Pages

Wednesday, February 13, 2013

ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲ

Photo: ကမ္ဘာ့အချိန်အတိုဆုံး စစ်ပွဲ

Anglo-Zanzibar War အမည်ရ စစ်ပွဲဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။

ဗြိတိသျှကိုလိုနီတပ်နဲ့ ဇနီဘာတပ်တို့ကြားတိုက်ပွဲ ဖြစ်ပြီး တည်နေရာ ကတော့ အရှေ့ အာဖရိက၊ အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ကျွန်းစု Sultanate of Zanzibar မှာ ဖြစ်ပါတယ်။ ယခုတော့ ယင်းဟာ တန်ဇန်နီးယားနိုင်ငံရဲ့  အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းကတော့ ကိုယ်ပိုင်ထီးနန်းနဲ့နိုင်ငံဖြစ်ပြီး ကိုလိုနီတို့ရဲ့  နယ်ချဲ့ ခြင်းကို ခံခဲ့ရပါတယ်။ ကျွန်းပေါ်က ဗြိတိန်တို့ ယုံကြည်သော ဘုရင်ခံ Hamad bin Thuwaini မှ အဆိပ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံလိုက် ရခြင်းကြောင့် ဗြိတိန် တို့ ရုတ်တရက်စစ်ကြေညာပြီး ချီတက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဗြိတိန်ဘက်မှ ကြည်းတပ် စစ်သည် အင်အား ၁၅၀၀၊ ပင်လယ်တွင် စစ်သင်္ဘော ၃ စီး၊ အမြောက်သင်္ဘော ၂ စီး တို့ပါဝင်ပါတယ်။ Zanzibar မှာတော့ စစ်သည်အင်အား ၂၈၀၀၊ အမြောက် လေးလုံး၊ ကမ်းခြေစောင့် အမြောက်၊ ရေကြောင်း ရွက်လှေ ၁ စီး၊ စက်လှေ ၂ စီး စတာတွေ ပါဝင်ပါတယ်။

သို့ပေမယ့် စစ်ပွဲကို ဗြိတိန်တို့နိုင်ပါတယ်။ ၃၈ မိနစ်သာ ကြာပြီး ဗြိတိန်ဘက်မှာ ရေတပ်သား တစ်ဦးသာ ဒဏ်ရာရပြီး Zanzibar ဘက်မှာကျ စစ်သည် အယောက် ၅၀၀ သေဆုံးပါတယ်။ ရွက်လှေလည်း ပျက်ဆီးပါတယ်။ စက်လှေ ၂ စီးလည်း မှောက်ပါတယ်။ ကမ်းခြေစောင့် အမြောက်လည်း ပျက်ဆီးပါတယ်။

အင်အားအရ ပင်လယ်ရေကြောင်းမှာ ဗြိတိန်က သာခဲ့ပေမယ့် ကုန်းပေါ်မှာကျ လူအင်အားနည်းနည်း လက်နက်ကြီး နည်းနည်းနဲ့ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Zanzibar ဘက်မှာ အညံ့ခံလိုက်ရပါတယ်။ မိနစ် ၄၀ တောင် မပြည့်ခဲ့တဲ့ ယင်းစစ်ပွဲကို ကမ္ဘာ့ အချိန်အတိုဆုံး စစ်ပွဲအဖြစ် အသိအမှတ်ပြုထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_7787.html
Aye Chan Mon Re-post Date : 2013 Feb 12
News from: International news for myanmar

အေးချမ်းမွန်

Anglo-Zanzibar War အမည်ရ စစ်ပွဲဖြစ်ပြီး ၁၈၉၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲ ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီတပ်နဲ့ ဇနီဘာတပ်တို့ကြားတိုက်ပွဲ ဖြစ်ပြီး
 တည်နေရာ ကတော့ အရှေ့ အာဖရိက၊ အိန္ဒိယ သမုဒ္ဒရာအတွင်းမှ ကျွန်းစု Sultanate of Zanzibar မှာ ဖြစ်ပါတယ်။ ယခုတော့ ယင်းဟာ တန်ဇန်နီးယားနိုင်ငံရဲ့  အစိတ်အပိုင်း တစ်ခု အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ကိုယ်ပိုင်ထီးနန်းနဲ့နိုင်ငံဖြစ်ပြီး ကိုလိုနီတို့ရဲ့  နယ်ချဲ့ ခြင်းကို ခံခဲ့ရပါတယ်။ ကျွန်းပေါ်က ဗြိတိန်တို့ ယုံကြည်သော ဘုရင်ခံ Hamad bin Thuwaini မှ အဆိပ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံလိုက် ရခြင်းကြောင့် ဗြိတိန် တို့ ရုတ်တရက်စစ်ကြေညာပြီး ချီတက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဗြိတိန်ဘက်မှ ကြည်းတပ် စစ်သည် အင်အား ၁၅၀၀၊ ပင်လယ်တွင် စစ်သင်္ဘော ၃ စီး၊ အမြောက်သင်္ဘော ၂ စီး တို့ပါဝင်ပါတယ်။ Zanzibar မှာတော့ စစ်သည်အင်အား ၂၈၀၀၊ အမြောက် လေးလုံး၊ ကမ်းခြေစောင့် အမြောက်၊ ရေကြောင်း ရွက်လှေ ၁ စီး၊ စက်လှေ ၂ စီး စတာတွေ ပါဝင်ပါတယ်။

သို့ပေမယ့် စစ်ပွဲကို ဗြိတိန်တို့နိုင်ပါတယ်။ ၃၈ မိနစ်သာ ကြာပြီး ဗြိတိန်ဘက်မှာ ရေတပ်သား တစ်ဦးသာ ဒဏ်ရာရပြီး Zanzibar ဘက်မှာကျ စစ်သည် အယောက် ၅၀၀ သေဆုံးပါတယ်။ ရွက်လှေလည်း ပျက်ဆီးပါတယ်။ စက်လှေ ၂ စီးလည်း မှောက်ပါတယ်။ ကမ်းခြေစောင့် အမြောက်လည်း ပျက်ဆီးပါတယ်။

အင်အားအရ ပင်လယ်ရေကြောင်းမှာ ဗြိတိန်က သာခဲ့ပေမယ့် ကုန်းပေါ်မှာကျ လူအင်အားနည်းနည်း လက်နက်ကြီး နည်းနည်းနဲ့ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Zanzibar ဘက်မှာ အညံ့ခံလိုက်ရပါတယ်။ မိနစ် ၄၀ တောင် မပြည့်ခဲ့တဲ့ ယင်းစစ်ပွဲကို ကမ္ဘာ့ အချိန်အတိုဆုံး စစ်ပွဲအဖြစ် အသိအမှတ်ပြုထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

0 comments:

Post a Comment