Pages

Thursday, January 10, 2013

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးသားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများက ကူညီလုပ်ကိုင် မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ..............

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးသားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများက ကူညီလုပ်ကိုင် မှုသည် ၆၀ ရာခိုင်နှုန်းခန့်ရှိ..............

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အမည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်းခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

''ကျောက်စိမ်း ကျောက်မျက် တင်ပို့ခြင်းကို အမေရိကန်အစိုးက ကန့်သတ်ထားတဲ့ အကြောင်းအရင်းကတော့ သူတို့ ပိတ်ပင် ကန့်သတ်ထားတဲ့သူတွေက ကျောက်မျက် ကျောက်စိမ်းအသင်းမှာ ပါဝင်နေလို့ ဖြစ်မယ်လို့ ယူဆပါတယ်။အရင် အစိုးရလက်ထက်က ခရိုနီတွေက ကျောက်မျက်အသင်းမှာ တာဝန်ယူထားတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေရတဲ့အတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။

အမေရိကန်အစိုးရက ကန့်သတ်ထားတဲ့ သူတွေ ကျောက်မျက်အသင်းမှာ တာဝန်တွေ မယူထားဘူးဆိုရင် ပတ်ဆို့မှုတွေ ရုပ်သိမ်းသွားနိုင်ပါတယ်''ဟု ဦးလှဆွေက ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေကြေးများကို ခ၀ါချရာတွင် ကျောက်စိမ်း ကျောက်မျက်က ရတယ်လို့ စာရင်းပြလျင် ငွေမဲမှ ငွေဖြူဖြစ်ဖို့ လွယ်ကူကြောင်း၊ မူးယစ်ဆေးဝါး နာမည်ပျက်ရှိသည့် အဖွဲ့အစည်း ကျောထောက်နောက်ခံ ကုမ္ပဏီများကိုလည်း လုပ်ကွက် ချထားပေးခြင်းများကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း ဦးလှဆွေက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ထွက်ကုန်များမပါရှိဘဲ ချန်လှပ်ခဲ့ခြင်းအပေါ် လုံးဝပြေလျော့ပေးရေး အမေရိကန်အစိုးရသို့ တောင်းဆိုပေးသွား ရန်အဆိုအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ရာ အမျိုးသားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

EMG

ကျောက်စိမ်း ကျောက်မျက် လုပ်ကွက်များတွင် ယခင်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ၏ အ
မည်ခံလုပ်ကွက်များကို ခရိုနီများမှ အကွက်ဝယ်ယူ ဦးဆောင်ကူညီ လုပ်ကိုင်ပေးမှုများသည် ၆၀ ရာခိုင်နှုန်း
ခန့်အထိ ရှိနေပြီး ဒေသခံ တိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း အမျိုး
သားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကဇန်န၀ါရီလ ၉ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်
 အစည်းအဝေးတွင် ပြောကြားခဲ့သည်။
'ကျောက်စိမ်း ကျောက်မျက်တင်ပို့ခြင်းကိုအမေရိကန်အစိုးကကန့်သတ်ထားတဲ့အကြောင်းအရင်းကတော့
သူတို့ ပိတ်ပင် ကန့်သတ်ထားတဲ့သူတွေက ကျောက်မျက် ကျောက်စိမ်းအသင်းမှာ ပါဝင်နေလို့ ဖြစ်မယ်လို့ ယူဆပါတယ်။အရင် အစိုးရလက်ထက်က ခရိုနီတွေက ကျောက်မျက်အသင်းမှာ တာဝန်ယူထားတော့ ဒေ
သခံတိုင်းရင်းသားတွေရဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးနေရတဲ့အတွက် လွှဲပြောင်းပေးဖို့ တိုက်တွန်းလိုပါတယ်။

အမေရိကန်အစိုးရက ကန့်သတ်ထားတဲ့ သူတွေ ကျောက်မျက်အသင်းမှာ တာဝန်တွေ မယူထားဘူးဆိုရင် ပတ်ဆို့မှုတွေ ရုပ်သိမ်းသွားနိုင်ပါတယ်ဟုဦးလှဆွေက ပြောကြားခဲ့သည်။မူးယစ်ဆေးဝါးက ရရှိတဲ့ ငွေကြေး

များကို ခ၀ါချရာတွင် ကျောက်စိမ်း ကျောက်မျက်က ရတယ်လို့ စာရင်းပြလျင် ငွေမဲမှ ငွေဖြူဖြစ်ဖို့ လွယ်ကူ
ကြောင်း၊ မူးယစ်ဆေးဝါး နာမည်ပျက်ရှိသည့် အဖွဲ့အစည်း ကျောထောက်နောက်ခံ ကုမ္ပဏီများကိုလည်း လုပ်ကွက် ချထားပေးခြင်းများကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း ဦးလှဆွေက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှ စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ပေးခဲ့ရာတွင် ကျောက်စိမ်းနှင့် ကျောက်

မျက်ရတနာ ထွက်ကုန်များမပါရှိဘဲ ချန်လှပ်ခဲ့ခြင်းအပေါ် လုံးဝပြေလျော့ပေးရေး အမေရိကန်အစိုးရသို့
တာင်းဆိုပေးသွား ရန်အဆိုအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တင်သွင်းခဲ့ရာ အမျိုး
သားလွှတ်တော်၌ ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment