Pages

Wednesday, February 13, 2013

မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၏လုပ်ရပ်များအကြောင်း အထက်လူကြီးများ သိစေရန် တင်ပြခြင်း

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၂ ။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ တာလေးရပ်ကွက် ကျောက်တော်ကြီးကားဂိတ်ဝန်း တွင် တည်ရှိသော
စည်ပင်အမှုဆောင်အရာရှိဗိုလ်ကြီးခင်မောင်ြမင့်ဥက္ကဌအဖြစ်တာဝန်ယူထားသောမြို့နယ်စစ်မှုထမ်းဟောင်း
ရုံးပေါ်တွင် စစ်မှုထမ်းဟောင်းရုံးမှ အမှုဆောင်များနှင့် ရုံးစောင့်စစ်မှုထမ်းဟောင်း ဦးချစ်ထွန်း တို့သည် မိန်း
မပျက် (ကြေးစား) အမျိုးသမီးငယ်များနှင့် နေ့ရောညပါ ရုံးပေါ်တွင်ချက်ပြုတ်စားသောက် ပျော်ပါးနေပါ
သည်။
ပတ်ဝန်းကျင် ခရီးသွားများနှင့် အမြဲစည်ကားနေသည့် နေရာဖြစ်သည့်အပြင် စစ်မှုထမ်းဟောင်းအဖွဲ့မှ ငှား
ရမ်း ထားသည့် ဆိုင်ခန်းများ၊ ထမင်ဆိုင်များ၊ အအေးဆိုင်များ အမြင်တွင်လည်း လွန်စွာအကြီးတန်လျက် ရှိပါ
သည်။

အများပြည်သူ ကြည်ညိုလေးစားအားထားရမည့် သက်ကြီးရွယ်အို စစ်မှုထမ်းဟောင်းများမှ ယခုကဲ့သို့ လူ
စည်ကားရာ မြို့လယ်ခေါင် စစ်မှုထမ်းဟောင်း ရုံးပေါ်တွင် မြင်မကောင်းကြားမကောင်းဖြစ်နေသည့် အရေး
ကို တာဝန်ရှိသူများမှ စုံစမ်း စစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
  

Hinthata HumanRights

0 comments:

Post a Comment