Pages

Friday, February 1, 2013

KIA နဲ့ ABSDF အဖွဲ့အစည်းတွေကို မီဒီယာတွေနဲ့ ရန်တိုက်ပေးနေပြီ " မီဒီယာများသတိရှိကြပါ"

Media War များ သတိထားကြပါ
မိုးဇေညိမ်း

မနေ့ကနဲ့ ဒီနေ့မှာ ဖေ့စ်ဘုတ်ပေါ်မှာ အကြောင်းအရာတူ၊ ပုံစံကွဲသတင်းတချို့ Share လာကြတာကို သတိထားမိပါတယ်။ အဲတာတွေကတော့ KIA က စခန်းတွေကို လက်လွှတ်ရတာဟာ ABSDF ထဲမှာ သတင်းပေးတွေရှိတယ်လို့ KIA က အရာရှိ တစ်ယောက်က စွပ်စွဲတယ်ဆိုတဲ့ သတင်း၊ သတင်းဌာနတွေဟာ KIA မှာ သတင်းယူသလိုလိုနဲ့ အစိုးရကို စစ်စခန်းတွေရဲ့ မြေပုံတွေ၊ တပ်တည်နေရာတွေကို ပြန်ရောင်းစားတယ်ဆိုတဲ့ သတင်း၊ သတင်းဌာနနဲ့ ABSDF ကလူတွေက ရိုက်ကူး တင်ပြတဲ့ သတင်းတွေထဲမှာပါတဲ့ ပုံတွေက  စစ်ဆင်ရေးအတွက် အထောက်အကူအများကြီးပြုခဲ့တယ်ဆိုတဲ့ သတင်းတွေပါပဲ။ အစကတော့ ဒီကိစ္စကို ကျွန်တော် ရှည်ရှည်ရေးမလို့ပါပဲ။ ဒါပေမဲ့ အချိန်မရတာကြောင့် ခပ်တိုတိုပဲ ရေးပါတော့တယ်။

(၁) အဲဒီသတင်းတွေကို ရေးတဲ့သူတွေနဲ့ပတ်သတ်ပြီး ယုံကြည်နိုင်လောက်တဲ့ Credit မတွေ့ရပါဘူး။ တစ်ပုဒ်မှာဆိုရင် သားကောင်းစစ်သည် ဆိုတာက ရေးပါတယ်။ နာမည်ကို ကြည့်တာနဲ့ ဘယ်လိုလူဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။ တစ်ပုဒ်ကိုတော့ သံလွင်ဘလော့ကနေ ဖေ့စ်ဘုတ် Page တွေက ကူးတာကိုတွေ့ရပါတယ်။ သံလွင်ဘလော့ကို ဘယ်သူလုပ်ပါသလဲ။ ကျွန်တော်တော့ မသိပါဘူး။ သို့ပေမဲ့ သံလွင်ဘလော့ကို လုပ်တဲ့သူတွေဟာ စစ်တပ်နဲ့ နှီးနွယ်ပတ်သတ်နေတဲ့ သူတွေဖြစ်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ တင်ထားတဲ့ပို့စ်တွေ၊ အသုံးအနှုန်းတွေအရ ခန့်မှန်းတာပါ။ သံလွင်ဘလော့နဲ့ချိတ်ပြီး သူဆီက ကိုယ်ကူးသလို၊ ကိုယ့်ဆီက သူကူးသလိုလို Credit တွေပေးပြီး မျက်စိလည်အောင်လုပ်နေတဲ့ Facebook Page တချို့ကိုလည်းတွေ့ရပါတယ်။

(၂) KIA က အရာရှိက ABSDF ထဲမှာ သူလျှိုတွေရှိကြောင်း စွပ်စွဲတယ်ဆိုပြီး ရေးတာကို တွေ့ရပါတယ်။ သူလျှိုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေအတွက် ဘယ်လောက်ကြောက်စရာ ကောင်းတယ်ဆိုတာ သာမာန်လူတွေတောင် သိကြပါတယ်။ ရန်သူ့သူလျှိုဆိုတာသေချာတဲ့ အထောက်အထားရှိရင် သေဒဏ်တောင်ပေးလို့ရပါတယ်။ အဲလို စွပ်စွဲချက်မျိုးကို KIA က အရာရှိက ခေါက်ဆွဲလေးစားပြီး ပြောပြတယ်ဆိုတာက နည်းနည်းတော့ ၀တ္တုဆန်နေသလိုပါပဲ။ KIA နဲ့ ABSDF အကြားမှာ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတယ်လို့ပဲ ကျွန်တော်ကယူဆမိပါတယ်။

(၃) နောက်သတိထားမိတဲ့ သတင်းတစ်ပုဒ်ကတော့ “လိုင်ဇာရောက် ပြည်တွင်းပြည်ပ Media များ၏ တင်ပြချက်များသည် တိုက်ပွဲများအတွက် အထောက်အကူများစွာ ရရှိခဲ့ကြောင်း မြန်မာ့တပ်မတော်အရာရှိတစ်ဦးမှ ပြောဆို” တဲ့။ KIA နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ကာလတွေမှာ တပ်မတော်ဘက်က တာဝန်ရှိသူတွေနဲ့ အင်တာဗျူးတာ၊ သတင်းပေးတာ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ခုမှ ချက်ချင်းလက်ငင်းကြီး ကချင်ပြည်နယ်၊ ရှေ့တန်း
စစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသောအရာရှိနဲ့ အဆက်အသွယ်ရပြီး သတင်းဖြစ်လာတယ်ဆိုတော့ စဉ်းစားစရာပါပဲ။ နောက်ထပ်ပြောစရာတစ်ခုက မီဒီယာတွေက ပုံတွေက အထောက်အကူပြုခဲ့တယ် (သို့မဟုတ်) မီဒီယာတွေက တစ်ဖက်လှည့်နဲ့ စစ်တပ်ကို ပံ့ပိုးပေးခဲ့တယ်ဆိုရင်တောင် ထုတ်ပြောပိုင်ခွင့်မရှိပါဘူး။ သတင်းပေးတစ်ယောက်ရဲ့ လုံခြုံရေးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ စစ်ဖက်တာဝန် ထမ်းဆောင်နေသူတိုင်း သိကြ၊ နားလည်ကြပါတယ်။ ကျွန်တော့်ယူဆချက်ကတော့ KIA နဲ့ မီဒီယာတွေအကြားမှာ သွေးထိုးလှုံ့ဆော်နေပါပြီ။

(၄) ဒုတိယကမ္ဘာစစ်တုန်းတုန်းက မောင့်ဂိုမာရီရဲ့ စစ်ဆင်ရေးစီမံချက်အရ မဟာမိတ်တပ်ဖွဲ့၊တင့်ကားတပ်တွေရဲ့ တည်နေရာပြ မြေပုံအတုတစ်ခုကို သံချပ်ကားတစ်စီးပေါ်က အရာရှိတစ်ယောက်ရဲ့ အလောင်းမှာ တမင်ချန်ရစ်ထားခဲ့ပါတယ်။ အဲဒီ့ မြေပုံကို ယုံစားမိလို့ စစ်နည်းဗျူဟာမှာ အင်မတန်တော်တဲ့ ဗိုလ်ချုပ်ကြီးရွန်းမဲ စစ်ရှုံးခဲ့ရပါတယ်။ မဟာမိတ်တွေရဲ့ D-Day ကမ်းတက်တိုက်ပွဲမတိုင်ခင်မှာလည်း မြေပုံအတုနဲ့ ရေတပ်ဗိုလ်မှူးအတု အလောင်းတစ်ခုကို အသုံးချပြီး ဂျာမာန်တပ်တွေကို လှည့်စားခဲ့ပါတယ်။ အဲဒီ့ လှည့်စားမှုကို ဂျာမန်တွေက အဟုတ်ထင်မိလို့ နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ တက်သိမ်းနိုင်ပြီး ဥရောပတစ်တိုက်လုံး အောင်မြေချဲ့နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးသဘောတရားတွေမှာ လှည့်စားမှုတွေ အများကြီးပါဝင်ပါတယ်။ အဲဒီ့ လှည့်စားမှုတွေကို အဟုတ်ထင်ပြီး တွေ့သမျှသတင်းတွေကို အကုန် Share နေမယ်ဆိုရင်တော့ စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတဲ့သူတွေရဲ့ လက်ကိုင်တုတ်ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။ ဖေ့စ်ဘုတ်ပေါ်မှာ သူငယ်ချင်းများ သတိကြီးစွာ၊ ဆင်ခြင်ညဏ်ရှိရှိနဲ့ သတင်းတွေကို သုံးသပ်ပါလို့ အကြံပြုပါရစေ။

မနေ့ကနဲ့ ဒီနေ့မှာ ဖေ့စ်ဘုတ်ပေါ်မှာ အကြောင်းအရာတူ၊ ပုံစံကွဲသတင်းတချို့ Shareလာကြတာကိုသတိထား
မိပါတယ်။ အဲတာတွေကတော့ KIA က စခန်းတွေကို လက်လွှတ်ရတာဟာ ABSDF ထဲမှာသတင်းပေးတွေရှိ
တယ်လို့ KIA က အရာရှိ တစ်ယောက်က စွပ်စွဲတယ်ဆိုတဲ့ သတင်း၊ သတင်းဌာနတွေဟာ KIA မှာ သတင်း
ယူသလိုလိုနဲ့ အစိုးရကိုစစ်စခန်းတွေရဲ့ မြေပုံတွေ၊တပ်တည်နေရာတွေကို ပြန်ရောင်းစားတယ်ဆိုတဲ့ သတင်း
၊ သတင်းဌာနနဲ့ ABSDF ကလူတွေက ရိုက်ကူး တင်ပြတဲ့ သတင်းတွေထဲမှာပါတဲ့ ပုံတွေက စစ်ဆင်ရေးအ
တွက်အထောက်အကူအများကြီးပြုခဲ့တယ်ဆိုတဲ့သတင်းတွေပါပဲ။အစကတော့ ဒီကိစ္စကို ကျွန်တော် ရှည်ရှည်
ရေးမလို့ပါပဲ။ ဒါပေမဲ့ အချိန်မရတာကြောင့် ခပ်တိုတိုပဲ ရေးပါတော့တယ်။
(၁) အဲဒီသတင်းတွေကို ရေးတဲ့သူတွေနဲ့ပတ်သတ်ပြီး ယုံကြည်နိုင်လောက်တဲ့ Credit မတွေ့ရပါဘူး။ တစ်ပုဒ်
မှာဆိုရင် သားကောင်းစစ်သည် ဆိုတာက ရေးပါတယ်။ နာမည်ကို ကြည့်တာနဲ့ ဘယ်လိုလူဆိုတာ ပြောစရာ
လိုမယ်မထင်ပါဘူး။ တစ်ပုဒ်ကိုတော့ သံလွင်ဘလော့ကနေ ဖေ့စ်ဘုတ် Page တွေက ကူးတာကိုတွေ့ရပါ
တယ်။ သံလွင်ဘလော့ကို ဘယ်သူလုပ်ပါသလဲ။ 

ကျွန်တော်တော့ မသိပါဘူး။ သို့ပေမဲ့ သံလွင်ဘလော့ကို လုပ်တဲ့သူတွေဟာ စစ်တပ်နဲ့ နှီးနွယ်ပတ်သတ်နေ
တဲ့ သူတွေဖြစ်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ တင်ထားတဲ့ပို့စ်တွေ၊ အသုံးအနှုန်းတွေအရ ခန့်မှန်းတာပါ။ သံလွင်ဘလော့နဲ့ချိတ်ပြီး သူဆီကကိုယ်ကူးသလို၊ကိုယ့်ဆီကသူကူးသလိုလို Credit တွေပေးပြီး မျက်စိလည်
အောင်လုပ်နေတဲ့ Facebook Page တချို့ကိုလည်းတွေ့ရပါတယ်။

(၂) KIA က အရာရှိက ABSDF ထဲမှာ သူလျှိုတွေရှိကြောင်း စွပ်စွဲတယ်ဆိုပြီး ရေးတာကို တွေ့ရပါတယ်။ သူ

လျှိုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဟာစစ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေအတွက်ဘယ်လောက်ကြောက်စရာ ကောင်း
တယ်ဆိုတာ သာမာန်လူတွေတောင် သိကြပါတယ်။ ရန်သူ့သူလျှိုဆိုတာသေချာတဲ့ အထောက်အထားရှိရင်
 သေဒဏ်တောင်ပေးလို့ရပါတယ်။ အဲလို စွပ်စွဲချက်မျိုးကို KIA က အရာရှိက ခေါက်ဆွဲလေးစားပြီး ပြောပြ
တယ်ဆိုတာက နည်းနည်းတော့ ၀တ္တုဆန်နေသလိုပါပဲ။ KIA နဲ့ ABSDF အကြားမှာ ပဋိပက္ခဖြစ်အောင် လှုံ့
ဆော်နေတယ်လို့ပဲ ကျွန်တော်ကယူဆမိပါတယ်။

(၃) နောက်သတိထားမိတဲ့ သတင်းတစ်ပုဒ်ကတော့ “လိုင်ဇာရောက် ပြည်တွင်းပြည်ပ Media များ၏ တင်ပြ

ချက်များသည် တိုက်ပွဲများအတွက် အထောက်အကူများစွာ ရရှိခဲ့ကြောင်း မြန်မာ့တပ်မတော်အရာရှိတစ်ဦး
မှ ပြောဆို” တဲ့။ KIA နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ကာလတွေမှာ တပ်မတော်ဘက်က တာဝန်ရှိသူတွေနဲ့ အင်တာ
ဗျူးတာ၊ သတင်းပေးတာ တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ 

ခုမှ ချက်ချင်းလက်ငင်းကြီး ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသောအရာရှိ
နဲ့ အဆက်အသွယ်ရပြီး သတင်းဖြစ်လာတယ်ဆိုတော့ စဉ်းစားစရာပါပဲ။ နောက်ထပ်ပြောစရာတစ်ခုက မီဒီ
ယာတွေက ပုံတွေက အထောက်အကူပြုခဲ့တယ် (သို့မဟုတ်)မီဒီယာတွေက တစ်ဖက်လှည့်နဲ့ စစ်တပ်ကို ပံ့ပိုး
ပေးခဲ့တယ်ဆိုရင်တောင် ထုတ်ပြောပိုင်ခွင့်မရှိပါဘူး။ သတင်းပေးတစ်ယောက်ရဲ့လုံခြုံရေးဟာ ဘယ်လောက်
အရေးကြီးတယ်ဆိုတာ စစ်ဖက်တာဝန် ထမ်းဆောင်နေသူတိုင်း သိကြ၊ နားလည်ကြပါတယ်။ ကျွန်တော့်ယူ
ဆချက်ကတော့ KIA နဲ့ မီဒီယာတွေအကြားမှာ သွေးထိုးလှုံ့ဆော်နေပါပြီ။

(၄) ဒုတိယကမ္ဘာစစ်တုန်းတုန်းက မောင့်ဂိုမာရီရဲ့ စစ်ဆင်ရေးစီမံချက်အရ မဟာမိတ်တပ်ဖွဲ့၊တင့်ကားတပ်

တွေရဲ့ တည်နေရာပြ မြေပုံအတုတစ်ခုကို သံချပ်ကားတစ်စီးပေါ်က အရာရှိတစ်ယောက်ရဲ့ အလောင်းမှာ တ
မင်ချန်ရစ်ထားခဲ့ပါတယ်။ အဲဒီ့ မြေပုံကို ယုံစားမိလို့ စစ်နည်းဗျူဟာမှာ အင်မတန်တော်တဲ့ ဗိုလ်ချုပ်ကြီးရွန်း
မဲ စစ်ရှုံးခဲ့ရပါတယ်။မဟာမိတ်တွေရဲ့ D-Dayကမ်းတက်တိုက်ပွဲမတိုင်ခင်မှာလည်း မြေပုံအတုနဲ့ ရေတပ်ဗိုလ်
မှူးအတု အလောင်းတစ်ခုကို အသုံးချပြီး ဂျာမာန်တပ်တွေကို လှည့်စားခဲ့ပါတယ်။ အဲဒီ့ လှည့်စားမှုကို ဂျာမန်
တွေက အဟုတ်ထင်မိလို့ နော်မန်ဒီကမ်းခြေကို မဟာမိတ်တပ်တွေ တက်သိမ်းနိုင်ပြီး ဥရောပတစ်တိုက်လုံး
 အောင်မြေချဲ့နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးသဘောတရားတွေမှာ လှည့်စားမှုတွေ အများကြီးပါဝင်ပါတယ်။ အဲဒီ့ လှည့်စားမှုတွေကို အဟုတ်

ထင်ပြီး တွေ့သမျှသတင်းတွေကို အကုန် Share နေမယ်ဆိုရင်တော့ စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေးလုပ်
နေတဲ့သူတွေရဲ့ လက်ကိုင်တုတ်ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။ ဖေ့စ်ဘုတ်ပေါ်မှာသူငယ်ချင်းများသတိကြီး
စွာ၊ ဆင်ခြင်ညဏ်ရှိရှိနဲ့ သတင်းတွေကို သုံးသပ်ပါလို့ အကြံပြုပါရစေ။


မိုးဇေညိမ်း

0 comments:

Post a Comment