Pages

Friday, January 25, 2013

တရား သူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီလ ၂၄

ပြည်သူ လူထု၏ ယုံကြည်မှု ရရှိ စေရန်နှင့် တရား စီရင်ရေး တွင် ဖြောင့်မတ် မှန်ကန် စေရန် တရား သူကြီးများ တရားခွင် တက်တိုင်း ကျမ်းသစ္စာ ကျိန်ဆိုရန် တိုက်တွန်း ကြောင်း ပုသိမ် မဲဆန္ဒနယ် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။ ယင်း အဆိုကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဆဌမ အကြိမ် ပုံမှန် အစည်း အဝေး တွင် ၄င်းက အဆို တင်ခဲ့ခြင်း ဖြစ်သည်။ ကျမ်းသစ္စာ အက်ဥပဒေ ပုဒ်မ(၆) အရ ဟိန္ဒူ ဘာသာဝင် နှင့် မဟာမေဒင် ဘာသာဝင် သက်သေများ၊ ဂျူရီ လူကြီးများ၊ စကားပြန် များကို ချွင်းချက် ထားပြီး ကျန် ဘာသာဝင် တရားသူကြီး များသည် ပြည်သူ လူထုကို မဏ္ဍိုင် ပြုသော ကတိ သစ္စာ ပြုခြင်း ထက် ကျမ်း သစ္စာကို မပျက်မကွက် ကျိန်ဆို သင့်ကြောင်း ၄င်းက ပြောဆိုသည်။

ပြည်ထောင်စု တရား သူကြီးချုပ် နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရား သူကြီး များ၊ တိုင်းဒေသကြီး (သို့) ပြည်နယ် တရား လွှတ်တော် တရား သူကြီး များမှာ တရားသူကြီး တာဝန် ပေးအပ်စဉ် ကပင် နိုင်ငံတော် သမ္မတနှင့် တိုင်း ဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ များထံ အသီးသီး ကျမ်းသစ္စာ ကျိန်ဆိုပြီး ဖြစ်သဖြင့် တရားခွင် တက်တိုင်း နေ့စဉ် ကျမ်းသစ္စာ ကျိန်ဆိုရန် မလိုကြောင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားသည်။

ပြည်ထောင်စု တရားရုံးချုပ် နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရား သူကြီးများ အပါအဝင် မြို့နယ် တရားသူကြီး များသည် တရားခွင် တက်တိုင်း ပြည်သူ့ ရှေ့မှောက် တွင် ကျမ်းသစ္စာ ကျိန်ဆိုရန် ပြည်ထောင်စု တရား စီရင်ရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း တွင် ထည့်သွင်း ကာ ဇန်နဝါရီလ ၂၃ရက် နေ့တွင် တင်သွင်း ခဲ့ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒ နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန်က ပြောဆိုသည်။

တရား သူကြီးများ တရားခွင် တက်တိုင်း နေ့စဉ် ကျမ်းသစ္စာ ကျိန်ဆို နေရလျှင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း မှာ တန်ဖိုး မဲ့သွား နိုင်သည် ဟု ၁၉၄၀ ခုနှစ် လာဘ်ပေး လာဘ်ယူ အဂတိ လိုက်စား စုံစမ်းရေး ကော်မရှင်၏ အစီရင် ခံစာ တွင် ဖော်ပြ ထားကြောင်း ဦးစိုးညွန့်က ဆိုသည်။

7Day News

0 comments:

Post a Comment