Pages

Thursday, January 10, 2013

၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ပုသိမ် တို့တွင် ကျင်းပသွားမည်

၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင်နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ပုသိမ် တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်ဆီးဂိမ်းပြိုင်ပွဲများကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစား ကွင်းများနှင့် ဇဗ္ဗူသီရိအားကစားကွင်းများတွင် အားကစားနည်းအမျိုးအစားအလိုက် ထည့်သွင်းကျင်းပမည်ဖြစ် သည်။“ဆီးဂိမ်းအတွက် မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်တစ်ရာကျော်ရအောင် မျှော်မှန်းထားတယ်။ အားကစားနည်း တစ်ခုခြင်းစီအလိုက် စနစ်တကျလေ့ကျင့်နေကြတယ်။ အခုအားကစားနည်း ၂၉ မျိုးအတွက် ဆုတံဆိပ် ၄၃၀ ပေးဖို့ လျာထားဆောင်ရွက်နေတယ်” ဟု ဆီးဂိမ်းသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်သန်း က ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုတစ်ကြိမ် ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပခြင်းဖြစ်သည်
 
Messenger News

0 comments:

Post a Comment