Pages

Wednesday, February 13, 2013

မစ္စစ္စပီ ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ် လူပေါင်းများစွာ ဒဏ်ရာ ရရှိ

အမေရိကန် ပြည်ထောင်စု မစ္စစ္စပီ ပြည်နယ် တစ်လျှောက်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အဆောက် အအုံ များစွာ ပျက်စီး ခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရရှိ ခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။ အဆိုပါ လေဆင်နှာမောင်းသည် ဖေဖော်ဝါရီ ၁၁ ရက်က တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပြည်နယ် အတွင်းရှိ မြို့များ အနက် ဟက်တီစဘာ့ဂ် မြို့သည် လေဆင်နှာမောင်းဒဏ် အဆိုးရွားဆုံး ခံစား ခဲ့ရသော ဒေသဖြစ်ကြောင်း အာဏာပိုင် များက ပြောကြားသည်။ လေဆင်နှာမောင်းသည် ပြည်နယ် အတွင်းရှိ လမ်းမကြီး တစ်လျှောက် ဖြတ်သန်း တိုက်ခတ် သွားခဲ့ပြီး လေဆင်နှာမောင်း ဒဏ်ကြောင့် အိမ်ခြေများ၊ စီးပွားရေး အဆောက် အအုံပေါင်း များစွာနှင့် မစ္စစ္စပီ တောင်ပိုင်း တက္ကသိုလ်၏ နယ်မြေ အတွင်းရှိ အဆောက် အအုံ များစွာမှာလည်း ပျက်စီး ခဲ့သည်ဟု သိရ သည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြည်နယ် အုပ်ချုပ်ရေးမှူး ဖီးလ်ဘရိုင်ယန် အနေဖြင့် ဟက်တီ စဘာ့ဂ်မြို့ အတွင်းရှိ ခရိုင် လေးခုနှင့် အခြား လေဆင်နှာမောင်း ဒဏ်သင့် ဒေသများ၌ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထား ရကြောင်း သိရသည်။

  မြ၀တီ

0 comments:

Post a Comment