Pages

Thursday, January 10, 2013

ကချင်ခရီးစဉ်နှင့် ပတ်သတ်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

ကချင်ခရီးစဉ်နှင့် ပတ်သတ်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်း

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၅၂ မိနစ် 

ကချင်ဒေသသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက် နေ့လည် ၂ နာရီအချိန်က ရန်ကုန်မြို့ သင်္ဃကျွန်းမြို့နယ် ဝေဇန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ပြုလုပ်ခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးမှ KIO နယ်မြေတွင်ထိန်းသိမ်းခံထားသော မြန်မာရဲဘက်အဖွဲ့ဝင်(၂၇)ဦးအား
 မြန်မာ့တပ်မတော်သို့ ပြန်လည်လွှဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ KIO နယ်မြေတွင် ထိန်းသိမ်းခံထားသော မြန်မာရဲဘက်အဖွဲ့ဝင် တစ်ဦးချင်းစီနှင့် တွေ့ဆုံခဲ့ကြောင်း ပြန်လည်လွှဲပြောင်းပေးအပ်သည်ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်သောကြောင့် အဆင့်ဆင့်လုပ်ဆောင်ချက်များ ပြုလုပ်ပြီး ပြန်လည်လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း၊ KIO ဘက်မှလည်း ပြန်လည်လွှဲပြောင်းပေးရန်ဆန္ဒရှိကြောင်းနှင့် နိုင်ငံတော်မှလည်း လက်ခံမည်ဟုပြောကြားထားကြောင်းပြောခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် နှစ်ဘက်စစ်ခေါင်းဆောင်များ၏ သဘောထားများဖြင့်သာမဟုတ်ဘဲ ပြည်သူများနှင့် စစ်ဘေးသင့်ဒေသခံများ၏ သဘောထားကိုလည်း ဖော်ဆောင်သင့်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားအားလုံး၏သဘောထားကို လိုအပ်ကြောင်းပြောခဲ့သည်။

ကချင်ဒေသသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၀)ရက် နေ့လည် ၂ နာရီအချိန်က ရန်ကုန်မြို့ သင်္ဃ
ကျွန်းမြို့နယ် ဝေဇန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ပြုလုပ်ခဲ့သည်။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးမှ KIO နယ်မြေတွင်ထိန်းသိမ်းခံထားသော မြန်မာရဲဘက်
အဖွဲ့ဝင်(၂၇)ဦးအားမြန်မာ့တပ်မတော်သို့ ပြန်လည်လွှဲပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ KIO နယ်မြေ
တွင်ထိန်းသိမ်းခံထားသော မြန်မာရဲဘက်အဖွဲ့ဝင်တစ်ဦးချင်းစီနှင့် တွေ့ဆုံခဲ့ကြောင်း ပြန်လည်လွှဲပြောင်းပေး
အပ်သည်ဆိုသည်မှာ လွယ်ကူသော ကိစ္စမဟုတ်သောကြောင့် အဆင့်ဆင့်လုပ်ဆောင်ချက်များ ပြုလုပ်ပြီး
 ပြန်လည်လွှဲပြောင်းပေးအပ်မည် ဖြစ်ကြောင်း၊KIOဘက်မှလည်း ပြန်လည်လွှဲပြောင်းပေးရန်ဆန္ဒရှိကြောင်း
နှင့် နိုင်ငံတော်မှလည်း လက်ခံမည်ဟုပြောကြားထားကြောင်းပြောခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် နှစ်ဘက်စစ်ခေါင်း
ဆာင်များ၏ သဘောထားများဖြင့်သာမဟုတ်ဘဲ ပြည်သူများနှင့် စစ်ဘေးသင့်ဒေသခံများ၏ သဘောထား
ကိုလည်း ဖော်ဆောင်သင့်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားအားလုံး၏သဘောထား
ကို လိုအပ်ကြောင်းပြောခဲ့သည်။
မဇ္ဈိမသတင်းဌာန

0 comments:

Post a Comment