Pages

Friday, February 1, 2013

ဆေးကုမ္ပဏီများမှ ဖိနှိပ်မှုများရှိလာသဖြင့် ဆေးဆိုင်များစုပေါင်းအသင်းဖွဲ့

ယခုနှစ်ပိုင်းတွင် ဆေးကုမ္ပဏီများမှ ဆေးဝါးရောင်းချဖြန့်ဖြူးသူဆေးဆု
ိင်များအား ဖိနှိပ်ဖိအားပေးမှုများ ကြုံတွေ့လာရသဖြင့် ဝိုင်းဝန်းဖြေရှင်းရန်အတွက် အထက်မြန်မာပြည်မန္တလေးမြို့တွင် အကြီးဆုံးလက်လီလက်ကားဖြန့်ဖြူးရောင်းချနေသည့် ချမ်းအေးသာဇံဆေးဆိုင်များမှ ဇန်နဝါရီလ ၂၃ရက်နေ့၊ဈေးချိုဂရန်းဟိုတယ်အပေါ်ထပ်တွင် အစည်းအဝေးလုပ်ကာ ချမ်းအေးသာဇံဆေးဝါးဆေးဝါးရောင်းချသူ၊ဆေးဆိုင်မိသားစုလူမှုရေးအသင်းဖွဲ့လိုက်ကြောင်း ယင်းဆေးဆိုင်ရှင်များထံမှ သိရသည်။အထက်မြန်မာပြည်ဆေးဝါးဖြန့်ဖြူးမှုတွင် အဓိကနေရာမှ ပါဝင်နေသော ဆေးဝါးဖြန့်ဖြူးသူများဖြစ်သည့် ဦးဟန်တင်၊ဦးခင်မောင်မြင့်၊ဦးသိန်းဇော်၊ဦးစိုင်းဆေခိုင်၊ဦးထွေးအစရှိသည့် လုပ်ငန်းရှင်၁၈ယောက်ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ဖြင့် ကနဦးဖွဲ့စည်းထားကြောင်းသိရသည်။

ယခုဖွဲ့စည်းလိုက်သော ချမ်းအေးသာဇံဆေးဝါးရောင်းချသူ၊ဆေးဆိုင်မိသားစု လူမှုရေးအသင်းအနေဖြင့် ဆေးဆိုင်များကြုံတွေ့နေရသည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ၊ဥပမာအားဖြင့် ကုမ္ပဏီများမှမှတ်ပုံတင်မထားသော ဆေးဝါးများရောင်းချနေသည်ဟု စွပ်စွဲကာ ဝင်ရောက်ရှာဖွေမှုများပြုလုပ်ပါက ထိုရှာဖွေခံရသောဆေးဆိုင်များသို့သွားရောက်ကာ လိုအပ်သည်များကူညီပေးနိုင်ရေးကဲ့သို့ ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်များ၏ သာရေးနာရေးကိစ္စများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု အလုပ်အမှုဆောင်များမှ ပြောသည်။

ယခုကဲ့သို့ အသင်းဖွဲ့ကာ စုပေါင်းရင်ဆိုင်မှသာလျှင် မိမိတို့ဆေးဆိုင်များအနေဖြင့် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊အဘယ်ကြောင့်ဆိုသော် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသာဆေးဝါးအတုများရောင်းချသည်ဟူသောစွပ်စွဲချက်ဖြင့် မန္တလေးမြို့ရှိ ဆေးဆိုင်များအား ကုမ္ပဏီများမှ ဥပဒေနှင့်အညီမဟုတ်ပဲ ရုတ်တရက်ဝင်ရောက်ဖမ်းဆီးကာ အဆမတန်လျော်ကြေးတောင်းမှုများဖြစ်ပွားနေသောကြောင့် မိမိတို့အနေဖြင့် ဆေးဝါးများရောင်းချရာတွင်ယခင်ကကဲ့သို့ လွပ်လွပ်စွာမရောင်းချရဲဘဲ ထိန်းရောင်းနေရကြောင်း ဈေးချိုEရုံမှ အသက်လေးဆယ်အရွယ်ဆေးဆိုင်ရှင်တစ်ဦးက ပြောသည်။

“ဆေးက အတုမဟုတ်ဘူး။မှတ်ပုံတင်ထားခြင်းမရှိတာ။ဒီလိုပဲ သုံးစွဲနေကြတာ နှစ်ပေါင်းသုံးလေးဆယ်ရှိပြီ
။ခုမှ ကုမ္ပဏီက အဲဒီဆေးဝါးတွေကို မှတ်ပုံတင်ပြီးမှ လိုက်ဖမ်းနေတာ၊အဲဒီတော့ ကျွန်တော်တို့က မှတ်ပုံတင်
မထားတဲ့ဆေးကိုမရောင်းတော့ဘူး။မှတ်ပုံတင်ဆေးပဲရောင်းတယ်။

သုံးစွဲတဲ့ပြည်သူတွေအတွက် ဈေးကြီးပေးဝယ်ရတာပေါ့ဟု ပြောသည်။ဖမ်းမိသောဆေးဝါးပမာဏနှင့် တောင်း
ခံသောလျော်ကြေးပမာဏမှာ မျှတမှုမရှိဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ဥပမာအားဖြင့် တန်ဖိုးထောင့်
ရှစ်ရာခန့်သာရှိသော ဆေးကဒ်နှစ်ကဒ်ဖမ်းမိချင်းအတွက် တောင်းသည့်လျော်ကြေးမှာ သိန်းရာဂဏန်းရှိ
သည်ဟု ၎င်းမှဖြည့်စွက်ပြောကြားသည်။

မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို အတုဟု စွပ်စွဲသည်မှာ မဖြစ်သင့်ကြောင်း၊မြန်မာနိုင်ငံတွင် သုံး
စွဲနေသော ဆေးဝါးအမျိုးအစားခြောက်ထောင်ကျော်ရှိပြီး အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ထားသည်မှာ
 ဆေးဝါးထောင့်ရှစ်ရာကျော်သာရှိသည်ဟု ပြီးခဲ့သောပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်
တစ်ဦး၏ တင်ပြချက်အရသိရှိထားကြောင်း၊
 
ဆိုလိုသည်မှာ ဈေးကွက်တွင် တရားမဝင်ဆေးဝါးအမျိုးအစားလေးထောင်ကျော်ဖြင့်လည်ပတ်နေရပြီး ယင်း
ဆေးဝါးများမှ အခြေခံလူတန်းစား၏ ကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါသောကဏ္ဍမှ ပါဝင်နေသည်မှာ တာဝန်ရှိသူများအသိပင်ဖြစ်ပါကြောင်း၊ထို့ကြောင့် တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးအတု
များရောင်းချသည်ဟုစွပ်စွဲကာ ဆေးဆိုင်များအား ကုမ္ပဏီမှ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးကာ လျော်ကြေး
များအလွန်အမင်းတောင်းခံနေသည်မှာ လုံးဝဖြစ်သင့်သောကိစ္စမဟုတ်ကြောင်း မန္တလေးပြည်သူ့ဆေးရုံ
ကြီးရှေ့ရှိ ဆေးဆိုင်ပိုင်ရှင် ကိုအောင်ကြီး(နာမည်လွှဲ)မှ ပြောသည်။

အခု ပြည်သူ့ဆေးရုံကြိးမှ တင်ဒါခေါ်တဲ့ဆေးဝါးအမျိုးအစားတရာရှိတယ်ဆိုရင် ခြောက်ဆယ်ကျော်က တရား
ဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ဆေးဝါးဆိုတာ ဆေးဝါးလောကကလူတိုင်းသိပါတယ်။ဆရာဝန်တွေဆိုလဲ မှတ်
ပုံတင်ထားခြင်းမရှိတဲ့ဆေးဝါးတွေကို ညွှန်းဆိုနေရတာပဲ။ဈေးနှုန်းကွာဟပေမဲ့ ဆေးအာနိသင်က ကွာခြား
မှုမရှိဘူး။မှတ်ပုံတင်ထားတဲ့ဆေးနဲ့ မှတ်ပုံတင်မထားတဲ့ဆေးက ပျမ်းမျှ တထောင်ဝန်းကျင်ကွာတယ်။”ဟု ၎င်းမှ သုံးသပ်ပြသည်။

ဆေးဝါးကုမ္ပဏီများမှ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများရောင်းချမှုဖြင့် စစ်ဆေးအရေးယူမှုများမှာ ရန်ကုန်၊မန္တလေးစသည့်မြို့ကြီးများတွင် ၂၀၁၂နိုဝင်ဘာလတွင်တကြိမ်၊ဇန်နဝါရီလတွင်တကြိမ်ဖြစ်ပွားလာ
ခဲ့ပြီး ဆေးဆိုင်များအားသိန်းရာဂဏန်းထိ လျော်ကြေးတောင်းခံမှုများရှိလာခဲ့ကြောင်း ဆေးလောကအသိုင်း
အဝိုင်းမှ စုံစမ်းသိရှိရသည်။

မိထ္တီလာမြို့ပြည်သူ့ဆေးရုံကြီးတွင် ဖွင့်လှစ်ရောင်းချနေသော အာရောဂျံဆေးဆိုင်ပိုင်ရှင်ကမူ မိမိတို့အနေ
ဖင့် မှတ်ပုံတင်ထားသည့်ဆေးဝါးများကိုသာ ရောင်းချကြောင်း၊ဆရာဝန်များကလည်း ဆေးညွှန်းရေးပေး
လျှင် မှတ်ပုံတင်ထားသော ဆေးဝါးကိုသာ ညွှန်းဆိုကြောင်း၊မိမိတို့အနေဖြင့် မန္တလေးမှ ဆေးကိုယ်စားလှယ်
များဆီမှ ပြန်လည်ရယူကာ ဖြန့်ချိသကဲ့သို့ကုမ္ပဏီများမှလည်း ဆိုင်အထိလာရောက်ဖြန့်ချိကြောင်း၊တရားဝင်
မှတ်ပုံတင်ထားသော ဆေးဝါးများမှာ တခါတရံတွင်မူ ဝယ်ယူရခက်ခဲမှုရှိကြောင်း ပြောသည်။
 
မင်းမင်းစိုး

0 comments:

Post a Comment