Pages

Wednesday, February 13, 2013

ဗိုလ်ချုပ်၏ ပင်လုံညီလာခံ ညစာစားပွဲတွင်ပြောကြားခဲ့သော မိန့်ခွန်း


ယခု အစည်းအဝေးကြီး မှာ ရာထူးအားဖြင့် ကျွန်တော် အကြီးဆုံး ဖြစ်သော်လည်း အသက်အားဖြင့် အငယ်
ဆုံးဖြစ်ပါတယ်။ကျွန်တော်ဒီကို ရောက်လာတဲ့ကိစ္စနားလည်တာတစ်ခုပဲရှိပါတယ်။ဘာလဲဆိုရင် ဗမာပြည် လွတ်လပ် စေချင်တယ်၊ ညီညွတ် စေချင်တယ်၊ ကြီးပွားစေချင်တယ် ဒီဟာပါပဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀) နှစ် လောက်ကစပြီး ကြိုးစား လာခဲ့ပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ လုံးလုံး လွတ်လပ်တဲ့ ကိစ္စ ပြီးပြတ်သည် အထိ ကြိုးစားပါ
မယ်။
တစ်ခု နားလည်ထားကြဖို့ အချက်က ယခုခေတ် ကမ္ဘာကြီး အခြေအနေမှာ ဘယ်တိုင်းပြည် မဆို ကိုယ့်တိုင်းပြည် တစ်ပြည်တည်း အထီးထီးနေနိုင်တဲ့ အခြေမျိုး မရနိုင်ကြဘူး။ တစ်ပြည်နဲ့ တစ်ပြည် ပေါင်းစီ အမှီသဟဲ ရှိမှ နေနိုင်ကြမယ် ဆိုတဲ့ အချက်ပါပဲ။

နောက်တစ်ချက် က လူမျိုးရေး အကြောင်းကို ပြောလိုပါတယ်။ လူမျိုးရေး ဆိုတာ မှာလည်း ရှေးခေတ်က ဟစ်အော် လာကြတဲ့ (အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ) ဆိုတဲ့ စကားမျိုးကို လက်ကိုင် အသုံးပြုလို့ မလုံ
လောက် တော့ဘူး။ အမျိုး ဆိုရာမှာ ဘယ်လို အမျိုးကို တည်ရမလဲ၊ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများ လည်း ရှိသေးတယ်။

အခြားနိုင်ငံများကိုကြည့်လိုက်ရင် ဗမာပြည် မှာလို တိုင်းရင်းသားများ ရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်
၊ဂျပန်ပြည် နှင့်ရုရှားပြည်တို့မှာလည်းဒီအတိုင်း ပါပဲ။အမေရိကန် ပြည်မှာ အင်္ဂလိပ် စကားကို ပြောကြသော်
လည်း အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုး ဖြစ်အောင် ထူထောင်လျက် သူတို့ ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ။

ဒါ့ကြောင့် လူမျိုးရေး အားဖြင့် ကြည့်လျှင် အမျိုး တစ်မျိုးတည်းကို လိပ်ခဲတည်းလည်း စွဲပြီး ယူဆလို့ မဖြစ်
 နိုင်တော့ဘူး။ ဘာသာစကား ပင် တူသော်လည်း လူမျိုးခြားနား မှုမျိုး လည်းရှိပါတယ်။ ဘာသာ မတူသော်
လည်း လူမျိုး သီးခြား ဖြစ်နေတာလည်း ရှိပါတယ်။

ဥပမာ အမေရိကန်ကို ကြည့်လျှင် လူ တစ်မျိုးဖြစ်သော်လည်း ဘာသာစကား တူပါတယ်။ ရုရှားပြည်မှာ ဆို
ရင် ဘာသာစကား အမျိုးပေါင်း များစွာ ကွဲပြားသော်လည်း လူမျိုး ကတော့ တစ်မျိုးတည်း ဖြစ်ပါတယ်။ သာ
သနာ ဆိုတာကတော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာသာသနာကို ကိုးကွယ်နိုင်ကြတာပဲ။

ဗမာပြည်မှာ လူများစုက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန် ဘာသာ ကိုးကွယ်သူ မဟာမေဒင် ဘာသာ ကိုး
ကွယ်သူ နတ်ကိုးကွယ်သူ အမျိုးမျိုး ရှိတာပဲ။ သည်တော့ ဒါတွေကို စွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင်
ဘူး။

စစ်ကြီး အတွင်းက ကျွန်တော် စစ်ဝန်ကြီး လုပ်တုန်းမှာ ကရင် အမျိုးသား တပ်ရင်းစွဲ ဖွဲ့တဲ့အခါမှာ ထမင်းစား
ပွဲ တစ်ခုမှာ ကရင် စစ်သားတစ်ဦးက လူမျိုး အချင်းချင်း ညီညွတ်ဖို့ ပြောတဲ့အခါမှာ (ဗမာက ဖဲရိုက်၊ ကရင်က ငါးမျှား) ဆိုတာလို အတူတူပါပဲ လို့ ပြောတာကို သတိရမိပါတယ်။

ကိုယ့်ဒေသအလိုက် ကိုယ် ယုံကြည်တာ ကို ကိုးကွယ် နေထိုင်ကြပြီး တစ်တိုင်း တစ်ပြည်လုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စကြီးမျိုး မှာ ညီညီညွတ်ညွတ် လုပ်ကြရင် ဒါဟာ တစ်မျိုးတည်း လို့ ယူဆရမှာပဲ။ အချင်းချင်း သဘောကွဲ
လွဲမှုမျိုး ဆိုတာ ကတော့ နည်းနည်းပါးပါးတော့ ရှိမှာပဲ။

ဒါပေမယ့် သူတစ်ပါး နိုင်ငံက ကိုယ့်နိုင်ငံကို လာရောက် စော်ကားလို့ အသက်ကို စွန့်ပြီး မလျှော့တမ်း ကာ
ကွယ် တိုက်ခိုက် ကြတာမျိုးကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာပဲ။

တိုက်ခိုက်ကြတဲ့ အခါမှာလည်း စစ်သေနာပတိဟာ ကရင် ဖြစ်ချင်လည်း ဖြစ်မယ်။ ချင်းဖြစ်ချင်လည်း ဖြစ်
မယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာကြရမှာပဲ။ တစ်တိုင်းပြည်လုံး ကြီးပွား စေချင်ရင် လူအား၊
 ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက် အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့် ရှိကြမှာပဲ။

ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း ကချင် ချင်းတို့က တခြား တကွဲကွဲ တပြားပြား လုပ်နေကြရင်ဖြင့် အ
ကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်း လုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်
မယ်။

ပထမတော့ ကျုပ်တို့ အဆင်းရဲခံရမယ်။ ယခုအခါ အင်္ဂလန်ပြည်မှာ အစားအသောက် အ၀တ်အထည်များမှ စလို့ အတော် ချွေတာပြီး အဆင်းရဲခံနေကြတယ်။

ဒါဘာလဲ ဆိုရင် တစ်ပြည်လုံးအတွက် အကျိုးရှိအောင် လုပ်နေကြတာ ဖြစ်တယ်။ ဒီထက်ပိုပြီး ခရီးရောက်
အောင် ဆောင်ရွက်ချက် တစ်ခုထားဖို့ နားလည် စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့
ဘက် နိုင်ငံများ စုပေါင်း ဆောင်ရွက်နိုင်တဲ့ အား ဖြစ်တယ်။ အဲဒီအားမျိုး ရှိရင်တော့ ကမ္ဘာ့ထိပ်တန်း အခြေ
ဆိုက် ရောက်နိုင်မှာပဲ။

နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နှင့်သခင်) ဘ၀မျိုးတွင် မတည့်နိုင်ကြပေမယ့် လွတ်လပ်တဲ့ ဘ၀မျိုးဖြစ်ရင် မိတ်ဆွေအဖြစ် ချင်ခင်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

(ဗိုလ်ချုပ်၏ ပင်လုံညီလာခံ ညစာစားပွဲ မိန့်ခွန်းမှ..။)
Credit - ပင်လုံစာချုပ်၊ ပင်လုံညီလာခံ၊ ဦးပုကလေး "ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ"

ဦးပုကလေး "ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ" စာအုပ် ဒေါင်းနိုင်ပါပြီ


http://www.scribd.com/doc/125148598/U-Pu-Kalay-What-Our-Bogyoke-Did

http://www.mediafire.com/view/?3u3xxnk869xnjw0



0 comments:

Post a Comment