Pages

Tuesday, April 30, 2013

မုံရွာမြို့သည် ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်သို့ ရောက်ရှိနေ

မုံရွာမြို့သည် ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်သို့ ရောက်ရှိနေ

၂၀၁၃ ဧပြီလ ၃၀ရက်နေ့တွင် မုံရွာမြို့၏ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှုသည် အဆင့် 12.2 ထိ ရောက်ရှိခဲ့ကြောင်း UV Awareness ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယနေ့နေ့လည် ၁၂နာရီတိတိတွင် ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့် ၁၂.၂ ထိ ရောက်ရှိခဲ့ကာ နေ့လည်(၁)နာရီတွင် ၁၀.၇၊ နေ့လည်(၂)နာရီတွင် ၇.၈ နှင့် ညနေ(၃)နာရီ နောက်ပိုင်းတွင် ၄.၆ သို့ ရောက်ရှိသွားခဲ့သည်။ မနက်ဖြန်တွင်လည်း နေ့လည် ၁၂နာရီတွင် ခရမ်းလွန်ရောင်ခြည် အဆင့် ၁၂.၆ သို့ ရောက်ရှိဦးမည်ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်သတ်မှတ်အဆင့် ၃ မှ ၅.၉ အတွင်းသည် သာမန်အဆင့်ဖြစ်ပြီး ၆ နှင့် ၇.၉ ကြားကိုမူ မြင့်မားအဆင့်၊ ၈ နှင့် ၁၀.၉ကြားကိုမူ ပိုမိုမြင့်မားအဆင့်နှင့် ၁၁ အထက်ရှိပါက လွန်ကဲအဆင့်ဟူ၍ သတ်မှတ်ထားသည်။ လူ့ခန္ဓာကိုယ်၏ အများဆုံး ခံနိုင်ရည်မှာ ခရမ်းလွန်ရောင်ခြည်အဆင့် (၈) အထိသာရှိသောကြောင့် ယခုမုံရွာမြို့တွင် ဖြစ်ပေါ်နေသော ခရမ်းလွန်ရောင်ခြည်သည် လူ၏ခံနိုင်ရည်ထက် များစွာကျော်လွန်နေပြီ ဖြစ်သည်။

လွန်ကဲသော ခရမ်းလွန်ရောင်ခြည်သည် လူ့အရေပြားနှင့်ထိတွေ့ပါက အရေပြားကင်ဆာဖြစ်နိုင်ပြီး လူ့မျက်လုံးနှင့် တိုက်ရိုက် ထိတွေ့ပါက မျက်လုံးကင်ဆာ ဖြစ်စေနိုင်သည်။ ထို့ကြောင်း တတ်နိုင်သမျှ နေအပူထဲတွင် သွားလာခြင်းမှ ရှောင်ရှားကြရန်နှင့် နေပူထဲတွင် သွားလာရပါက အရေပြားနှင့် နေရောင်ခြည်မထိတွေ့နိုင်အောင် အကျီလက်ရှည်များဝတ်ဆင်ခြင်း၊ ခမောက်ဦးထုပ်ဆောင်းခြင်း၊ မျက်မှန်တပ်ခြင်းတို့ကို မလွဲမသွေ ပြုလုပ်သင့်သည်ဟု ပညာရှင်များက ရေးသားဖော်ပြလျက်ရှိနေသည်။ ပုံတွင် မုံရွာမြို့၏ တစ်ပတ်စာ ခရမ်းလွန်ရောင်ခြည်အဆင့်ကို ဖော်ပြထားပြီး လာမည့် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့များအတွက်ပါ ဖော်ပြထားသည်။

၂၀၁၃ ဧပြီလ ၃၀ရက်နေ့တွင် မုံရွာမြို့၏ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှုသည် အဆင့် 12.2 ထိ ရောက်ရှိခဲ့
ကြောင်းUV Awareness၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။ယနေ့နေ့လည်၁၂နာရီတိတိတွင်ခရမ်းလွန်ရောင်
ခြည်လွန်ကဲအဆင့် ၁၂.၂ ထိ ရောက်ရှိခဲ့ကာ နေ့လည်(၁)နာရီတွင် ၁၀.၇၊ နေ့လည်(၂)နာရီတွင် ၇.၈ နှင့် 
ညနေ(၃)နာရီ နောက်ပိုင်းတွင် ၄.၆ သို့ ရောက်ရှိသွားခဲ့သည်။
မနက်ဖြန်တွင်လည်း နေ့လည် ၁၂နာရီတွင် ခရမ်းလွန်ရောင်ခြည် အဆင့်၁၂.၆သို့ ရောက်ရှိဦးမည်ဖြစ်သည်။


ခရမ်းလွန်ရောင်ခြည်သတ်မှတ်အဆင့်၃မှ၅.၉အတွင်းသည်သာမန်အဆင့်ဖြစ်ပြီး၆နှင့်၇.၉ ကြားကိုမူ မြင့်မား
အဆင့်၊၈နှင့်၁၀.၉ကြားကိုမူပိုမိုမြင့်မားအဆင့်နှင့်၁၁အထက်ရှိပါကလွန်ကဲအဆင့်ဟူ၍ သတ်မှတ်ထားသည်။ လူ့ခန္ဓာကိုယ်၏အများဆုံးခံနိုင်ရည်မှာခရမ်းလွန်ရောင်ခြည်အဆင့်(၈)အထိသာရှိသောကြောင့် ယခုမုံရွာမြို့
တွင် ဖြစ်ပေါ်နေသော ခရမ်းလွန်ရောင်ခြည်သည် လူ၏ခံနိုင်ရည်ထက် များစွာကျော်လွန်နေပြီ ဖြစ်သည်။

လွန်ကဲသောခရမ်းလွန်ရောင်ခြည်သည်လူ့အရေပြားနှင့်ထိတွေ့ပါကအရေပြားကင်ဆာဖြစ်နိုင်ပြီး လူ့မျက်
လုံးနှင့် တိုက်ရိုက် ထိတွေ့ပါက မျက်လုံးကင်ဆာ ဖြစ်စေနိုင်သည်။ 
 
ထို့ကြောင်း တတ်နိုင်သမျှ နေအပူထဲတွင် သွားလာခြင်းမှ ရှောင်ရှားကြရန်နှင့် နေပူထဲတွင် သွားလာရပါက အရေပြားနှင့်နေရောင်ခြည်မထိတွေ့နိုင်အောင်အကျီလက်ရှည်များဝတ်ဆင်ခြင်း၊ခမောက်ဦးထုပ်ဆောင်း
ခြင်း၊မျက်မှန်တပ်ခြင်းတို့ကိုမလွဲမသွေပြုလုပ်သင့်သည်ဟု ပညာရှင်များ ရေးသားဖော်ပြလျက်ရှိနေသည်။ 
 
ပုံတွင် မုံရွာမြို့၏ တစ်ပတ်စာ ခရမ်းလွန်ရောင်ခြည်အဆင့်ကို ဖော်ပြထားပြီး လာမည့် ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့များအတွက်ပါ ဖော်ပြထားသည်။
  
ThanLarWaddy Times , Rangonnewsdaily
RND:  :30.4.2013
 

0 comments:

Post a Comment