Pages

Thursday, January 10, 2013

" ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဉ်များ NLD ပါတီ သတင်းထုတ်ပြန်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု
ကြည်ဟာ လာမယ့် ဇန်န၀ါရီလ ၂၄ ရက်နေ့ အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ် မှာကျင်းပမဲ့ Rotary Club
ငြိမ်းချမ်းရေးဆုပေးပွဲအခမ်းအနားကို တက်ရောက်ပြီး ဆုလက်ခံ ရယူမယ်လို့ NLD ပါတီက ဒီကနေ့ သတင်း
ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဇန်န၀ါရီ ၂၈ ရက်နေ့ မှာ တောင်ကိုးရီးယားနိုင်ငံကိုသွားရောက်ပြီး အို
လံပစ် ပွဲတော်အခမ်းအနားကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ ရှိပါတယ်။

အဲဒီ တောင်ကိုးရီးယားနိုင်ငံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့စီစဉ်
ထားသလို တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာမိသားစုတွေ နဲ့လဲ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
 
RFA Burmese
 

0 comments:

Post a Comment