Pages

Thursday, January 10, 2013

ထိုင်း၏ ထိပ်တန်းဘဏ် ကေဘဏ် မြန်မာတွင် ရုံးခွဲဖွင့်လှစ်

ထိုင်း၏ ထိပ်တန်းဘဏ် ကေဘဏ် မြန်မာတွင် ရုံးခွဲဖွင့်လှစ်

ရန်ကုန်၊ ဇန်န၀ါရီ ၁၀။

ထိုင်းအခြေစိုက် ထိပ်တန်းဘဏ်တစ်ခုဖြစ်သော  Kasikornbank (KBank)  သည် မြန်မာတွင် ၎င်း၏ ရုံးခွဲကို ယမန်နေ့က ဖွင့်လှစ်လိုက်သည်။ 

ကေဘဏ်ဟု အတိုကောက်ခေါ်ဝေါ်သည့် ယင်းဘဏ်၏ သုတေသနဌာန Kasikorn Research Centerကလည်း မြန်မာ့စီးပွားရေး သည် ၂၀၁၃ အတွင်း စုစုပေါင်း
ပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ ၆ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ကာ သဘာဝ ဓါတ်ငွေ့ ၊ ချည်ထည် နှင့် သစ်မာ တင်ပို့မှုများ အပါအ၀င် ပြည်ပပို့ကုန် တိုးတက်မှု ၁၁ ရာခိုင်နှုန်း ရှိမည်ဟု မှန်းဆထားသည်။ 

ကေဘဏ်၏ ရန်ကုန်ရုံးခွဲဖွင့်လှစ်ပွဲ သို့  မြန်မာတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ရန် ရောက်ရှိနေသော ထိုင်းကော်ပိုရေးရှင်းကြီးများ ဖြစ်သည့် ထိုင်းနိုင်ငံပိုင်
စွမ်းအင်ကုမ္ပဏီ ပီတီတီ PTT နှင့် မားမားခေါက် ဆွဲခြောက်များ ထုတ်လုပ်သည့် Thai President Foods မှ ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ကေဘဏ်၏ အကြီးတန်းအမှုဆောင် ဒုဥက္ကဋ္ဌ ဆုန်မ်ကီရတ် ဆီရီယာ ချတ်ချိုင်းက 
ထိုင်းသည် တရုတ်ပြည်နောက်တွင် မြန်မာ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်နေပြီး၊ ထိုင်းကုန်ပစ္စည်းအများ စုမှာလည်း မြန်မာတွင် လူသိများကြောင်း 
ဆိုသည်။ 

ကေဘဏ်သည်ဒေသတွင်း လုပ်ငန်းကွန်ရက်များ ဖန်တီးရေးအတွက် အရှေ့ အာရှနှင့် အာဆီယံဒေသတွင်းမှ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်။ 

ကေဘဏ်သည် ယခု ၂၀၁၃ အတွင်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားတို့တွင် လုပ်ငန်းကွန်ရက်များ ချဲ့ ထွင်ရန် စီစဉ်ထားပြီး အာဆီယံ+ ၃ နိုင်ငံများ တွင်လည်း လုပ်ငန်းများ ချိတ်ဆက်လုပ်နိုင်ရန် စီမံထားသည်။ 

၎င်း၏ ယခု ရန်ကုန်ရုံးခွဲသည် စီးပွားရေးလုပ်ငန်းများအတွက် သတင်း အချက်အလက်နှင့် အကြံပေးခြင်း ဝန်ဆောင်မှုများ၊ ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်မှုများ၊ ဥပဒေရေးရာ အတိုင်ပင်ခံမှုများ၊ စီးပွားရေးလုပ်ငန်း ကွန်ရက်များအတွက် အကူအညီပေးခြင်းများ လုပ်ဆောင် ပေးသွားမည်ဟု သိရသည်။

Ref: Bangkok Post

ရန်ကုန်၊ ဇန်န၀ါရီ ၁၀။

ထိုင်းအခြေစိုက် ထိပ်တန်းဘဏ်တစ်ခုဖြစ်သော Kasikornbank (KBank) သည် မြန်မာတွင် ၎င်း၏ ရုံးခွဲကို ယမန်နေ့က ဖွင့်လှစ်လိုက်သည်။

ကေဘဏ်ဟု အတိုကောက်ခေါ်ဝေါ်သည့်ယင်းဘဏ်၏သုတေသနဌာန Kasikorn Research Centerကလည်း

မြန်မာ့စီးပွားရေး သည် ၂၀၁၃ အတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ ၆ဒသမ ၃ ရာခိုင်နှုန်း
တိုးတက်မည်ဖြစ်ကာ သဘာဝ ဓါတ်ငွေ့ ၊ ချည်ထည် နှင့် သစ်မာ တင်ပို့မှုများ အပါအ၀င် ပြည်ပပို့ကုန် တိုး
တက်မှု ၁၁ ရာခိုင်နှုန်း ရှိမည်ဟု မှန်းဆထားသည်။
ကေဘဏ်၏ ရန်ကုန်ရုံးခွဲဖွင့်လှစ်ပွဲ သို့ မြန်မာတွင် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ရန် ရောက်ရှိနေ
သော ထိုင်းကော်ပိုရေးရှင်းကြီးများ ဖြစ်သည့် ထိုင်းနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ ပီတီတီPTT နှင့်မားမားခေါက် 
ဆွဲခြောက်များ ထုတ်လုပ်သည့် Thai President Foods မှ ကိုယ်စား လှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ကေဘဏ်၏ အကြီးတန်းအမှုဆောင်ဒုဥက္ကဋ္ဌဆုန်မ်ကီရတ်ဆီရီယာချတ်ချိုင်းက ထိုင်းသည် တရုတ်ပြည်

နောက်တွင် မြန်မာ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရပ်တည်နေပြီး၊ ထိုင်းကုန်ပစ္စည်းအများ စု
မှာလည်း မြန်မာတွင် လူသိများကြောင်း ဆိုသည်။

ကေဘဏ်သည်ဒေသတွင်း လုပ်ငန်းကွန်ရက်များ ဖန်တီးရေးအတွက် အရှေ့ အာရှနှင့် အာဆီယံဒေသတွင်း

မှ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသည်။

ကေဘဏ်သည် ယခု ၂၀၁၃ အတွင်း ဘရူနိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားတို့တွင် လုပ်ငန်းကွန်ရက်များ ချဲ့ ထွင်

ရန် စီစဉ်ထားပြီး အာဆီယံ+ ၃ နိုင်ငံများ တွင်လည်း လုပ်ငန်းများ ချိတ်ဆက်လုပ်နိုင်ရန် စီမံထားသည်။

၎င်း၏ ယခု ရန်ကုန်ရုံးခွဲသည် စီးပွားရေးလုပ်ငန်းများအတွက်သတင်းအချက်အလက်နှင့် အကြံပေးခြင်း ဝန်

ဆာင်မှုများ၊ ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်မှုများ၊ဥပဒေရေးရာအတိုင်ပင်ခံမှုများ၊ စီးပွားရေးလုပ်ငန်း 
ကွန်ရက်များအတွက် အကူအညီပေးခြင်းများ လုပ်ဆောင် ပေးသွားမည်ဟု သိရသည်။

Ref: Bangkok Post

0 comments:

Post a Comment