Pages

Wednesday, February 13, 2013

ဆော်လ်မွန်ကျွန်းစုတွင် ၁၀ ရက်အတွင်း ငလျင်များ ဆက်တိုက်လှုပ်ခတ်

solomon islands earthquake

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဆောလ်မွန်ကျွန်းစုတွင် ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ဆော်လ်မွန်ကျွန်းစုတွင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက်မှစ၍ မြေငလျင်များ နေ့စဉ်နီးပါး ဆက်တိုက် လှုပ်ခတ်နေခြင်းဖြစ်ပြီး စနေနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) ကလည်း ရစ်ခ်ျတာစကေး ၆.၆ အဆင့်ရှိ ငလျင်တစ်ခု ဆော်လ်မွန်ကျွန်းစုတွင် လှုပ်ခတ်ခဲ့သည်။
ဖေဖေါ်ဝါရီ ၁ ရက်မှ ၁၀ ရက်အတွင်း ဆော်လ်မွန်ကျွန်းစုတွင် ရစ်ခ်ျတာစကေး ၆ အထက်ရှိ ငလျင်များလှုပ်ခတ်မှု မှတ်တမ်းမှာ အောက်ပါအတိုင်းဖြစ်ပြီး ဖေဖေါ်ဝါရီ ၆ ရက်နေ့တစ်နေ့တည်း၌ ငလျင် ၅ ကြိမ်တိုင် လှုပ်ခတ်ခဲ့သည်။

ဖေဖေါ်ဝါရီ ၁ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၆.၃)

ဖေဖေါ်ဝါရီ ၁ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၆.၄)

ဖေဖေါ်ဝါရီ ၆ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၆.၃)

ဖေဖေါ်ဝါရီ ၆ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၈.၀)

ဖေဖေါ်ဝါရီ ၆ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၇.၁)

ဖေဖေါ်ဝါရီ ၆ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၇.၀)

ဖေဖေါ်ဝါရီ ၆ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၆.၃)

ဖေဖေါ်ဝါရီ ၈ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၆.၈)

ဖေဖေါ်ဝါရီ ၈ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၇.၀)

ဖေဖေါ်ဝါရီ ၉ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၆.၆)

ဖေဖေါ်ဝါရီ ၁၀ ရက် - ဆော်လ်လမွန်ကျွန်းစု (ရစ်ခ်ျတာစကေး ၆.၃)



Planet Myanmar News:

0 comments:

Post a Comment