Pages

Thursday, January 10, 2013

အမေရိကန် သံအမတ် ဒဲရက်မစ်ချဲလ် ကရင်နှင့် မွန်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက်မည်

ဇန်န၀ါရီ ၁၀၊ ၂၀၁၃၊ YPI

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ်သည် ယခုလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သို့ ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်မည်ဟု သံရုံးထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းထုတ်ပြန်ချက်တွင် သံအမတ်ကြီး၏ ခရီးစဉ်အတွင်း အစိုးရအရာရှိများ ၊ လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဘာသာရေး ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ
များကို တွေ့ဆုံသွားမည်ဟု ပါရှိသည်။ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ယင်းပြည်နယ်များတွင် နေထိုင်ကြသူများ၏ ကြုံတွေ့နေရသည့် ကိစ္စရပ်များကို သိရှိရန်နှင့် အပစ်အခတ်ရပ်စဲရေး ၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးသိရှိနိုင်ရန် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မစ္စတာ မစ်ချဲလ်ကို သံအမတ်ကြီးအဖြစ် လွန်ခဲ့သည့် နှစ်ဇွန်လတွင်ခန့်အပ်ခံရပြီးနောက် မြန်မာနိုင်ငံ တောင်
ပိုင်းဒေသများ ဖြစ်သည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်သို့ ပထမဆုံး သွားရောက်ခြင်းဖြစ်ပြီး ယခင်နှစ်ကုန်
ပိုင်းက စစ်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့၎င်း၊ ယင်းမတိုင်မီရခိုင်ပြည်နယ် သို့၎င်း သွား
ရာက်ကာ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား နှစ်ပေါင်း ၂၀ ကျော်ကြာ သံအမတ်ကြီးအဆင့် ဆက်ဆံ
ရး မရှိခဲ့ဘဲ ဦးသိန်းစိန် အစိုးရတက်လာသည့်နောက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုကို အသိအမှတ်ပြု
သည့်အနေဖြင့် ယမန်နှစ်လည်က သံတမန်အဆင့်ကို ပြန်လည် မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလက ဘားရက် အိုဘားမား၏ ရန်ကုန် ခရီးစဉ်သည် အမေရိကန် ပြည်ထောင်စု၏ သမ္မတတစ်ဦးအနေဖြင့်လည်း နှစ်ပေါင်း ၆၀ နီးပါးအတွင်း သမိုင်းတွင် သည့် မြန်မာနိုင်ငံခရီးစဉ် တစ်ရပ်ဖြစ်
ခဲ့သည်။
 
 Yangon Press International
 

0 comments:

Post a Comment