Pages

Friday, January 25, 2013

ခုနစ်နှစ်တာ ထောင်ကျနေစဉ် အတွင်း ဘွဲ့ ၃၁ ခု စံချိန်တင် ယူနိုင်ခဲ့သည့် အိန္ဒိယ ဆရာဝန်

ဒေါက်တာ အဘာနူးပတ်တယ် အမည်ရှိ အိန္ဒိယမှ ဆရာဝန် တစ်ဦးသည် အကျဉ်းထောင် အတွင်း ခုနစ်နှစ် ကြာ အကျဉ်းချခံ ခဲ့ရသော်လည်း ၂ဝ၁၁ ခုနှစ်တွင် ထောင်ဒဏ်မှ မလွတ်မီ ဘွဲ့ဒီဂရီ ၃၁ ခုကို စံချိန်တင် ရယူ နိုင်ခဲ့ကြောင်း သိရသည်။

ဒေါက်တာ  အဘာနူးပတ်တယ်သည် ယခုအခါ အသက် ၅၇ နှစ်ပင် ရှိနေပြီ ဖြစ်သည်။ ၎င်းသည် ၂ဝဝ၅ ခုနှစ် အစောပိုင်းတွင် နိုင်ငံခြား ငွေကြေးလဲနှုန်း အက်ဥပဒေကို ချိုးဖောက်မှုကြောင့် ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ် ချမှတ်ခံ ခဲ့ရပြီး အဆင့်မြင့် လုံခြုံရေး အကျဉ်းထောင်တွင် အကျဉ်းချခံ ခဲ့ရခြင်း ဖြစ်သည်။

၎င်းသည် ၁၉၈၄ ခုနှစ်တွင် ဆေးပညာဘွဲ့ ပြီးကတည်းက အင်္ဂလိပ်စာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ခဲ့ပြီး အကျဉ်းထောင် စာကြည့်တိုက် အတွင်း ၎င်းအား နေရာချထား ပေးခြင်း ခံရသောအခါ ၎င်းအတွက် ဘာသာရပ် အမျိုးမျိုးကို ဖတ်ရှုလေ့လာရန် အခွင့်အရေး တစ်ရပ် ရရှိခဲ့သည်။

စင်စစ်တွင် တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားသည် နှင့်အမျှ ဒေါက်တာအဘာနူး ပတ်တယ်သည် Indira Gandhi Na-tional Open တက္ကသိုလ်၊ Dr.Babasaheb Ambedkar Open တက္ကသိုလ်နှင့် Annamalai တက္ကသိုလ် တို့နှင့် ဆက်သွယ်ကာ စာပေးစာယူ ဆက်တက် ခဲ့သည်။

အကျဉ်းထောင် အတွင်း ၎င်းနေထိုင် ခဲ့သော ၂ဝဝ၅ ခုနှစ် ဇန်နဝါရီမှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ပညာသင်ဆု များစွာကို ရရှိခဲ့ပြီး ဘွဲ့ ဒီဂရီပေါင်း ၃၁ ခုကို ရယူ နိုင်ခဲ့သလို လူ့အခွင့်အရေး ဆိုင်ရာ၊ ပရလောက ဆိုင်ရာ၊ အစားအစာနှင့် အာဟာရ ဆိုင်ရာ ဘာသာရပ် အသီးသီးတွင် ဒီပလိုမာ များလည်း ရယူ နိုင်ခဲ့သည့် အပြင် သိပ္ပံနှင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ်များ တွင်လည်း မဟာဘွဲ့များ ရရှိခဲ့ကြောင်း သိရ သည်။ 

http://www.myawady.net.mm/allnews/global/item/5297-2013-01-25-09-12-46#.UQKQ3p28B8E

မြ၀တီသတင်း

0 comments:

Post a Comment