေသခံ အချို့ကပြောသည်။

ဗလီဝတ်ကျောင်းတော် ၂ လုံးကို ဒေသခံ အချို့က တံခါးများရိုက်ချိုးကာ အတွင်းပစ္စည်းများကို ၀င်ရောက်
ယူငင်ကာလမ်းမပေါ်တွင်ရိုက်ချိုးဖျက်ဆီးမှုကျုးလွန်ခဲ့ကြောင်းလည်းသိရသည်။ ယခု သတင်းရေးသားနေ
ချိန် ညနေ ၄း၀၀ နာရီအထိ အောင်ရတနာ ရပ်ကွက်နေ ပာာဂျီ ဦးမောင်ရွေ ပိုင်နေအိမ်နှင့် ဘုရင့်နောင်ရပ်
ကွက်နေ ကိုစိန်ဗေဒါ ပိုင်နေအိမ်တို့ကို ၉၆၉ ဂိုဏ်းဝင်များက ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းသိရသည်။အထက်
ပါ အိမ်များအပြင် အခြားအစ္စလာမ်ဘာသာဝင်အချို့၏နေအိမ်များဖျက်ဆီးခံရကြောင်းလည်းသိရသည်။

"လမ်းချိုးဗလီကို၂ ကြိမ်ဝင်ဖျက်တယ်။နေ့လည်၁ နာရီကျော်မှာတစ်ကြိမ် နေ့လည် ၂ နာရီခွဲဝန်းကျင်မှာတစ်
ကြိမ် လာဖျက်တယ်။ဗလီ ၂ လုံးက သိပ်လည်း မဝေးတော့ ပိာုဘက်ကူးလိုက်ဒီဘက်ကူးလိုက်နဲ့ ဖျက်ကြတာ
ပါ။လမ်းချိုးဗလီ အထဲက ဂျနာဇာစင်တွေ ပစ္စည်းတွေကို လမ်းပေါ်ဆွဲထုတ်ပြီး ဖျက်ဆီးတယ်။ ဂဲတွေနဲ့ပေါက်
တယ်။အမိုးတွေ တိုင်တွေကိုဖျက်တယ်"ပာုဒေသခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ်မီဒီ
ယာသို့ပြောသည်။

ဥက္ကံ မွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်မှု အရှိန်မြင့်နေချိန်တွင် လုံခြုံရေး များကအကာ အကွယ်ပေး
ခြင်းလုံးဝ မရှိဘဲ ယနေ့ ညနေ ၄း၀၀ ၀န်းကျင်အရောက်မှသာ လမ်းချိုးဗလီ ရှေ့သို့ ရဲနှင့်စစ်သား အချို့နေ
ရာယူကာ စောင့်ရှောက်နေကြောင်းသိရသည်။

ယခုကဲ့သို့ လုံခြုံရေး အချို့နေရာယူတပ်စွဲလိုက်ခြင်းကြောင့် အခြေအနေအရှိန်မြင့်တက်နေရာမှ ဖျက်ဆီးမှု
များရပ်တန့် စပြုနေကြောင်းအထက်ပါဒေသခံကပင် မြန်မာမွတ်စလင်မ်မီဒီယာသို့ ညနေ ၄း၀၀ နာရီ အချိန်
တွင်ပြောသည်။

ပိာန်းအောင်  
Myamar Muslim.Net , Rangonnewsdaily
RND:  :30.4.2013 

0 comments:

Post a Comment