Pages

Wednesday, February 13, 2013

စာအုပ်တိုက် ၂၀ ကျော်ပါဝင်တဲ့ စာအုပ်အရောင်းပွဲတော် မန္တလေးမှာကျင်းပ

စာအုပ်တိုက် ၂၀ ကျော်ပါဝင်တဲ့ စာအုပ်အရောင်းပွဲတော် 
မန္တလေးမှာကျင်းပ 
Wednesday, February 13, 2013

စာအုပ်တိုက် ၂၀ ကျော်ပါဝင်တဲ့ စာအုပ်အရောင်းပွဲတော်ကို မန္တလေးမြို့ 
၈၄ လမ်းနဲ့ ၃၁ လမ်းထောင့်က ဓမ္မသာလာ ခန်းမ မှာ ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့က စပြီး ပြသနေပါတယ်။ 

စာအုပ်အရောင်းပွဲတော်မှာ ရာပြည့်၊ စိတ်ကူးချိုချို၊ ဇွန်ပွင့်၊ ပညာရှင်၊ ယဉ်မျိုး၊ Synergy၊ ပါရမီ၊ သုဝဏသျှန်၊ အလင်္ကာဝတ်ရည်၊ စိန်မိုးလျှံ၊ ပင်ဝါးရုံ၊ သီပာရတနာ၊ စာနဒီ၊ လင်းလွန်းခင်၊ ပြုံး၊ နေရီရီ၊ ရန်အောင်၊ Unity၊ သြကာသ၊ ခေတ်ပြတိုက်၊ ကံကော်ဝတ်ရည်၊ မျိုးဆက်သစ်၊ ဥတ္တရလမင်း၊ အလင်္ကာ စတဲ့ စာအုပ်တိုက်ပေါင်း(၂၀)ကျော်က ထုတ်ဝေတဲ့ စာအုပ်တွေကို အနည်းဆုံး ၁၀% မှ ၂၀% လျော့ဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ် ၃ အုပ် တစ်ထောင်၊ ကြိုက်တာယူ ၅၀၀ ကျပ်၊ ၅၀ ရာခိုင်နှုန်းထိလျော့ဈေး ဆိုပြီး အပြိုင်အဆိုင်လျော့ပေးနေတဲ့ဆိုင်တွေလည်း ပါဝင်ပါတယ်။ 

တန်ဖိုးရှိတဲ့စာအုပ်အဟောင်းတွေကိုလည်း ရရှိနိုင်သလို ပေါ့ပေါ့ပါးပါး အပျော်ဖတ်စာအုပ်လေးတွေကိုလည်း ၀ယ်ယူရရှိနိုင်တာက ဒီစာအုပ် အရောင်းပွဲတော်ရဲ့ ထူးခြားချက်တစ်ခုပါပဲ စာအုပ်အရောင်းပွဲတော်ကို ရာပြည့်မန္တလေး(စာအုပ်ဆိုင်)ရဲ့ ခုနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြုလုပ်နေတာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၇) ရက်ထိ ဖွင့်လှစ်ရောင်းချပေးမှာဖြစ်ပါတယ်။ 

(သတင်းဓါတ်ပုံ - ချစ်ကို၊ ငြိမ်းမိုးနောင်)
DVB TV News
(သတင်းဓါတ်ပုံ - ချစ်ကို၊ ငြိမ်းမိုးနောင်)
Wednesday, February 13, 2013

စာအုပ်တိုက် ၂၀ ကျော်ပါဝင်တဲ့ စာအုပ်အရောင်းပွဲတော်ကို မန္တလေးမြို့
၈၄ လမ်းနဲ့ ၃၁ လမ်းထောင့်က ဓမ္မသာလာ ခန်းမ မှာ ဒီကနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့က စပြီး ပြသနေပါတယ်။ စာအုပ်အရောင်းပွဲတော်မှာ ရာပြည့်၊ စိတ်ကူးချိုချို၊ ဇွန်ပွင့်၊ ပညာရှင်၊ ယဉ်မျိုး၊ Synergy၊ ပါရမီ၊ သုဝဏသျှန်၊ အလင်္ကာဝတ်ရည်၊ စိန်မိုးလျှံ၊ ပင်ဝါးရုံ၊ သီပာရတနာ၊ စာနဒီ၊ လင်းလွန်းခင်၊ ပြုံး၊ နေရီရီ၊ ရန်အောင်၊ Unity၊ သြကာသ၊ ခေတ်ပြတိုက်၊ ကံကော်ဝတ်ရည်၊ မျိုးဆက်သစ်၊ ဥတ္တရလမင်း၊ အလင်္ကာ စတဲ့ စာအုပ်တိုက်ပေါင်း(၂၀)ကျော်က ထုတ်ဝေတဲ့ စာအုပ်တွေကို အနည်းဆုံး ၁၀% မှ ၂၀% လျော့ဈေးနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ် ၃ အုပ် တစ်ထောင်၊ ကြိုက်တာယူ ၅၀၀ ကျပ်၊ ၅၀ ရာခိုင်နှုန်းထိလျော့ဈေး ဆိုပြီး အပြိုင်အဆိုင်လျော့ပေးနေတဲ့ဆိုင်တွေလည်း ပါဝင်ပါတယ်။


တန်ဖိုးရှိတဲ့စာအုပ်အဟောင်းတွေကိုလည်း ရရှိနိုင်သလို ပေါ့ပေါ့ပါးပါး အပျော်ဖတ်စာအုပ်လေးတွေကိုလည်း ၀ယ်ယူရရှိနိုင်တာက ဒီစာအုပ် အရောင်းပွဲတော်ရဲ့ ထူးခြားချက်တစ်ခုပါပဲ စာအုပ်အရောင်းပွဲတော်ကို ရာပြည့်မန္တလေး(စာအုပ်ဆိုင်)ရဲ့ ခုနှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ပြုလုပ်နေတာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၇) ရက်ထိ ဖွင့်လှစ်ရောင်းချပေးမှာဖြစ်ပါတယ်။

DVB TV News

0 comments:

Post a Comment