Pages

Thursday, January 10, 2013

“ဘ”အက္ခရာယာဉ်များ အပ်နှံဖျက်သိမ်းတော့မည် ဖြစ်သောကြောင့် အပ်ကားဈေးကွက် ပြောင်းလဲမည်မဟုတ်နိုင်

“ဘ”အက္ခရာယာဉ်များ အပ်နှံဖျက်သိမ်းတော့မည် ဖြစ်သောကြောင့် အပ်ကားဈေးကွက် ပြောင်းလဲမည်မဟုတ်ဟု ကားဈေးကွက်အတွင်းမှ သိရသည်။“ဗ”အက္ခရာယာဉ်များ အပ်နှံခွင့် ပြုခဲ့ချိန်မှစတင်၍ “ဘ”အက္ခရာများ ကြိုတင်ဝယ်ယူစုဆောင်းမှုများ ရှိကြောင်းနှင့် ငွေလှည့်သူများလောက်သာ အရောင်းအ၀ယ်လုပ်ကြသည့်အတွက် “ဘ”အက္ခရာ ယာဉ်ဟောင်းတစ်စီးလျှင် ကျပ်သိန်း ၈၀ ကျော်ဖြင့်သာ ဈေးကွက်အေးနေကြောင်း ဟံသာဝတီကားပွဲစားတန်းမှ ကားဝယ်ရောင်း ဦးကျော်မျိုးက ပြောသည်။ “သူ့အောက်ကတက်လာတဲ့ “လ၊ သ၊ အ” တွေ သိန်း ၇၀ စွန်းစွန်းနဲ့ ပြန်ရောင်းရတယ်။ လက်ရှိမှာတော့ ဒီပေါ်ပင်တွေပဲ အရောင်းအ၀ယ်ဖြစ်နေတယ်” ဟု ၎င်းက ထပ်ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် “ဘ”အက္ခရာယာဉ်များကို ယခုလ ၁၁ ရက်တွင် စတင်အပ်နှံမည် ဖြစ်သည်။
အက္ခရာစဉ်အလိုက် ယာဉ်အိုယာဉ်ဟောင်းအပ်နှံခွင်ပြုပြီး အစီးရေမှာ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၇၀၉၉၉ ရှိပြီးဖြစ်၍ Mazda အုပ်စုဝင် လေလံများကို ဇူလိုင်လမှ စတင်အပ်နှံခွင့်ပြုခဲ့ရာ ၃၉၇၂ စီး အပ်နှံပြီး ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ မှတ်ပုံတင်သက်တမ်း နှစ် (၄၀)ကျော် ရှိသည့် “စ၊ ဆ၊ ဇ” အက္ခရာများ၊ ဒုတိယအဆင့် အနေဖြင့် ၂၀၁၁ နိုဝင်ဘာလတွင် မှတ်ပုံတင်သက်တမ်း နှစ် (၃၀)မှ နှစ် (၄၀)ကျော် အတွင်းရှိသည့် “ဈ၊ ည” အက္ခရာများ၊ ၂၀၁၂ ဇန်န၀ါရီလမှ စတင်၍ မှတ်ပုံတင်သက်တမ်း နှစ် (၂၀)မှ နှစ် (၃၀)ကျော် အတွင်းရှိ “ဏ၊ ထ၊ ဒ၊ ဓ၊ န၊ ပ၊ ဗ” အက္ခရာယာဉ်များ အပ်နှံခွင့် ပြုခဲ့ပြီး ဖြစ်သည်။

NW
Popular Myanmar News

0 comments:

Post a Comment