Pages

Wednesday, February 13, 2013

တောင်ကြီးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းရဲဝန်ထမ်းတစ်ဦးရဲ့ အဖြစ်ကို တောင်ကြီးတိုမ်းမှတဆင့် တင်ပြခြင်း (ပေးစာ)

ကျွန်တော်သည် တောင်ကြီးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းတွင် ကွန်ပျူတာတာဝန်ထမ်းဆောင်နေသည့်
ကိုယ်ပိုင်အမှတ် လ ၂၀၈၆၄၀ ရဲတပ်သားကျော်ရွှေလင်း ဖြစ်ပါတယ်။ ... ကျွန်တော်သည် ၂၀၁၂ ခုနှစ်ဇူလို

င်လမှစတင်ပြီး ရဲစခန်းမှူး ရဲအုပ်အောင်မင်းထံသို့ရဲတပ်ဖွဲ့မှနုတ်ထွက်ခွင့်ပြုရန် နုတ်ထွက်စာအား တင်ခဲ့ရာ (၇) ကြိမ်ခန့် တင်ခဲ့ရပြီး ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ထောက်ခံချက်လက်မှတ် ရေးထိုးပေးသဖြင့်တောင်ကြီး
မြို့နယ် ရဲတပ်ဖွဲ့မှူရုံးသို့ စာအမှတ် ၁၀၃(၁)/၈၀၆/ရေး ၁ (၁၄.၁.၂၀၁၃) ရက်နေ့ ချောစာအမှတ်-၀၀၁၈/
၂၀၁၃ နှင့် ပေးပို့ခဲ့သော်လည်း အထက်တို့က ဆက်လက်တင်ပြခြင်းမရှိ ဆိုင်ငံထားခဲ့ပါသည်။
ယ္ခုဆိုလျှင်ကျွန်တော်အား တောင်လေးလုံးတွင် အသစ်ဖွင့်လှစ်သည့် ရဲတပ်ရင်း (၂၆) သို့ ပြောင်ရွေ့တာဝန်
ထမ်းဆောင်ရန် အမိန့်ချခံခဲ့ရပါသည်။

ကျွန်တော်သည် ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက်တာဝန်ထမ်းဆောင်ရာတွင် (၅) နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ပါရှိပြီး၊ ယ္ခုဆိုလျှင် ကျွန်တော်၏လုပ်သက်မှာ (၁၀) နှစ် ပြည့်ခါနီး ဖြစ်ပါသည်။

ကျွန်တော်၏မိခင်မှာလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နေထိုင်လျှက်ရှိပြီးအသက်အရွယ်
မှာ (၅၆)

 နှစ်အရွယ်သို့ ရောက်ရှိသဖြင့် ကျန်မာရေးကောင်းမွန်ခြင်းမရှိပဲအရိုးကင်ဆာရောဂါ ဖြစ်ပွားနေသူဖြစ်သည့်
အတွက် အနီးကပ်ပြုစုရန် အခက်အခဲဖြစ်လျှက်ရှိသောကြောင့် မိခင်အားပြုစုစောင့်ရှောက်ရန် နူတ်ထွက်ခွင့် တင်ပြစာအား တင်ပြခဲ့ရာ ယခုဆိုလျှင် နုတ်ထွက်ခွင့် မရပဲ ပြောင်းရွေ့ခွင့်အမိန့်တောင် ထွက်ရှိလာခဲ့ပါ
သည်။

အဘရဲချုပ်ကြီးမှ အောက်ခြေအဆင့် ရှိတပ်ဖွဲ့ဝင်များ၏ သဘောဆန္ဒများသည် အထက်အကြီးအကဲ
များထံ

သို့ ရောက်ရှိခြင်းမရှိ၊ လမ်းတ၀က်တွင် ရပ်တန့်လျှက် ရှိပါသည်။

ကျွန်တော်၏ဆန္ဒအရ ရဲတပ်ဖွဲ့မှ ထွက်ခွါရန် တရားဝင်နူတ်ထွက်စာအား တင်ပြထားရှိသော်လည်း ရဲတပ်ရင်း (၂၆) သို့ ပြောင်းရွေ့ရန် အမိန့်ထွက်လာခဲ့သဖြင့် ကျွန်တော်သည် ရဲတပ်ဖွဲ့မှ စွန့်ခွါရန် ဆန္ဒရှိနေပြီး မိခင်ကြီး

အား ပြုစုစောင့်ရှောက်ခွင့် ရရန်အရေကြီးနေပါသဖြင့် အဘရဲချုပ်ကြီးမှ ကျွန်တော်၏ဖြစ်စဉ်ကို သိရှိရန်နှင့် စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် တောင်ကြီးတိုမ်းမှတဆင့် တင်ပြလိုက်ရပါသည်။

လေစားစွာဖြင့်
ရဲတပ်သားကျော်ရွှေလင်း
ကိုယ်ပိုင်အမှတ်-လ၂၀၈၆၄၀

ဤပေးစာအား ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် တောင်ကြီးတိုင်းမ်မှ လက်ခံရရှိပါသည်။
 

Taunggyi Time

0 comments:

Post a Comment