Pages

Friday, February 1, 2013

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ABSDF တပ်ဖွဲ့ဝင်ဟောင်း ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချို ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကွယ်လွန်

ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသားဟောင်း၊ ABSDF တပ်ဖွဲ့ဝင်ဟောင်း ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုအား မှတ်တမ်းတင် ဂုဏ်ပြုခြင်း။

ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချို - အသက် (၄၉)နှစ်သည် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါသည်။

ကိုမင်းဟန် (ခ) ဗမင်းသစ် (ခ) ဖိုးချို ၏ ကိုယ်ရေးအကျဉ်း။ 

ကိုမင်းဟန်အား အဖ ယမုံနာ ဦးဘိုးဟန်၊ အမိ ဒေါ်မြင့်မြင့်တို့မှ ၄.၉.၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့၌
ဖွားမြင်ခဲ့သည်။ အ.မ.က (၁၈) တာမွေ၊ အ.ထ.က (၃) တာမွေတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဒေါ်ခင်မာအေးနှင့် အိမ်ထောင်ကျပြီး သားမျိုးဟန်၊ ဖြိုးဟန်တို့ ဖွားမြင်ခဲ့သည်။ ဂီတပဒေသာမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် (ရ၅) ကျပ်တန် ငွေစက္ကူ အရေးအခင်းမှစ၍ လူထုလုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ 

မတ်လ (၁၃) ရက်နေ့  စက်မှုတက္ကသိုလ်ကျောင်းသားများ၏ “ဘုန်းမော်အရေးအခင်း”၊ ၈၈၈၈ လူထုလုပ်ရှားမှုများဖြစ်ပေါ်လာရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာဒီမိုကရေစီတပ်ဦး (ဗဒတ) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းပြီး လူထုဆန္နပြပွဲများတွင် ဦးဆောင်လုပ်ရှားခဲ့သည်။ ကျောင်းသားလူငယ်သွေးစည်းညီညွတ်ရေးကော်မတီတွင် ဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ 

၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ဒေသ၊ မာနယ်ပလောသို့ ရောက်ရှိပြီး ABSDF မှ လုပ်ဖေါ်ကိုင်ဘက်များ၊ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်ခရိုင်ပြောက်ကြားတာဝန်ခံအဖြစ် တာဝန်ပေးအပ်ြခင်း ခံရသည်။ ၁၉၉၀ ခုနှစ် နှောင်းပိုင်းတွင် နေအိမ်အကျယ်ချုပ် ကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရန် အစီအစဉ်ဖြစ်သည့် “ပင့်ကူနီ”  စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။ ၁၆.၁.၁၉၉၁ တွင် နေအိမ်၌ အဖမ်းဆီးခံရသည်။ ၇.၃.၁၉၉၁ တွင် နိုင်ငံတော်ပုန်ကန်မှု ၁၂၂/၁ အပါအ၀င် ပုဒ်မများဖြင့် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

၁၉၉၄တွင် တောင်ငူထောင်သို့ ပြောင်းရွေ့ခံခဲ့ရပြီး ထောင်ငူထောင်တွင် ထောင်တွင်းနောက်မှု (၇) နှစ်တိုးခဲ့ပြီး သရက်ထောင်သို့ ပြောင်းရွေ့ခြင်းခံခဲ့ရသည်။ သရက်ထောင်မှ ၁၂.၁၀.၂၀၁၁ နေ့တွင် လွတ်မြောက်ခဲ့သည်။ 

အကျဉ်းထောင်အတွင်း (၂၁) နှစ်ခန့် နေထိုင်ခဲ့ရသည်။ လွတ်မြောက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွင် လုပ်ငန်းကော်မတီဝင်တစ်ဦးအဖြစ် နိုင်ငံရေးတာဝန်များကို ယခု ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အမှတ် ၁၃၈၂၊ ရာဇသင်္ကြန်လမ်း၊ (၇၀)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် မိသားစုနှင့်အတူ နေထိုင်ခဲ့ပါသည်။

ကွယ်လွန်သူ ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုအား လာမည့် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။ အမှတ် (၁၃၈၂) ရာဇသင်္ကြန်လမ်း ၇၀ ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်းရပ်ကွက် နေအိမ်မှ ကားများ နေ့လည် ၂ နာရီတွင် ထွက်ခွာပါမည့်အကြောင်း ရပ်ဝေးရပ်နီးနေမိတ်ဆွေများအား အကြောင်းကြားအပ်ပါသည်။

နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် လွှတ်၍ ဆောင်ရွက်ကြိုးပမ်းခဲ့သော ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုအား လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ)ကိုဖိုးချို -အသက် (၄၉)နှစ်သည်ယနေ့နံနက်၉ နာရီ ၁၀ မိနစ်တွင် သင်္ဃန်း
ကျွန်းစံပြဆေးရုံကြီးတွင် ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ ၀မ်းနည်းကြေကွဲရပါသည်။ ကိုမင်းဟန် (ခ) ဗမင်းသစ် (ခ) ဖိုးချို ၏ ကိုယ်ရေးအကျဉ်း။ ကိုမင်းဟန်အား အဖ ယမုံနာ ဦးဘိုးဟန်၊ အမိ
 ဒေါ်မြင့်မြင့်တို့မှ ၄.၉.၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့၌ဖွားမြင်ခဲ့သည်။ အ.မ.က (၁၈) တာမွေ၊ အ.ထ.က (၃) တာမွေတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဒေါ်ခင်မာအေးနှင့် အိမ်ထောင်ကျပြီး သားမျိုး
ဟန်၊ ဖြိုးဟန်တို့ ဖွားမြင်ခဲ့သည်။
ဂီတပဒေသာမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် (ရ၅) ကျပ်တန် ငွေ
စက္ကူ အရေးအခင်းမှစ၍ လူထုလုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

မတ်လ (၁၃) ရက်နေ့  စက်မှုတက္ကသိုလ်ကျောင်းသားများ၏ “ဘုန်းမော်အရေးအခင်း”၊ ၈၈၈၈ လူထုလုပ်

ရှားမှုများဖြစ်ပေါ်လာရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သည်။၈၈၈၈အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာ
ဒီမိုကရေစီတပ်ဦး (ဗဒတ) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းပြီး လူထုဆန္နပြပွဲများတွင် ဦးဆောင်လုပ်ရှား
ခဲ့သည်။ ကျောင်းသားလူငယ်သွေးစည်းညီညွတ်ရေးကော်မတီတွင် ဦးဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ဒေသ၊ မာနယ်ပလောသို့ ရောက်ရှိပြီး ABSDF မှ လုပ်ဖေါ်ကိုင်ဘက်

များ၊ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်ခရိုင်ပြောက်ကြားတာ
ဝန်ခံအဖြစ်တာဝန်ပေးအပ်ြခင်းခံရသည်။၁၉၉၀ ခုနှစ် နှောင်းပိုင်းတွင် နေအိမ်အကျယ်ချုပ်ကျခံနေရသော
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရန် အစီအစဉ်ဖြစ်သည့် “ပင့်ကူနီ” စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။ ၁၆.၁.၁၉၉၁ တွင် နေအိမ်၌ အဖမ်းဆီးခံရသည်။ ၇.၃.၁၉၉၁ တွင် နိုင်ငံတော်ပုန်ကန်မှု ၁၂၂/၁ အပါအ၀င် ပုဒ်မများဖြင့် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

၁၉၉၄တွင် တောင်ငူထောင်သို့ ပြောင်းရွေ့ခံခဲ့ရပြီး ထောင်ငူထောင်တွင် ထောင်တွင်းနောက်မှု (၇) နှစ်တိုး

ခဲ့ပြီး သရက်ထောင်သို့ ပြောင်းရွေ့ခြင်းခံခဲ့ရသည်။ သရက်ထောင်မှ ၁၂.၁၀.၂၀၁၁ နေ့တွင် လွတ်မြောက်
ခဲ့သည်။

အကျဉ်းထောင်အတွင်း (၂၁) နှစ်ခန့် နေထိုင်ခဲ့ရသည်။ လွတ်မြောက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသား

ဟာင်းများအဖွဲ့တွင် လုပ်ငန်းကော်မတီဝင်တစ်ဦးအဖြစ် နိုင်ငံရေးတာဝန်များကို ယခု ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အမှတ် ၁၃၈၂၊ ရာဇသင်္ကြန်လမ်း၊ (၇၀)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင် မိသားစုနှင့်

အတူ နေထိုင်ခဲ့ပါသည်။

ကွယ်လွန်သူ ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ)ကိုဖိုးချိုအားလာမည့်တနင်္ဂနွေနေ့ ညနေ ၄နာရီတွင်  ရေဝေး

သုဿန်၌ မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။ အမှတ် (၁၃၈၂)ရာဇသင်္ကြန်လမ်း၇၀ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း
ရပ်ကွက် နေအိမ်မှ ကားများ နေ့လည် ၂ နာရီတွင် ထွက်ခွာပါမည့်အကြောင်း ရပ်ဝေးရပ်နီးနေမိတ်ဆွေများ
အား အကြောင်းကြားအပ်ပါသည်။

နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် လွှတ်၍ ဆောင်ရွက်ကြိုးပမ်းခဲ့သော ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုအား လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။



 Nik Nayman

0 comments:

Post a Comment