Pages

Wednesday, February 13, 2013

တေးသံရှင် အက်ဒဲလ် ( ၅၅)ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲတွင် အကောင်းဆုံး ပေါ့ ပ်အဆိုရှင် ဆုရရှိ

Photo: တေးသံရှင် အက်ဒဲလ် ( ၅၅)ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲတွင် အကောင်းဆုံး ပေါ့ ပ်အဆိုရှင် ဆုရရှိ

လော့စ်အိန်ဂျလိစ် ဖေဖော်ဝါရီ ၁၁

အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ် မြို့ Staples Center တွင် (၅၅)ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲ ကြီးကို ကျင်းပခဲ့ပြီး ၎င်းဆုပေးပွဲ အခမ်းအနား ကြီးကို ကန်းထရီး အဆိုရှင် တေးလာဆွစ်ဖ်၏ We Are Never Ever Getting Back Together သီချင်းဖြင့် စတင် ဖွင့်လှစ် ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။

အသက် ၂၃ နှစ် အရွယ်ရှိ တေးလာသည် သူမ၏ သီချင်းကို The White Rabbit အဖွဲ့၊ human Puppets အဖွဲ့တို့နှင့် အတူ ပူးတွဲ ဖျော်ဖြေ တင်ဆက် သွားခဲ့ သည်ဟု သိရသည်။ ၎င်းအခမ်းအနား ကြီးတွင် အစီအစဉ် တင်ဆက်သူ အဖြစ် ရက်ပါ အဆိုတော် အယ်လ်အယ်လ် ကူးလ်ဂျေက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တေးလာဆွစ်ဖ် ဖျော်ဖြေပြီး နောက်တွင် အက်ဒ်ရှီရန်နှင့် ဆာလ်အယ်လ် တန်ဂျွန်တို့က ရှီရန်၏ The A Team သီချင်းကို နှစ်ယောက်တွဲ၍ ဖျော်ဖြေ တင်ဆက် ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အခမ်းအနားတွင် အက်ဒဲလ်သည် သူမ၏ Set Fire to the Rain သီချင်းဖြင့် အကောင်းဆုံး ပေါ့ပ်အဆိုရှင်ဆုကို ရရှိ သွားသည်။

ဂရမ်မီဆု ရရှိ သူများတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကွယ်လွန် သွားခဲ့ပြီ ဖြစ်သော ဂီတာနှင့် ဆင်တူသည့် အိန္ဒိယ ကြိုးတပ် တူရိယာကို တီးခတ်သူ ရာမီရှန်ကာသည် ကမ္ဘာ့ အကောင်းဆုံး တေးဂီတ အယ်လ်ဘမ်ဆုကို ရရှိ သွားခဲ့ သည်ဟု သိရသည်။ ဂရမ်မီ ဆုပေးပွဲ အတွက် လျာထားခြင်း ခံရသူ အမျိုးသမီး ဂီတ မိတ်ဆွေ များကို အလွန်ပင် ချီးကျူးကြောင်း အက်ဒဲလ်က ပြောကြား ခဲ့သည်ဟု သိရသည်။

http://bit.ly/Yo8U6s
Aye Chan Mon Re-post Date : 2013 Feb 12
News from: မြ၀တီ

အေးချမ်းမွန်

အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ် မြို့ Staples Center တွင် (၅၅)ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲ ကြီးကို ကျင်းပခဲ့ပြီး ၎င်းဆုပေးပွဲ အခမ်းအနား ကြီးကို ကန်းထရီး အဆိုရှင် တေးလာဆွစ်ဖ်၏ We Are Never Ever Getting Back Together သီချင်းဖြင့် စတင် ဖွင့်လှစ် ခဲ့သည်ဟု အင်တာနက် သတင်း တစ်ပုဒ် အရ သိရသည်။ အသက် ၂၃ နှစ် အရွယ်ရှိ တေးလာသည် သူမ၏ သီချင်းကို The White Rabbit အဖွဲ့၊ human Puppets အဖွဲ့တို့နှင့် အတူ ပူးတွဲ ဖျော်ဖြေ တင်ဆက် သွားခဲ့ သည်ဟု သိရသည်။ ၎င်းအခမ်းအနား ကြီးတွင် အစီအစဉ် တင်ဆက်သူ အဖြစ် ရက်ပါ အဆိုတော် အယ်လ်အယ်လ် ကူးလ်ဂျေက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တေးလာဆွစ်ဖ် ဖျော်ဖြေပြီး နောက်တွင် အက်ဒ်ရှီရန်နှင့် ဆာလ်အယ်လ် တန်ဂျွန်တို့က ရှီရန်၏ The A Team သီချင်းကို နှစ်ယောက်တွဲ၍ ဖျော်ဖြေ တင်ဆက် ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ အခမ်းအနားတွင် အက်ဒဲလ်သည် သူမ၏ Set Fire to the Rain သီချင်းဖြင့် အကောင်းဆုံး ပေါ့ပ်အဆိုရှင်ဆုကို ရရှိ သွားသည်။

ဂရမ်မီဆု ရရှိ သူများတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကွယ်လွန် သွားခဲ့ပြီ ဖြစ်သော ဂီတာနှင့် ဆင်တူသည့် အိန္ဒိယ ကြိုးတပ် တူရိယာကို တီးခတ်သူ ရာမီရှန်ကာသည် ကမ္ဘာ့ အကောင်းဆုံး တေးဂီတ အယ်လ်ဘမ်ဆုကို ရရှိ သွားခဲ့ သည်ဟု သိရသည်။ ဂရမ်မီ ဆုပေးပွဲ အတွက် လျာထားခြင်း ခံရသူ အမျိုးသမီး ဂီတ မိတ်ဆွေ များကို အလွန်ပင် ချီးကျူးကြောင်း အက်ဒဲလ်က ပြောကြား ခဲ့သည်ဟု သိရသည်။

  မြ၀တီ

0 comments:

Post a Comment