Pages

Friday, February 1, 2013

စာမေးပွဲရက်မှာ မီးလာပါစေ


အဖြူနှင့်အစိမ်း တင့်တယ်လှသော ၀တ်စုံလေးများဖြင့် စာအုပ်ကလေးများဖွင့်ကာ လမ်းသွားရင်းစာကျက်၊ စာဖတ်နေသော တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူလေးများကို နေ
့စဉ်နှင့်အမျှ တွေ့နေရပါသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအတွက် အသင့်ပြင်ဆင်နေကြသည်။
ပြန်လှန်လေ့ကျင့်ခန်းများ သုံး၊ လေးခေါက် ပြန်ဖြေပြီးသော ဂုဏ်ထူးမှန်း ကျောင်းသားများရှိသလို စာမေးပွဲကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ရုံသာ ကြိုးစားနေကြသော ကျောင်းသားများလည်းရှိသည်။ ညဘက်ဂိုက်၊ စာသင်ဝိုင်း အစရှိသည်တို့ဖြင့် အနီးကပ် ကျက်မှတ်နေသော ကျောင်းသားများကလည်း တစ်ပုံတစ်ပင်။

အဲသည်လို နတ်ကြီးလှသည်ဆိုသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးအတွက် မိဘများကလည်း သားသမီးတို့အတွက် ကံ၊ ဉာဏ်၊ ၀ီရိယ၊ သုံးမျိုးပေါင်းစပ်နိုင်ရန် ကံအတွက် အဓိဋ္ဌာန်ဝင်ကာ ဆုတောင်းနေခြင်း၊ ဗေဒင်လက္ခဏာ ယုံစားသူတို့ကလည်း ဓာတ်ရိုက်ဓာတ်ဆင်များ ပြုလုပ်ခြင်းနှင့် ယတြာချေခြင်းတို့ကို ယခုလိုအချိန်မှစ၍ ပြုလုပ်နေကြပြီဖြစ်သည်။ သားသမီးများကိုလည်း ဉာဏ်နှင့်ဝီရိယတို့အတွက် ကောင်းပါပေ့၊ ညွှတ်ပါပေ့ဆိုတဲ့ ဆရာသမားများ၊ ဘော်ဒါဆောင်များ၊ စာကျက်ဝိုင်းများတွင် အနီးကပ်သင်ယူနေစေသည်။ ငွေကြေးမတတ်နိုင်သော ကျောင်းသားများသည်ပင် မိမိတို့၏ အစ်ကို၊ အစ်မတို့က ဂိုက်လုပ်ပေးနေကြသလို ကိုယ်ထူကိုယ်ထ လေ့လာနေကြသူတွေလည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူ အပေါင်းကတော့ တစ်မျိုးစီ အစွမ်းကုန်ကြိုးစားနေကြပြီ ဖြစ်သည်။

ထိုသို့ စာမေးပွဲကြီး နီးလာသည်နှင့်အမျှ အစွမ်းကုန်ကြိုးစားနေကြသလို စိုးရိမ်ခြင်းများကလည်း မိဘနှင့်ကျောင်းသားတို့၏စိတ်တွင် ဖြစ်ပေါ်လာသည်။ သည်လိုအရေးကြီးလှသည့် အနီးကပ်အချိန်များကို ရောက်လာလျှင် ဖြစ်ပေါ်လာသည့် ကိစ္စကြီးကို တွေးမြင်ကာ စိုးရိမ်နေသည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသားထုအတွက် ဘ၀တစ်ဆစ်ချိုးဟု ခေါ်ဆိုနိုင်သည့် ဤစာမေးပွဲကြီးနီးလာတိုင်း မီးပျက်တတ်သည့်ကိစ္စကြီးကို စိုးရိမ်နေကြသည်။ မည်သို့သော အချိန်မျိုးမှာပင် မီးမှန်တတ်ပေမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးနီးလာတိုင်း မီးပျက်တတ်ခြင်း၊ စာမေးပွဲရက်အတွင်း မီးပျက်ခြင်းတို့က မတွက်ချက်ဘဲ အတတ်ပြောနိုင်သော ကိစ္စတစ်ခုဖြစ်နေသည်။

ချို့တဲ့သော ကျောင်းသားမိသားစု အတော်များများကလည်း ဒီကိစ္စကြီးအတွက် ရင်လေးနေကြသည်။ ဟိုးအ
ရင်နှစ်များကလို မီးပျက်ခြင်း သိပ်မရှိတော့သော်လည်း စာမေးပွဲကြီးနီးလာသည့် ယခုလိုအချိန်ကာလမှပင် မီးပျက်လိုက်၊ လာလိုက် ဖြစ်လာသည့်အတွက် စာမေးပွဲရက်အတွက် ထုံးတမ်းအစဉ်အလာအတိုင်း မီးပျက်
မည်ကို နယ်မြို့များတွင်အတော်စိတ်ပူနေကြသည်။တစ်ချိန်သောကာလကစာမေးပွဲမဖြေမီ ရက်အတွင်းနှင့်
 ဖြေဆိုနေချိန်ရက်အတွင်း မီးပျက်ခြင်းတို့ကြောင့် ကျောင်းသားမိဘများနှင့် ကျောင်းသားများ စိတ်ကသိ
ကအောက် ဖြစ်ခဲ့ကြရသည်။

မီးမလာ၍ ထုံးစံအတိုင်း ဖယောင်းတိုင်ဝယ် စာကျက်ရာမှ ရက်ပေါင်းများစွာ ကြာလာ၍ မျက်စိများအားနည်း

လာကာ အဓိကစာမေးပွဲရက်တွင် မဖြေဆိုနိုင်ဘဲ နစ်နာသွားသော ကျောင်းသားများရှိသလို မိဘငွေကြေး မပြည့်စုံ၍ ဖယောင်းတိုင်ပင် မ၀ယ်နိုင်သော ကျောင်းသားလည်း ကျေးလက်ဒေသများတွင် တစ်ပုံတစ်ပင်
ရှိနေသည်။ ထိုသို့ စာမေးပွဲရက်အတွင်း မီးမလာ၍ ဖယောင်းတိုင်ဝယ်ယူမည်ဆိုသော်လည်း ပွဲလန့်တုန်းဖျာ
ခင်းသော ကုန်စုံဆိုင်ပိုင်ရှင်အပေါင်းတို့ကလည်း ဖယောင်းတိုင်တစ်ထုပ်ကို မူလဈေးမှ နှစ်ဆလောက်တိုး
ပြီး ရောင်းချသည်။ ထိုမျှမက ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ကလည်း ဘော်ဒါဆောင်ဈေးကွက်အတွက်မှန်းကာ နှစ်
ဆတိုး၍ ရောင်းချပြန်သည်။ သည်တော့ ချို့တဲ့သော ကျောင်းသားများဆိုလျှင် ငွေကြေးတတ်နိုင်သော သူ
ငယ်ချင်းများအိမ်သို့ သွားကျက်ကြသလို ဖယောင်းတိုင်အကြွေးဝယ်ကာ မျက်နှာငယ်စွာ ကြိုးစားနေကြရ
သည်။

ထို့ကြောင့် မီးပျက်မည်ကို အကြောက်ကြီး ကြောက်နေကြသည်။ မီးပျက်ခြင်းကြောင့် မိမိတို့၏သားသမီးများ တစ်ခုခုတိမ်းစောင်း ချွတ်ချော်သွားမည်ကို မိဘအပေါင်းက စိုးရိမ်နေကြသည်။ မပြည့်စုံသော မိဘများဆို

လျှင်ဖြင့် သားသမီးများကို တစ်နှစ်တည်း စိတ်မညစ်ရဘဲ အောင်မြင်စေချင်သည်။

ငွေနှင့်ဆက်ထားရသည်ဟု ဆိုနိုင်သည့် ယခုလို ပညာခေတ်ကြီးထဲတွင် အောက်ခြေလူတန်းစား မိဘများ

ကတော့ သားသမီးတို့အတွက် နောက်တစ်နှစ်ဆိုသည့်ကာလကို ပြန်ထားရန် မဖြစ်နိုင်ခြင်းကြောင့် တစ်နှစ်
တည်း အေးအေးချမ်းချမ်းဖြင့် အောင်မြင်သွားစေချင်သည်။ ထို့ကြောင့် တစ်နှစ်တာကြိုးစားခဲ့ပြီး ပန်းတိုင်
ရောက်မှ မီးပျက်သည့်ကိစ္စတစ်ခုကြောင့် ချွတ်ချော်သွားမည်ကို အောက်ခြေလူတန်းစားမိဘများ အင်မတန်
ပူပန်နေကြရသည်။

တစ်လောက ဈေးသည်နှစ်ဦး ပြောနေသံကို ကြားမိလိုက်သည်။ လမ်းလျှောက်ထွက်လာရာမှ ကြားလိုက်

ရသော ထိုအသံကြောင့် ကျွန်တော်ခဏရပ်ပြီး နားထောင်မိသည်။ မကျေနပ်ချက်တို့ကို ဖွင့်ဟနေသည်။ ညကမီးမလာ၍ သားသမီးလေးတွေ စာကျက်ရတာ အဆင်မပြေကြောင်း၊ မနက်ကျောင်းသွားတော့လည်း ထမင်းချိုင့်ပင် ထည့်မပေးလိုက်ရကြောင်း၊ ပိုက်ဆံမရှိ၍ ဖုန့်ဖိုးပင်မပေးလိုက်ရကြောင်းပြောကာ ဈေးသည်
တစ်ဦးက “တို့မှာသာ မီးမလာတာ၊ ဟိုသင်္ချိုင်းကုန်းမှာတော့ မီးတွေကို ထိန်ထိန်လင်းနေတာပဲတဲ့”ဟု
 ပြောနေကြသည်။

သားသမီးတို့အတွက် မခံစားနိုင်၍ ထွက်ကျလာသော စကားများဖြစ်သည်။ “သင်္ချိုင်းကုန်း”လို့ နှိုင်း
သည့်နေ

ရာမှာလည်း ဘယ်နေရာ၊ ဘယ်ဒေသကို ပြောသည်တော့ကျွန်တော် မသိပါ။သို့ပေမဲ့ ရိုးသားပွင့်လင်းစွာ ရင်
ဖွင့်ခြင်းကိုတော့ နားလည်မိပါသည်။ ထို့ကြောင့် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲရက်အတွင်းမှာလည်း မီးပျက်မည်ကို တွေးကြောက်နေကြသည်။ ထို့အတူ ဖယောင်းတိုင်နှင့် ဓာတ်ဆီများ ကြိုဝယ်ထားသော မိဘ
များလည်း ရှိကောင်းရှိနိုင်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ ကျောင်းသားရာခိုင်နှုန်းအများစုသည် အောက်ခြေကျေးလက်လူတန်းစားများဖြစ်၍ စာမေး
ပွဲကာလအတွင်း မီးလင်းရေးကို လိုလားတောင့်တနေကြပါသည်။ တက္ကသိုလ်ဝင်တန်းသည် ကျောင်း

သားများနှင့် မိဘများအတွက်သာမဟုတ်ဘဲ နိုင်ငံတော်အတွက် အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များ မွေး
ထုတ်ပေးနေသော အတန်းကြီးလည်းဖြစ်သည်။ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ရန် အဓိကအချက်မှာ ပညာရည်
မင့်မားကြဖို့ ဖြစ်သည်။ ပညာမြင့်မှသာ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူထောင်နိုင်ပါမည်။

ထို့ကြောင့် နိုင်ငံတော်သစ်ဆီသို့ ဦးတည်ရင်း အနာဂတ်လူငယ်လေးများ၏ ဘ၀လှပစေရန်အလို့ငှာ ဟိုး.. မနှစ်၊ မနှစ်တွေနှင့် မတူစေလိုဘဲ မီးလင်းဖို့ရန်ဆန္ဒမှာ ပြည်သူ၊ ပြည်သားအပေါင်းစိတ်ဝယ် ပြည့်နှက်လျက် ရှိပါတော့သည်။ ။



ရးသားသူ- ရဲသူရ(ပုတီးကုန်း)
7days News: 

0 comments:

Post a Comment