Pages

Thursday, January 10, 2013

"ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက မြန်မာ့ဆက်သွယ်ရေး ဆောင်ရွက်ပေးခြင်းမရှိ"

ဆက်သွယ်ရေးမှ တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ဖုန်းများ ဆင်းကတ်ပျောက်ဆုံးမှုကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျက်စီး ပါက အခမဲ့နှင့် ပျောက်ဆုံးပါက ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေးမည်ဟု ၂ဝ၁၂ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။ ယင်းသို့ သတင်းများထုတ်ပြန် ထားသော်လည်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တိုက်ရိုက်ဝယ်ယူ ထားသည့် ဖုန်းများကိုသာ ဆောင် ရွက်ပေးနေပြီး ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီများမှ ရောင်းချ ပေးသည့် ဖုန်းများကိုမူ ဆောင်ရွက် ပေးခြင်းမရှိကြောင်း ဝယ်ယူသူများ ထံမှ သိရသည်။

''ဖုန်းပျောက်လို့ ရွှေဂုံတိုင် ရုံးကို စာချုပ်တွေနဲ့ သွားပြန် လျှောက်တယ်။ ရုံးရောက်တော့ ဝန်ထမ်းက ဒီဖုန်းတွေ ဒီမှာ မလုပ် ပေးဘူး။ ရောင်းတဲ့ ကုမ္ပဏီကို သွားပြီးလျှောက်ပါပြောတယ်။ ဖုန်း ကိုလမ်းဘေးဖုန်းဆိုင်တွေက ဝယ် ထားတာပါ။ ဆက်သွယ်ရေးက ဝယ်မှ လုပ်ပေးမယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ သူတို့ထုတ်ထားတဲ့ ကတ် သူတို့ဘာသာ ပြန်လုပ်ပေး သင့်ပါတယ်၊ အခုတော့ ကုမ္ပဏီ ဘယ်နေရာမှန်းမသိနဲ့ ဒုက္ခရောက်ခဲ့ ရပါတယ်''ဟု မြောက်ဥက္ကလာမှ ဖုန်းပျောက်ဆုံးခဲ့သူ မနန်းဇာခြည် က ပြောသည်။

ထိုသို့ ကတ်ပျောက်ဆုံးမှုများ လာရောက်လျှောက်ထားသည့် ဖုန်းများမှာ ၂ဝ၁၂ ခုနှစ်မှ ရောင်းချ ပေးခဲ့သည့် ကျပ်နှစ်သိန်းတန် ဂျီ ဖုန်းများဖြစ်ပြီး ဖုန်းစတင် ရောင်းချ သည့် ကာလတွင် အလွယ်တကူ ဖုန်းဝယ်ယူ၍ မရခြင်းကြောင့် နီးစပ်ရာ ဖုန်းဆိုင်များနှင့်ကုမ္ပဏီ များတွင် ဝယ်ယူခဲ့ရသည့် ဖုန်းများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ဖုန်းများ ပျောက် ဆုံး၍ ပြန်လည်လျှောက်ထားရာ တွင် မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကတ်ပြန်လည်ထုတ်ပေး ချိန် နှစ်ပတ်ကြာမြင့်ပြီး ကုမ္ပဏီများတွင် လျှောက်ထားပါက တစ်လအထိ အချိန်ကြာမြင့်ကြောင်း ထိုသို့ ကုမ္ပဏီများမှ ဆောင်ရွက်သည့် အခါတွင် တစ်လကြာမြင့်ရခြင်း မှာ စာရွက်စာတမ်းများ ပြန်လည် စစ်ဆေး၍ တစ်ဆင့်ပြန်လုပ်ဆောင် ပေးရသည့်အတွက် အချိန်ကြာ မြင့်ခြင်းဖြစ်သည်ဟု ဖုန်းရောင်းချ သည့် ကုမ္ပဏီများမှ သိရသည်။
''လူတော်တော် များများ ကုမ္ပဏီကို သွားမလျှောက်ချင်ဘူး။ အခန့်မသင့်လို့ ဖုန်းပျောက်ခဲ့တာပဲ။ ဘယ်က ဖုန်းရောင်းရောင်း ဆက် သွယ်ရေး အနေနဲ့ ဆောင်ရွက်ပေး သင့်ပါတယ်''ဟု စမ်းချောင်းမြို့ နယ်မှ မဖြိုးဖြိုးက ပြောသည်။

ဖုန်းဆင်းကတ်ပျောက်ဆုံးမှု များအား ကုမ္ပဏီများ၌လျှောက် ထားခြင်းနှင့် ပတ်သက်၍ ဆက် သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ကုမ္ပဏီများဖုန်းနှင့် ပတ် သက်၍ လုပ်ကိုင်ခွင့်များပေးထား သည့် အတွက် ဖုန်းပျောက်ဆုံးမှုကို သက်ဆိုင်ရာကုမ္ပဏီမှသာ ဆောင် ရွက်ရမည်ဟု ထုတ်ပြန်ထား ကြောင်း ပြောသည်။

PN-052   
Popular Myanmar News 

0 comments:

Post a Comment