![]() |
Wednesday, February 13, 2013
မိုးပေါ်က ကျလာတဲ့ လူတစ်ယောက်မဟုတ်ပါဘူး
လူထဲကလူတစ်ယောက်
သူ ငယ်ငယ်တုန်းကတစ္ဆေ သရဲ အလွန်ကြောက်တတ်သတဲ့
ခဏခဏ ချူချာတယ်
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
လေးငါးခြောက်နှစ်ထိ အိပ်ရာထဲမှာသေးပါတယ် မိုးပေါ်က ကျလာ တဲ့လူတစ်ယောက်တော့မဟုတ်ပါဘူး
လူထဲကလူတစ်ယောက်
သူ လိမ်မပြောဘူး ညာမပြောဘူး
ဟန်မဆောင်တတ်ဘူး
ကလေးဘ၀ ကတည်းက
ဗမာပြည် အင်္ဂလိပ်လက်ထဲက ပြန်ရဖို့ သာ စိတ်ကူးနေခဲ့
မျက်နှာလိုမျက်နှာရ အထက်လူကြီးကို တိုင်တာတွေကိုမုန်းခဲ့
ရှင်အဂ္ဂသမာဓိရဲ့ မျိုးရိုး
ဗိုလ်မင်းရောင်ရဲ့ မြေး
ရှေ့နေဦးဖာရဲ့သား
မိခင်ဒေါ်စုရဲ့သား
နတ်မောက်မှာ သူမွေးခဲ့တယ်
၁၉၁၅ခုနှစ်ဖေဖော်ဝါရီ၁၃ရက်မှာပေါ့
မိုးပေါ်က ကျလာတဲ့လူတစ်ယောက်တော့မဟုတ် ပါဘူး
လူထဲကလူတစ်ယောက်
အသက်(၈)နှစ်မှ ကျောင်းစနေရပေမယ့်
ငယ်နာမည်ထိန်လင်းဆိုတဲ့သူဟာ
အတန်းတွေကျော်တက်နိုင်ခဲ့တယ်
အရပ်၅ပေ၅လက်မရှိတဲ့သူဟာ
အသက်(၂၀)မှာ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့တယ်
“အိုးဝေ”ဆိုတာသူပေးခဲ့တဲ့နာ မည်ပါ
သူဟာ အင်္ဂလိပ်နယ်ချဲ့ရဲ့ ရန်သူတော်နံပါတ်(၅)
ရန်သူတွေက သူ့ကိုလေးစား
အနီးဆုံးရန်သူကိုရှာတိုက်ကြ တဲ့
ဂျပန်တွေ ခွေးပြေးဝက်ပြေးထွက်ပြေးသွားကြရ
အင်္ဂလန်ထိသွားပြီး တောင်တန်းပြည်မ မကျန် တသွေးတသားထဲပါ
ကျွန်ုပ်တို့မြန်မာတစ်နိုင် ငံလုံးကို လွတ်လပ်ရေးပေးလော့
ဖေဖော်ဝါရီ (၁၂)ပင်လုံညီလာခံကို နယ်ချဲ့တွေအရှုံးပေးခဲ့ရတာ
ကမ္ဘာကအံ့သြ ချီးကျူးခဲ့ကြ
မိုးပေါ်ကကျလာတဲ့ လူတစ်ယောက်မဟုတ်ဘူး
လူထဲက လူတစ်ယောက်
သူ့တိုင်းပြည်အတွက် သူ့ဘ၀ကို
“အရိုင်း”လို့ထင်ရအောင် လူတွေနဲ့ ကွဲခဲ့တယ်
သူ့ရဲ့စိတ်က ဖြူစင်တယ် မြင့်မြတ်တယ်
သူက သူ့နိုင်ငံလွတ်လပ်ရေးကိုပဲအ မြဲစဉ်းစားနေတာ
သူ့လူငယ်ဘ၀ဆိုတာ
စာအုပ်တွေရယ် သူ့နိုင်ငံလွတ်လပ်ရေး ရယ်
ဒါပဲ
သူက ရာထူးနေရာရနေလို့ ကားတစ်စီးနဲ့သွားလို့ရ
သူ့မိတ်ဆွေ ဦးချစ်မောင်ရဲ့ စာကြည့်ခန်းက စာအုပ်လာယူ
အဲဒီမှာ
ဦးချစ်မောင်သားတွေက သူ စီးလာတဲ့ကားကို စီးချင်သတဲ့
ဘာလုပ်တယ်ထင်လဲ
ကလေးတွေကို ကားပေးစီးပြီး သူက စာအုပ်ထိုင်ဖတ်နေတာ
လှလိုက်တာ
သူ ကလေးတွေကိုချစ်လိုက်တာ
ဂျာနယ်ဂျောာ်မမလေးကတောင်းပန်တော့ သူပြောတယ်
ကလေးတွေကိုသူတို့ ဖြစ်ချင်တာ လုပ်ချင်တာတွေ တတ်နိုင်သမျှလုပ်ပေးရမှာ
မိဘ လူကြီးတွေရဲ့တာဝန်တဲ့
ဒီလို ကလေးချစ်တဲ့ သူ
တိုင်းပြည်လွတ်လပ်ရေးရပြီးရ င် စာရေးနေမယ်
ကလေးတွေကိုဘယ်လို ပြုစုပျိုးထောင်ရမှာလဲက အစ
မြန်မာ့လူမှုဘ၀တွေတိုးတက်ဖို့  စာရေးမယ် တဲ့
မိုးပေါ်က ကျလာတဲ့လူတစ်ယောက်တော့မဟုတ် ပါဘူး
လူထဲက လူတစ်ယောက်
သီချင်းတွေကြိုက်တယ်
ကီးမကိုက်တဲ့ သူ့အသံနဲ့သီချင်းဆိုတယ်
သူ့မှာဝတ်စုံဘယ်နှစုံ ကောင်းကောင်းရှိသလဲ
အင်္ဂလန်သွားတော့ အိန္ဒိယခဏ၀င်
နေရူးပေးလိုက်လို့ ခန့်ခန့်ငြားငြားဝတ်စုံလေးရ
သနားစရာ
ငါတို့လေးစားသူကြီးလေ
ငါတို့ချစ်ရသူကြီးလေ
ငါတို့ရဲ့ ထာဝရခေါင်းဆောင်ကြီးလေ
မြန်မာတည်သရ်ျ ကြီးမြတ်တဲ့ မဟာအာဇာနည်လေ
မိုးပေါ်က ကျလာတဲ့လူတစ်ယောက်တော့မဟုတ် ပါဘူး
လူထဲက လူတစ်ယောက်
တစ်မတ်တန်းက ရုပ်ရှင်ကြည့်တယ်
“ကြည် ပဲ ပြုတ်နဲ့ နံပြား ရရင် စားချင်တယ်”တဲ့
တော်တော်ရယ်စရာကောင်းတဲ့သူ
သူ ချစ်တာ“လွတ်လပ်ရေး”
သူအမြဲလိုချင်တာ“လွတ်လပ်ရေး ”
သူအသက်ရှင်နေတာ “လွတ်လပ်ရေး”
သူ ကျဆုံးသွားတော့အသက်က(၃၂)နှစ် ၁၉၄၇ ဇူလိုင် ၁၉မှာ
သူဟာ မိုးပေါ်က ကျလာတဲ့လူတစ်ယောက် မဟုတ်ပေမယ့်
ငါတို့တိုင်းပြည်အတွက်ကတော့
သူ လို လူမျိုးမရှိ
သူ ဟာ
မြန်မာပြည်အတွက်
မဟာ အာဇာနည်
ကြီးမြတ်သော သူရဲကောင်း
တုနှိုင်းမဲ့တဲ့ ကျေးဇူးရှင်
(သော်ဇင်အုန်း)
၆။၂။၂၀၁၃
Thaw Zin Ohn
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ကြိုဆိုဂုဏ်ပြု
အပ်ပါသည် ။
![]() |


![သည်နေ့ဟာ ဗြိတိသျှတို့ကို တော်လှန်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ငယ်မည်က မောင်ထိန်လင်း ညီအကို အနက် အငယ်ဆုံး၊ တချိန်လုံး ကိုယ်အတွေးနဲ့ နေခဲ့သူ၊ ပရိယာယ် မရှိ စကားကို ရိုးသားဖြောင့်မတ်ပဲ ပြောတတ်သူ၊ ငယ်စဉ်ကတည်းက စာအရာ မှာ ထူးချွန်သူ ဘာအရာကို မဆို ဇွဲဖြင့်သာ လုပ်ကိုင်ပြီး ဘာကိုမှ အရုံးမပေးတတ်သူ တိုင်းပြည်နဲ့လူမျိုးကို မိမိအသက်ထက် ချစ်မြတ်နိုးသူ ဖြစ်ပါတယ်။ မတတ်သာလို့ ဂျပန်နဲ့ပေါင်း ခဲ့လည်း နောက်ဆုံး မိမိ စခဲ့သည့်ကို မိမိကိုယ်တိုင် ပြန်ပြီး ဦးဆောင်ပြီး ဂျပန်ကို ပြန်တိုက်ထုတ် ခဲ့သူဖြစ်ပါတယ်။ ဗြိတိသျှတွေကို မျက်နှာသာပေးချင်းမရှိ ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံသူ။ တိုင်းရင်းသားများနှင့် ယုံကြည်မူကို ခက်ခက်ခဲခဲ တည်ဆောက်ရင်းနဲ့ပဲ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း မသာမာသူနိုင်ငံရေး အမြတ်ထုတ်သူတွေရဲ့ လုပ်ကြံမူကြောင့် တိုင်းပြည်ကို ကောင်းစားအောင် မဦးဆောင်လိုက်ရပဲ ၁၉၄၇ ဇူလိုင် ၁၉ မှာ ကွယ်လွန်ခဲ့သူ။ ဗိုလ်ချူပ်ကို ဘယ်မြန်မာနိုင်ငံသားကမှ မေ့သွားမည် မဟုတ်ပါ။
<visit-- @[238019852997308:274:သုတစွယ်စုံကျမ်း] -->](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash3/s480x480/542862_264090623723564_1758824922_n.jpg)



0 comments:
Post a Comment