Pages

Friday, February 1, 2013

ကလေးငယ်များကို ပြင်းထန်စွာ အော်ငေါက်ခြင်း (သို့) ဒဏ်ပေးခြင်းကြောင့် ကင်ဆာ၊ နှလုံးနှင့် ရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေ မြင့်မား

မိမိကလေးကို ဒဏ်ပေးတာ ဒါမှမဟုတ် ပြင်းပြင်း ထန်ထန် ဆူပူ ကြိမ်းမောင်း တာကြောင့် ကလေးငယ် ကြီးပြင်းလာရင် ကင်ဆာရောဂါ အပါအဝင် ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်မားတယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိခဲ့ပါတယ်။
အသင့်အတင့် ကြိမ်းမောင်းပြီး ဒဏ်ပေးရင်တောင် ကလေးငယ်တွေမှာ ရေရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေကို ဒဏ်ပေးတာနဲ့ ဆူပူ ကြိမ်းမောင်းတာကြောင့် ကလေးငယ်တွေမှာ ဖိစီးမှုတွေ များလာပါတယ်။ ဖိစီးမှု အဆင့်တွေ မြင့်တက်လာတာဟာ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ငယ်ရွယ်စဉ်အခါမှာ ဆူပူကြိမ်းမောင်း ခံရတာကြောင့် စိတ်ဒဏ်ရာ ရရှိစေနိုင်ပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါလိုမျိုး ဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ ရေရှည် စိတ်ဒဏ်ရာ ရမှုတွေ ဖြစ်ပေါ်လာတာကြောင့်ပါလို့ ဆိုပါတယ်။

သုတေသန ပြုလုပ်သူတွေက ကျန်းမာတဲ့လူ အယောက် ၂၅၀ နဲ့ ရင်ကျပ်ရောဂါ၊ ကင်ဆာရောဂါ ဒါမှမဟုတ် နှလုံးရောဂါရှိသူ ရောဂါတစ်မျိုးမှာ ၁၅၀ ဦးစီ ပါဝင်တဲ့ လူပေါင်း ၇၀၀ က လေ့လာခဲ့ပါတယ်။ 
အရိုက်ခံရတဲ့ ကလေးငယ်တွေဟာ သာမန် ကလေးငယ်တွေထက် ကင်ဆာဖြစ်နိုင်ခြေ ၁ ဒသမ ၇ ဆ ပိုများပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေ ၁ ဒသမ ၃ ဆနဲ့ ရင်ကျပ်ပန်းရောဂါ ဖြစ်နိုင်ခြေ ၁ ဒသမ ၆ ဆ ပိုများတယ်လို့ သိရပါတယ်။

ဒေါက်တာခင်စိုးမိုး
GOOD HEALTH

0 comments:

Post a Comment