Pages

Thursday, January 10, 2013

“ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသား ဖက်စပ် ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းကုမ္ပဏီများကို လိုင်စင်ထုတ်မပေးရန် ဆန့်ကျင်ကန့်ကွက်ပြီ”

“ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသား ဖက်စပ် ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းကုမ္ပဏီများကို လိုင်စင်ထုတ်မပေးရန်  ဆန့်ကျင်ကန့်ကွက်ပြီ”

ရန်ကုန်၊ ဇန်န၀ါရီ ၁၀

ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသား ဖက်စပ်ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းကုမ္ပဏီများကို လိုင်စင်ထုတ်မပေးရန်  မြန်မာနိုင်ငံသား ခရီးသွားလုပ်ငန်းရှင်များက တရားဝင် ဆန့်ကျင်ကန့်ကွက်မှုကို ပြုလုပ် သွားမည်ဟု RUBY LAND မှ MD ဦးအေးကျော်က ယနေ့တွင် ပြောသည်။

၎င်းဦးဆောင်သည့် ခရီးသွားလုပ်ငန်းရှင် ၁၅ ဦး ပါဝင်သော အဖွဲ့က UMFCCI ရှိ ခရီးသွား လုပ်ငန်းရှင်အသင်း (Travel Association)၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ တရားဝင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အမျိုးသား အကျိုးစီးပွား အတွက်ပါဟု ဦးအေးကျော်က ပြောကြားခဲ့သည်။

သတင်းစာရှင်လင်းပွဲတွင် ပါဝင်ခဲ့သူ ဦးလှရွှေကလည်း “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက ထွက်သွားပြီဗျာ။ ဒီတော့ ဥပဒေမှာ ကျွန်တော်တို့ လိုက်လုပ်လို့ မရတော့ဘူး။ မကြာခင်ထွက်မယ့် နည်းဥပဒေထဲမှာတော့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ဒီကိစ္စက အရေးကြီးသွားပြီ။ လုံးဝကို နိုင်ငံခြားသား ပါဝင်ခွင့်ကို ခရီးလှည့်လည်ရေး လိုင်စင်မှာ မပေးသင့်ဘူး”ဟု ပြောသည်။

ဦးအေးကျော်က ဆက်လက်၍ နိုင်ငံခြားသားများ ဖက်စပ်ပါဝင်သော သို့တည်းမဟုတ် နိုင်ငံခြားသားများ အပြည့်အ၀လုပ်ကိုင်သော ကုမ္ပဏီများကိုသာ MIC ဥပဒေအရ၊ နည်းဥပဒေများအရ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ချပေးလိုက်မည် ဆိုပါက မြန်မာနိုင်ငံ၌ မလိုလားအပ်သော ဆုံးရှုံးမှုများသည့် အကျိုးရလဒ်များကို ခံစားရလိမ့်မည်ဟု သတိပေးမှုများကို ပြုလုပ်ခဲ့သည်။

“နိုင်ငံခြားသားပါဝင်ရင် အကျိုးစီးပွားတွေ ရလိမ့်မယ်လို့ ယုံကြည်နေတဲ့သူတွေ ရှိနေတော့ အခက်သားပဲဗျ၊ ကျန်တဲ့လုပ်ငန်းကို ကျွန်တော် မပြောဘူးနော်၊ ဒီခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံက လူတွေလုပ်နိုင်တာပဲဗျာ၊ ဘာဖြစ်လို့ ပေးရမှာလဲ”ဟု ၎င်းက ထပ်လောင်းဆိုသည်။

နိုင်ငံခြားသားများ ပါဝင်လာခြင်းကြောင့် လူကုန်ကူးမှု ပြဿနာ၊ အမျိုးကောင်းသားသမီးများ ပျက်စီးမည့် ပြဿနားများကို ကြုံလာမည့် ခရီးသွားလုပ်ငန်း အနာဂတ်အတွက် ဥပဒေပြဌာန်းခြင်းဆိုင်ရာ ခေါင်းဆောင်ပိုင်းများက အလေးထားသင့်ပါကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

“အခု ခေါင်းဆောင်ပိုင်းတွေက တပ်မတော်ပိုင်းက လာတာမဟုတ်လား၊ တပ်မတော်ဆိုတာ ပြည်သူ့အတွက် အသက်ပေးဖို့ဆို၊ အဲ့ဒီလောက်ထိ မလိုပါဘူးဗျာ။ ဒီကိစ္စကို ရေရှည်စဉ်းစားကြည့်ပါတော့”ဟု ဦးအေးကျော်က ထပ်မံကာ ပြောသည်။

ခရီးသွားလုပ်ငန်း၌ ပြည်ပလုပ်ငန်းရှင်များ ၀င်ရောက်ခွင့် မပြုရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာ ဥပဒေပြု အဖွဲ့များနှင့် နိုင်ငံတော်သမ္မတအကြံပေးများထံသို့ တရားဝင် စာပို့ခဲ့သော်လည်း အကြောင်းမထူးခဲ့ဘဲ MIC ဥပဒေကြီးသာ ထွက်ပေါ်လာခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ခရီးသွားလုပ်ငန်းရှင်များက ပြောဆိုခဲ့ကြသည်။

PN-051၊ ပြည့်ဖြိုး

ရန်ကုန်၊ ဇန်န၀ါရီ ၁၀

ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်အား နိုင်ငံခြားသားဖက်စပ်ပိုင်ဆိုင်သောခရီးသွားလုပ်ငန်းကုမ္ပဏီများ
ကို လိုင်စင်ထုတ်မပေးရန် မြန်မာနိုင်ငံသား ခရီးသွားလုပ်ငန်းရှင်များကတရားဝင်ဆန့်ကျင်ကန့်ကွက်မှုကို
 ပြုလုပ် သွားမည်ဟု RUBY LAND မှ MD ဦးအေးကျော်က ယနေ့တွင် ပြောသည်။ ၎င်းဦးဆောင်သည့် ခရီးသွားလုပ်ငန်းရှင်၁၅ ဦးပါဝင်သော အဖွဲ့ကUMFCCI ရှိခရီးသွားလုပ်ငန်းရှင်အသင်း 
(Travel Association)၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ထိုသို့တရားဝင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အမျိုး
သား အကျိုးစီးပွား အတွက်ပါဟု ဦးအေးကျော်က ပြောကြားခဲ့သည်။

သတင်းစာရှင်လင်းပွဲတွင် ပါဝင်ခဲ့သူ ဦးလှရွှေကလည်း “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက ထွက်သွားပြီဗျာ။ ဒီတော့ ဥပဒေမှာ ကျွန်တော်တို့ လိုက်လုပ်လို့ မရတော့ဘူး။ မကြာခင်ထွက်မယ့် နည်းဥပဒေထဲမှာတော့ ဟို
တယ်နှင့် ခရီးသွားလုပ်ငန်းအတွက် ဒီကိစ္စက အရေးကြီးသွားပြီ။ လုံးဝကို နိုင်ငံခြားသားပါဝင်ခွင့်ကိုခရီးလှည့်
လည်ရေး လိုင်စင်မှာ မပေးသင့်ဘူး”ဟု ပြောသည်။

ဦးအေးကျော်က ဆက်လက်၍ နိုင်ငံခြားသားများ ဖက်စပ်ပါဝင်သော သို့တည်းမဟုတ် နိုင်ငံခြားသားများ အပြည့်အ၀လုပ်ကိုင်သော ကုမ္ပဏီများကိုသာ MIC ဥပဒေအရ၊ နည်းဥပဒေများအရ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ချပေးလိုက်မည် ဆိုပါက မြန်မာနိုင်ငံ၌ မလိုလားအပ်သော ဆုံးရှုံးမှုများသည့် အကျိုးရလဒ်
များကို ခံစားရလိမ့်မည်ဟု သတိပေးမှုများကို ပြုလုပ်ခဲ့သည်။

“နိုင်ငံခြားသားပါဝင်ရင် အကျိုးစီးပွားတွေ ရလိမ့်မယ်လို့ ယုံကြည်နေတဲ့သူတွေ ရှိနေတော့ အခက်သားပဲဗျ၊ ကျန်တဲ့လုပ်ငန်းကို ကျွန်တော် မပြောဘူးနော်၊ ဒီခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံက လူတွေလုပ်နိုင်တာပဲ
ဗျာ၊ ဘာဖြစ်လို့ ပေးရမှာလဲ”ဟု ၎င်းက ထပ်လောင်းဆိုသည်။

နိုင်ငံခြားသားများ ပါဝင်လာခြင်းကြောင့် လူကုန်ကူးမှု ပြဿနာ၊ အမျိုးကောင်းသားသမီးများ ပျက်စီးမည့်
 ပြဿနားများကို ကြုံလာမည့် ခရီးသွားလုပ်ငန်းအနာဂတ်အတွက်ဥပဒေပြဌာန်းခြင်းဆိုင်ရာ ခေါင်းဆောင်
ပိုင်းများက အလေးထားသင့်ပါကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

“အခု ခေါင်းဆောင်ပိုင်းတွေက တပ်မတော်ပိုင်းက လာတာမဟုတ်လား၊ တပ်မတော်ဆိုတာ ပြည်သူ့အတွက် အသက်ပေးဖို့ဆို၊ အဲ့ဒီလောက်ထိ မလိုပါဘူးဗျာ။ ဒီကိစ္စကို ရေရှည်စဉ်းစားကြည့်ပါတော့”ဟု ဦးအေးကျော်
က ထပ်မံကာ ပြောသည်။

ခရီးသွားလုပ်ငန်း၌ ပြည်ပလုပ်ငန်းရှင်များ ၀င်ရောက်ခွင့် မပြုရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်
ဆိုင်ရာ ဥပဒေပြု အဖွဲ့များနှင့် နိုင်ငံတော်သမ္မတအကြံပေးများထံသို့တရားဝင်စာပို့ခဲ့သော်လည်း အကြောင်း
မထူးခဲ့ဘဲ MIC ဥပဒေကြီးသာ ထွက်ပေါ်လာခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့ခရီးသွားလုပ်ငန်း
ရှင်များက ပြောဆိုခဲ့ကြသည်။

PN-051၊ ပြည့်ဖြိုး

0 comments:

Post a Comment