ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျိန္တလီမြို့နယ်ခွဲမှ အရစ်ကျစနစ်ဖြင့်ရောင်းချပေးခဲ့သော ဂျီအက်စ်အမ်ဆင်းကဒ်
၃၀၀ခန့်မှာ လိုင်း မမိဖြစ်နေကြောင်းဖုန်းဝယ်ယူထားသူရတနာမြိုင်ရွာမှကိုကျော်ကျော်က ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးမှ ကျိန္တလီမြို့နယ်ခွဲရှိ ရတနာမြိုင်ခေါ် ကုလားပြင်ကျေးရွာအုပ်စုပိုင် ရွာပေါင်း ၁၈ရွာကို လွန်ခဲ့သော ၂၀၁၂ခုနှစ် နိုဝင်ဘာ လနှင့် ဒီဇင်ဘာလအတွင်း အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်
ကြောင်း
သည့် ရွာ ၁၆ ရွာတွင် လိုင်းမမိဖြစ်နေကြောင်းသိရသည်။
“ဖုန်းက ရွာမှာဆိုရင် အထိုင်ဖုန်းနဲ့ထားမှ လိုင်းမိတယ်။ ဟန်းဆက် ဆိုရင်လည်းလိုင်းဆွဲအား အရမ်းကောင်း
မှလိုင်းကမိတယ်။ အခုဖုန်းလိုင်း က မမိတော့ ဖုန်းတွေ ၀ယ်ထားပြီးဘာမှသုံးမရဖြစ်နေတယ်၊ကျွန်တော်တို့
ဒီဖုန်းလိုင်းမမိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး၂၀၁၂ခုနှစ် ဒီဇင်ဘာ လောက်ကတည်းက ဆက်သွယ်ရေးက တာဝန်ရှိ
သူတွေကို ပြောထားတာတွေ ရှိတယ်၊ ဒါပေမယ့် ခုချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြား ခြင်း မရှိသေး
ဘူး”ဟု ကိုကျော်ကျော်က ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးမှ ပထမဆုံးအကြိမ် အရစ်ကျဖုန်းလေးသန်းခန့်ကို မြန်မာတစ်ပြည်လုံးတွင် စီမံကိန်း
အနေဖြင့်ရောင်းချပေးခဲ့ရာ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်တွင်ဂွ၊ကျိန္တလီ၊သံတွဲစသည့် မြို့များတွင် ရောင်းချပေး
ခဲ့ပြီး လိုင်းမမိဖြစ်နေသည့်ရွာများမှာ ကျိန္တလီမြို့မှ အလွန်ကွာ ဝေးသော နေရာတွင်ရှိနေကြောင်း သိရသည်။
အဆိုပါဖုန်းများသည် ကျိန္တလီမြို့နယ်ခွဲမှ ၃မိုင် ခန့် အထိသာ ဖုန်းလိုင်းမိမည် ဖြစ်ကြောင်းနှင့် အလွန်ဝေးလံ
သောနေရာများအတွက် ကြားခံ စက် တစ်လုံး ထားရှိမှသာ ဖုန်းလိုင်း မိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျိန္တလီကနေ သုံးမိုင်လောက်အထိပဲ ဖုန်းလိုင်းက မိနိုင်မယ်၊ဒါတွေကရုံးချုပ်ကစီမံကိန်းနဲ့လုပ်တဲ့ကိစ္စတွေ
မို့လို့ စက်အသစ်ကိစ္စကတော့ ဘာမှ မပြောနိုင်သေးဘူး။ နောက်ပိုင်းစီမံချက်တွေမှာ ပါလာခဲ့ရင်တော့ လိုင်း
ရနိုင်တာပေါ့၊ ခုလောလောဆယ်တော့ ဖုန်းလိုင်းမမိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာအစီအစဉ်မှမရှိသေးဘူး” ဟု
သံတွဲမြို့ရှိ မြန်မာ့ဆက်သွယ်ရေးမှ ဦးလှမြင့်က ပြောကြားသည်။
ရည်မွန်
The Myanma Age
0 comments:
Post a Comment