Pages

Friday, January 25, 2013

ဘာအံမှာ ဘာသာရေးအဓိကရုဏ်းလုပ်နေတာ အမျိုးဘာသာကို စောင့်ရှောက်ခြင်းလား ၊ အဆင်အခြင်မဲ့ လုပ်ရပ်နဲ့ အရှက်ရစေခြင်းလား

အမျိုးဘာသာကို စောင့်ရှောက်ခြင်းလား ၊ အဆင်အခြင်မဲ့ လုပ်ရပ်နဲ့ အရှက်ရစေခြင်းလား 
===================================================

ဘားအံက မွတ်စလင် ဆိုင်တွေကို မ၀ယ်ဖို့ လုပ်တယ်ဆိုတဲ့ ကိစ္စကို အစက ကောလဟာလ
သတင်း တစ်ခုထင်နေတာ တကယ်ကြီး ဖြစ်နေတော့ စိတ်မကောင်းဖြစ်မိတယ် 
ရခိုင်လို ပဋိပက္ခ ဖြစ်ခဲ့တဲ့ နေရာမှာ လုပ်တဲ့ ကိစ္စဆိုရင် ခံသာသေးတယ် 
ရန်ဖြစ်ထားကြလို့ မခေါ်နိုင် မပြောနိုင် ဖြစ်နေတယ် မ၀ယ်နိုင်ဘူးဆိုတာ သဘာဝ ကျတယ် 
ဘာမှ မဆိုင်တဲ့ ဘားအံလို နေရာမှာ ဒီလို လှုပ်ရှားမူတွေ လုပ်တယ်ဆိုတော့  
ဗုဒ္ဓဘာသာဝင် စစ်စစ်တွေအတွက် တော်တော်တော့ မျက်နှာပျက်စရာ ကိစ္စပဲ 
ဒီကိစ္စမှာ ဦးဆောင်ပါဝင်တဲ့လူတွေကို သက်ဆိုင်ရာက အနည်းနဲ့ အများတော့ ခေါ်ယူ သတိပေးသင့်တယ် သူတို့တွေးတာတော့ လွယ်လွယ်လေး မွတ်စလင် ဆိုင်တွေမှာ မ၀ယ်နဲ့ 
ဒါဆို ပြီးပြီလို့ထင်မယ် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေတာ သတိမထားမိကြဘူး
တည်တည်ငြိမ်ငြိမ် ရှိနေတဲ့ နေရာတစ်ခုကို ဘာသာရေး အထိကရုန်းတွေ ဖြစ်အောင် လုပ်နေတာနဲ့ တူတူပဲ ၊ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေထဲမှာ သူများ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဖို့ မပါဘူး ဒီကိစ္စဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထင်ကြီး လေးစားစရာ
စံပြ လုပ်ရပ်လို့ လုံးဝ မသတ်မှတ်ပါဘူး အရှက်ရစရာ အဆင်အခြင်မဲ့ လုပ်ရပ်လို့ပဲ  မြင်ပါတယ်
သူတို့ မွှေးနေတဲ့ မီးဟာ အဲ့ဒီဒေသက  ယောင်္ကျား၊ မိန်းမ ၊ ကလေး ၊ လူကြီး ၊ သက်ကြီးရွယ်အို တွေရဲ့ အသက်ကို ချောက်ကမ်းပါးစွန်းရောက် ပို့နေတဲ့ လုပ်ရပ်ပါ.. 
မယောင်ရာ ဆီလူးနေခြင်းပါ 

*အဲ့လိုသာ လုပ်ကြေးဆိုရင် နာမကျန်းဖြစ်ရင်တောင် 
ဆေး ၀ယ် မသောက်ပါနဲ့ ဆေးရုံဆေးခန်း မသွားပါနဲ့
 မြန်မာနိုင်ငံရဲ့ အဓိက ဆေးရုံဆေးခန်း ဆေးပစ္စည်းတွေကို အိန္ဒိယ နိုင်ငံက အဓိက တင်သွင်းပြီး 
ရန်ကုန်ကနေ လက်ကားဖြန့်နေတာ ဘယ်ဘာသာဝင်တွေလည်း မသိရင် စုံစမ်းကြည့်ပါ

* ကားတွေ ဆိုင်ကယ်တွေ မစီးပါနဲ့ ဘာလို့လည်းဆိုတော့ ကမ္ဘာကို ရေနံတင်ပို့ ရောင်းချ နေတဲ့ အဓိက နိုင်ငံကြီး ၁၀ နိုင်ငံမှာ ၅ နိုင်ငံက မွတ်စလင်နိုင်ငံတွေပါ 

အရမ်းကို အမျိုးဘာသာ စောင့်ရှောက်ချင်နေတယ်ဆိုလည်း အသက်ပါ အသေခံပြီး လုပ်မယ်ဆိုလည်း အပြတ်သာလုပ်ပါ 

ဟိုမရောက် ဒီမရောက်နဲ့ ဗုဒ္ဓဘာသာ ရဲ့ ပုံရိပ် ပျက်စီးယုံလောက် လုပ်တာတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ ပြင်းပြန်းထန်ထန် ရှုံ့ချပါတယ် 

PS * ကျွန်တော် ဒီလို ဘာသာရေးနဲ့ ပတ်သတ်တဲ့ ပို့စ်တွေ ရေးတိုင်း သူငယ်ချင်းတွေကို ထပ်ခါ ထပ်ခါ remind လုပ်ရလေ့ရှိတဲ့ မက်ဆေ့လေး တစ်ခု ထပ်ပြောပါမယ်...  

ကိုယ့်ဗုဒ္ဓဘာသာ တိုင်းပြည်ကွ ဆိုပြီး ပြည်တွင်းက လူနည်းစုကို အနိုင်ကျင့် သမျှ .. မိသားစု စားဝတ်နေရေးကြောင့် မွတ်စလင် နိုင်ငံတွေမှာ တရားဝင်ရော တရားမ၀င်ရော သွားရောက် အလုပ်လုပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မျက်နှာကို နည်းနည်းလောက် ငှဲ့ကြဖို့ သတိရကြဖို့ လိုပါတယ် "

ညီသစ်

ဘားအံက မွတ်စလင် ဆိုင်တွေကို မ၀ယ်ဖို့ လုပ်တယ်ဆိုတဲ့ ကိစ္စကို အစက ကောလဟာလသတင်း တစ်ခု
ထင်နေတာ တကယ်ကြီး ဖြစ်နေတော့ စိတ်မကောင်းဖြစ်မိတယ် ရခိုင်လို ပဋိပက္ခ ဖြစ်ခဲ့တဲ့ နေရာမှာ လုပ်တဲ့ ကိစ္စဆိုရင် ခံသာသေးတယ် ရန်ဖြစ်ထားကြလို့ မခေါ်နိုင် မပြောနိုင် ဖြစ်နေတယ် မ၀ယ်နိုင်ဘူးဆိုတာ သဘာ
ဝ ကျတယ် ဘာမှ မဆိုင်တဲ့ ဘားအံလို နေရာမှာ ဒီလို လှုပ်ရှားမူတွေ လုပ်တယ်ဆိုတော့ ဗုဒ္ဓဘာသာဝင်စစ်
စစ်တွေအတွက် တော်တော်တော့ မျက်နှာပျက်စရာ ကိစ္စပဲ ဒီကိစ္စမှာ ဦးဆောင်ပါဝင်တဲ့လူတွေကို သက်ဆိုင်
ရာက အနည်းနဲ့ အများတော့ ခေါ်ယူ သတိပေးသင့်တယ် သူတို့တွေးတာတော့ လွယ်လွယ်လေး မွတ်စလင် ဆိုင်တွေမှာ မ၀ယ်နဲ့
ဒါဆို ပြီးပြီလို့ထင်မယ် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေတာ သတိမထားမိကြဘူး
တည်တည်ငြိမ်ငြိမ် ရှိနေတဲ့ နေရာတစ်ခုကို ဘာသာရေး အထိကရုန်းတွေ ဖြစ်အောင် လုပ်နေတာနဲ့ တူတူပဲ ၊ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေထဲမှာ သူများ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဖို့ မပါဘူး 
 
ဒီကိစ္စဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အထင်ကြီး လေးစားစရာစံပြ လုပ်ရပ်လို့ လုံးဝ မသတ်မှတ်ပါဘူး
အရှက်ရစရာ အဆင်အခြင်မဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်သူတို့ မွှေးနေတဲ့ မီးဟာ အဲ့ဒီဒေသက ယောင်္ကျား၊ မိန်းမ ၊ ကလေး ၊ လူကြီး ၊ သက်ကြီးရွယ်အို တွေရဲ့ အသက်ကို ချောက်ကမ်းပါးစွန်းရောက် ပို့နေတဲ့ လုပ်
ရပ်ပါ.. မယောင်ရာ ဆီလူးနေခြင်းပါ

*အဲ့လိုသာ လုပ်ကြေးဆိုရင် နာမကျန်းဖြစ်ရင်တောင် ဆေး ၀ယ် မသောက်ပါနဲ့ ဆေးရုံဆေးခန်း မသွားပါနဲ့
မြန်မာနိုင်ငံရဲ့ အဓိက ဆေးရုံဆေးခန်း ဆေးပစ္စည်းတွေကိုအိန္ဒိယ နိုင်ငံကအဓိကတင်သွင်းပြီးရန်ကုန်ကနေ
 လက်ကားဖြန့်နေတာ ဘယ်ဘာသာဝင်တွေလည်း မသိရင် စုံစမ်းကြည့်ပါ

* ကားတွေ ဆိုင်ကယ်တွေ မစီးပါနဲ့ ဘာလို့လည်းဆိုတော့ ကမ္ဘာကို ရေနံတင်ပို့ ရောင်းချ နေတဲ့ အဓိက
 နိုင်ငံကြီး ၁၀ နိုင်ငံမှာ ၅ နိုင်ငံက မွတ်စလင်နိုင်ငံတွေပါ

အရမ်းကို အမျိုးဘာသာ စောင့်ရှောက်ချင်နေတယ်ဆိုလည်း အသက်ပါ အသေခံပြီး လုပ်မယ်ဆိုလည်း အပြတ်သာလုပ်ပါ

ဟိုမရောက် ဒီမရောက်နဲ့ ဗုဒ္ဓဘာသာ ရဲ့ ပုံရိပ် ပျက်စီးယုံလောက် လုပ်တာတော့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေ
နဲ့ ပြင်းပြန်းထန်ထန် ရှုံ့ချပါတယ်

PS * ကျွန်တော် ဒီလို ဘာသာရေးနဲ့ ပတ်သတ်တဲ့ ပို့စ်တွေ ရေးတိုင်း သူငယ်ချင်းတွေကို ထပ်ခါ ထပ်ခါ remind လုပ်ရလေ့ရှိတဲ့ မက်ဆေ့လေး တစ်ခု ထပ်ပြောပါမယ်...

ကိုယ့်ဗုဒ္ဓဘာသာ တိုင်းပြည်ကွ ဆိုပြီး ပြည်တွင်းက လူနည်းစုကို အနိုင်ကျင့် သမျှ .. မိသားစု စားဝတ်နေ
ရးကြောင့် မွတ်စလင် နိုင်ငံတွေမှာ တရားဝင်ရော တရားမ၀င်ရော သွားရောက် အလုပ်လုပ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မျက်နှာကို နည်းနည်းလောက် ငှဲ့ကြဖို့ သတိရကြဖို့ လိုပါတယ် "

ညီသစ်

0 comments:

Post a Comment