Pages

Thursday, January 10, 2013

မြန်မာနိုင်ငံပင်လယ်ပျော်များသမဂ္ဂတည်ထောင်

ရန်ကုန် ဇန်န၀ါရီ ၁၀

ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂအား ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်၍ မြန်မာသဘောင်္သားများအတွက် အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
“ဒီအဖွဲ့လေးက အရင်ကတည်းက ပြည်ပမှာဖွဲ့ထားတာပါ။အခုက ပြည်တွင်းမှာလည်း အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ရနေပြီဆိုတော့ ပြည်တွင်းမှာပါ အဖွဲ့တစ်ခုအဖြစ်ရပ်တည်နိုင်ဖို့ လုပ်နေပါပြီ” ဟု ၄င်းသမဂ္ဂမှ ဥက္ကဌ ဦးအောင်သူရက ပြောသည်။ အဆိုပါသမဂ္ဂအား 1991 ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြည်ပရောက်မြန်မာနိုင်ငံသား သဘောင်္သားများ စုပေါင်း၍ ထူထောင်ခဲ့ခြင်းဖြစ်သည်။၎င်းသမဂ္ဂအား 1993 ခုနှစ်တွင် နိုင်ငံတကာ ပို့ဆောင်ရေး အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ( ITF )မှ အဖွဲ့ဝင်နိုင်ငံအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂသည် လုပ်ဆောင်ချက်လေးမျိုးဖြင့် မြန်မာသဘောင်္သားများအား အကျိုးသက်ရောက် စေမည့်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး ၄င်းသမဂ္ဂပြည်တွင်း၌ တည်ထောင်ခွင့် ရရေးအတွက် ယခုလအတွင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။

အိမ်စည်စိုးစံ
Popular Myanmar News 

0 comments:

Post a Comment