Pages

Friday, February 1, 2013

ဧရာဝတီနိုင်ငံတကာ စာပေပွဲတော် ကိုယနေ့စတင်ကျင်းပ

ယနေ့စတင်ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ မြန်မာကျောင်းသားကျောင်းသူများနှင့် လူငယ်များ လာရောက်လေ့လာမှုနည်းကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသော မြန်မာစာရေးဆရာများက ပြောသည်။

၎င်းပွဲတော်အား ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် လာရောက်လေ့လာသူဦးရေ တစ်ထောင်ပင်မပြည့်ပေ။

သတင်းထုတ်ပြန်မှုအားနည်းခြင်း၊ ပွဲတော်သို့ သွားလာရန်ခက်ခဲခြင်း၊ ပွဲစီစဉ်သူများနှင့် ပါဝင်ဆောင်ရွက်သူများအတွက် ပထမဆုံးအတွေ့အကြုံဖြစ်ခြင်းကြောင့် လိုအပ်မှုများရှိနေခြင်း၊ စာပေပွဲတော်ကျင်းပမှုဓလေ့နှင့် ယဉ်ကျေးမှုတို့မှာ မြန်မာလူမျိုးတို့တွင် အလေ့အထအားနည်းခြင်းတို့ကြောင့် လာရောက်လေ့လာမှုနည်းခြင်းဖြစ်သည်ဟု ပွဲတော်ကျင်းပသူများက သုံးသပ်သည်။

ပွဲတော်ပထမဆုံးနေ့တွင် ဒေါက်တာသန့်မြင့်ဦး၊ ဦးသော်ကောင်း၊ မောင်ခင်မင်(ဓနုဖြူ)၊ ဂုဏ်ထူးဦးသိန်းနိုင်၊ သစ္စာနီ၊ ဆရာဖေမြင့်၊ ဇာဂနာ၊ မင်းခိုက်စိုးစန်အစရှိသည့် မြန်မာစာရေးဆရာများအပြင် နိုင်ငံတကာမှ စာရေးဆရာမ လှန်ချန်း၊ ၀ီလီယံဒရမ်းဖဲလ်၊ ဆူဒသျှအပါအ၀င် အခြားထင်ရှားသော စာရေးဆရာများက စာပေပညာ၊ ယဉ်ကျေးမှုတို့နှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
ဓာတ်ပုံ- ကျော်ဇင်သန်း
ယနေ့စတင်ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ မြန်မာကျောင်းသားကျောင်းသူများနှင့် 
လူငယ်များ လာရောက်လေ့လာမှုနည်းကြောင်း အဆိုပါပွဲသို့ တက်ရောက်လာသော မြန်မာစာရေးဆရာ
များက ပြောသည်။ ၎င်းပွဲတော်အား ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် လာရောက်လေ့လာသူဦး
ရေ တစ်ထောင်ပင်မပြည့်ပေ။

သတင်းထုတ်ပြန်မှုအားနည်းခြင်း၊ ပွဲတော်သို့ သွားလာရန်ခက်ခဲခြင်း၊ ပွဲစီစဉ်သူများနှင့် ပါဝင်ဆောင်ရွက်သူ
များအတွက် ပထမဆုံးအတွေ့အကြုံဖြစ်ခြင်းကြောင့် လိုအပ်မှုများရှိနေခြင်း၊ စာပေပွဲတော်ကျင်းပမှုဓလေ့နှင့် ယဉ်ကျေးမှုတို့မှာ မြန်မာလူမျိုးတို့တွင် အလေ့အထအားနည်းခြင်းတို့ကြောင့် လာရောက်လေ့လာမှုနည်းခြင်း
ဖစ်သည်ဟု ပွဲတော်ကျင်းပသူများက သုံးသပ်သည်။

ပွဲတော်ပထမဆုံးနေ့တွင် ဒေါက်တာသန့်မြင့်ဦး၊ ဦးသော်ကောင်း၊ မောင်ခင်မင်(ဓနုဖြူ)၊ ဂုဏ်ထူးဦးသိန်းနိုင်၊ သစ္စာနီ၊ဆရာဖေမြင့်၊ဇာဂနာ၊မင်းခိုက်စိုးစန်အစရှိသည့် မြန်မာစာရေးဆရာများအပြင် နိုင်ငံတကာမှ စာရေး
ဆရာမ လှန်ချန်း၊ ၀ီလီယံဒရမ်းဖဲလ်၊ဆူဒသျှအပါအ၀င်အခြားထင်ရှားသောစာရေးဆရာများကစာပေပညာ
၊ ယဉ်ကျေးမှုတို့နှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။
 
7Day News Journal
 

0 comments:

Post a Comment