Pages

Wednesday, February 13, 2013

'ချစ်တယ်ဟုတ်' ဗီစီဒီကာရာအိုကေတွင် ပါဝင်သော သီချင်းများအား ခွင့်ပြုချက်မတောင်းဘဲ ထုတ်လွှင့်နေခြင်းကို အဆိုတော် ဘန်နီဖြိုးကန့်ကွက်

ခွင့်ပြုချက်မတောင်းဘဲ ထုတ်လွှင့်နေခြင်းကို ဘန်နီဖြိုးကန့်ကွက်

တေးဆိုဘန်နီဖြိုး၏ 'ချစ်တယ်ဟုတ်' ဗီစီဒီကာရာအိုကေတွင် ပါဝင်သော သီချင်းများအား ၎င်းခွင့်ပြုချက်မရှိဘဲ တီဗီလိုင်းများ၌ ပြသနေခြင်းကို တားမြစ်ပေးနိုင်ရန် မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ စာတင်ထားကြောင်း သတင်းရရှိသည်။
"ကျွန်တော်နဲ့ အနုပညာရှင်တွေကို အသိအမှတ် ပြုစေချင်တယ်၊ မလွှင့်စေချင်လို့ မဟုတ်ဘူး။ ကျွန်တော်တို့ ဗီစီဒီကို အကုန်အကျခံပြီးရိုက်တယ်။ ယူသုံးမယ်ဆို ကျွန်တော်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အသိပေးစေချင်တယ်။ အခကြေးငွေကို စိတ်မ၀င်စားပါဘူး" ဟု ဘန်နီဖြိုးကပြောသည်။

တီဗီချန်နယ်တစ်ခုတည်းမဟုတ်ဘဲ ဘန်နီဖြိုး၏ ဗီစီဒီကို ပြသနေသော ပြည်တွင်းရှိ တီဗီချန်နယ်အားလုံးကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ဘန်နီဖြိုး၏ 'ချစ်တယ်ဟုတ်' ဗီစီဒီကို မူပိုင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်တွင် ဘိုဘိုအင်တာတိန်းမန့်က ဖြန့်ချီခဲ့ခြင်းဖြစ်သည်။ 

တီဗီချန်နယ်များတွင် လွှင့်ခြင်းကို တားမြစ်ပေးရန် ဂီတအစည်းအရုံးအနေဖြင့် ဆောင်ရွက်ပေးသွား
မည်ဖြစ်ကြောင်း တေးရေးမြင့်မိုးအောင်ကပြောသည်။

 ကြူကြူဟန်


 7DayNews

0 comments:

Post a Comment