Pages

Friday, February 1, 2013

မန်းလေးမြို့ စာပေဟောပြောပွဲတွင် ကိုဂျင်မီ ရွတ်ဆိုသွားသည့်ကဗျာ " အိုဗာဆရာဖေ့ စတိုင်”(အချုပ်တန်းဆရာဖေ စတိုင်) " ကဗျာ

မန်းလေးမြို့ စာပေဟောပြောပွဲတွင် ကိုဂျင်မီ ရွတ်ဆိုသွားသည့်ကဗျာ 
”အိုဗာဆရာဖေ့ စတိုင်”(အချုပ်တန်းဆရာဖေ စတိုင်)
ဖြူမှောင်ပိတ်မှိုင်း၊ တွင်တွင်ရိုင်းသည်
ခေတ်နှိုင်းပုံပြ၊ ဆိုရပါလျှင်
ဟိုးရင်ခါက တံခိုးရှင်မြန်မာဗျ
(အခုတော့လည်းကမ္ဘာ့အလည်မှာ)
သူခိုးထင်စရာ……ပ
ဝေဟင်ခရီး၊ လေယာဉ်စီးလျှင်
လက်မထုတ်နဲ့ နာရီပြောင်မယ်
အဲဒါ…..အဲဒါမြန်မာ…တို့ဂုဏ်……ရောင်။
# မခံချင်ဘူး….မခံချင်ဘူး လုံးဝမခံချင်ဘူး
ငြင်းမယ်လို့ ဟန်ပြင်လိုက်တိုင်း
ကျုပ်တို့ပလ္လင် ကျုပ်တို့ကျငန်းက
မင်းကြီးနဲ့ မတ်ရာ
ခရိုနီ အပေါင်းအပါတို့
အင်္ကျင်္ီ အ၀တ်အစား၊ အသစ် အသစ်တွေနဲ့
တိုက်တာခြံကား၊ အသစ် အသစ်တွေနဲ့
သားရယ်မယား၊ အသစ် အသစ်တွေနဲ့
အတွေးအခေါ်ကလွဲ
အားလုံးအသစ်သစ်တွေနဲ့
ပြည်တော်ကြီးသာနေကြပေါ့
(တို့်ပြည်သူလူအများမှာဖြင့်
မူးရှုစရာအဿပြာရှားပါးလို့
သဘောက်သာသာ အစေခံအလားရယ်ပ
တိုင်းစွန့် ပြည် ………….ခွါ)
# မြန်မာမှာ ခွန်အားရှိသော်
မဟုတ်မမှန်ရင် ငုံ့မခံစိတ်ရှိတယ်
အင်္ဂလိပ်ကိုကျွန်မခံ
ဖက်ဆစ်ကိုတော်လှန်
အမျိုးထိမချိအောင်နာသူတွေ
ဘာတဲ့ အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်ချစ်သတဲ့
လူမဆန်ပုံပန်းမကျပေမယ့်
ယုံတန်းစကား အဖြစ်လက်ခံသူတွေ
အမျိုးတူကျွန်ပြုလို့
ကျောချလည်းဓါးမြမထင်
ဘာတဲ့ ကောင်းကောင်းဆိုးဆိုးတို့အမျိုးတဲ့
ရိုးဟိုးဟိုးတဲ့ မောင်ဂျင်
တရားအမှန် သတ္တုချရင်ဖြင့်
လူမျိုးနဲ့မဆိုင်
ဘာသာနဲ့မဆိုင်
အာဏာနဲ့သာဆိုင်ချင်တာကြောင့်
ဘာဆိုဘာမှမစဉ်းစား
ဇာတ်တူသားလည်းစားကြတယ်

လူအမည်ခံတောရိုင်းဆန်လို့
အတ္တတွေသာကြီးကြီး လာကြ
ကိုယ့်အတွက် ကိုယ်သာ
အနေချောင်ဖို့ အားထုတ်လာကြ
ဒီလိုနဲ့ 
ပရဟိတ မြန်မာတွေ
တစ်စစီ ပြိုကွဲလို့
သံသယတိုက်ပွဲတွေ ဆင်နွှဲကြ
(တန်းတူရေး မရှိ
မျှတရေးလည်း မသိ
ကနေ့ အချိန်ထိလေ
ကိုယ့်အဆွေ ကိုယ့်အမျိုးသာပါ
ကိုယ့်သဝေ ကိုယ်ထိုးနေသူတို့
နားဝင်ချိုအောင် မောင်ဂျင်ဆိုမယ်
ကိုယ်ဆွေသာ ကိုယ်မျိုးလိုက်ကြပေရော့။)
        ထောင်မင်းသားမောင်ဂျင်

ဖြူမှောင်ပိတ်မှိုင်း၊ တွင်တွင်ရိုင်းသည်
ခေတ်နှိုင်းပုံပြ၊ ဆိုရပါလျှင်
ဟိုးရင်ခါက တံခိုးရှင်မြန်မာဗျ
(အခုတော့လည်းကမ္ဘာ့အလည်မှာ)
သူခိုးထင်စရာ……ပ
ဝေဟင်ခရီး၊ လေယာဉ်စီးလျှင်
လက်မထုတ်နဲ့ နာရီပြောင်မယ်
အဲဒါ…..အဲဒါမြန်မာ…တို့ဂုဏ်……ရောင်။# မခံချင်ဘူး….မခံချင်ဘူး လုံးဝမခံချင်ဘူး

ငြင်းမယ်လို့ ဟန်ပြင်လိုက်တိုင်း
ကျုပ်တို့ပလ္လင် ကျုပ်တို့ကျငန်းက
မင်းကြီးနဲ့ မတ်ရာ
ခရိုနီ အပေါင်းအပါတို့
အင်္ကျင်္ီ အ၀တ်အစား၊ အသစ် အသစ်တွေနဲ့
တိုက်တာခြံကား၊ အသစ် အသစ်တွေနဲ့
သားရယ်မယား၊ အသစ် အသစ်တွေနဲ့
အတွေးအခေါ်ကလွဲ
အားလုံးအသစ်သစ်တွေနဲ့
ပြည်တော်ကြီးသာနေကြပေါ့
(တို့်ပြည်သူလူအများမှာဖြင့်
မူးရှုစရာအဿပြာရှားပါးလို့
သဘောက်သာသာ အစေခံအလားရယ်ပ
တိုင်းစွန့် ပြည် ………….ခွါ)

# မြန်မာမှာ ခွန်အားရှိသော်
မဟုတ်မမှန်ရင် ငုံ့မခံစိတ်ရှိတယ်
အင်္ဂလိပ်ကိုကျွန်မခံ
ဖက်ဆစ်ကိုတော်လှန်
အမျိုးထိမချိအောင်နာသူတွေ
ဘာတဲ့ အရိုးကွဲအောင်ရိုက်မှအသည်းစွဲအောင်ချစ်သတဲ့

လူမဆန်ပုံပန်းမကျပေမယ့်
ယုံတန်းစကား အဖြစ်လက်ခံသူတွေ
အမျိုးတူကျွန်ပြုလို့
ကျောချလည်းဓါးမြမထင်
ဘာတဲ့ ကောင်းကောင်းဆိုးဆိုးတို့အမျိုးတဲ့
ရိုးဟိုးဟိုးတဲ့ မောင်ဂျင်
တရားအမှန် သတ္တုချရင်ဖြင့်
လူမျိုးနဲ့မဆိုင်
ဘာသာနဲ့မဆိုင်
အာဏာနဲ့သာဆိုင်ချင်တာကြောင့်
ဘာဆိုဘာမှမစဉ်းစား
ဇာတ်တူသားလည်းစားကြတယ်

လူအမည်ခံတောရိုင်းဆန်လို့
အတ္တတွေသာကြီးကြီး လာကြ
ကိုယ့်အတွက် ကိုယ်သာ
အနေချောင်ဖို့ အားထုတ်လာကြ

ဒီလိုနဲ့
ပရဟိတ မြန်မာတွေ
တစ်စစီ ပြိုကွဲလို့
သံသယတိုက်ပွဲတွေ ဆင်နွှဲကြ
(တန်းတူရေး မရှိ
မျှတရေးလည်း မသိ
ကနေ့ အချိန်ထိလေ
ကိုယ့်အဆွေ ကိုယ့်အမျိုးသာပါ
ကိုယ့်သဝေ ကိုယ်ထိုးနေသူတို့
နားဝင်ချိုအောင် မောင်ဂျင်ဆိုမယ်
ကိုယ်ဆွေသာ ကိုယ်မျိုးလိုက်ကြပေရော့။)
ထောင်မင်းသားမောင်ဂျင်

0 comments:

Post a Comment