Pages

Friday, January 25, 2013

KIA ကိုတိုက်ခိုက်နေသော ပခုက္ကူ အခြေစိုက် အစိုးရတပ် အမှတ် (၁ဝ၁) တပ်မ အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်ဖွဲ့စည်း ပုံပျက်ပြီး ဆုတ်ခွာခဲ့ရ

ပခုက္ကူ အခြေစိုက် အစိုးရတပ် အမှတ် (၁ဝ၁) တပ်မဖွဲ့စည်းပုံ ပျက်သွား

ရွှေဟင်္သာသတင်းဌာန၊ ဇန္နာဝါရီလ (၂၅) ရက်နေ့

ယနေ့မနက် (၄) နာရီမှ စတင်ပြီး လဂျားယန်စစ်မျက်နှာမှ ခါယာတောင်ကျောကို စစ်ဆင်ခဲ့သော ပခုက္ကူအခြေစိုက် အ မှတ် (၁၀၁) တပ်မ ဌာနချုပ်တပ်ဖွဲ့များသည် နေ့လည် (၁၀) နာရီခန့်တွင် အထိအခိုက်အကျအဆုံးများစွာဖြင့် တပ်ဖွဲ့စည်း ပုံပျက်ပြီး ဆုတ်ခွာခဲ့ရသည်ဟု လဂျားယန် စစ်မျက်နှာကို ကွပ်ကဲနေသော KIA ရှေ့တန်း တပ်မှူးတဦးက ဆိုပါသည်။

“ ဒီတပ်မ (၁၀၁) ကတော့ပြုတ်ပြီးဗျ။ ဘယ်ခံနိုင်မလဲဗျာ။ တက်လာပုံက အသေခံပြီး တက်လာတာ။ မသေဘဲ နေမ လား။ ပြီးတော့ လက်နက်ကြီး အားကိုးနဲ့ ချေမှုန်းနိုင်တယ်လို့ ယူဆတယ်လေ။ တပ်သားတွေကလည်း တိုက်ပွဲ သ ဘောကိုလည်း သိပ်နားမလည်ဘူး ထင်ပါတယ်ဗျ။ လူသစ်များမယ် လူငယ်မယ် ထင်ပါတယ်။ အဲဒါကြောင့် သေတာ ထိတာပေါ့။ အခုတော့ တပ်ပျက်လို့ တပ်မ (၆၆) တပ်နဲ့ လဲလိုက်ပြီး အဲတာနဲ့ စထိုးပါလေရော ဗျာ။ အခု (၄) နာရီအထိ ထိုးတဲ့အထိထိုး နေတုန်းပါ ဘဲ”ဟု ဆိုပါသည်။

မနက် (၄) နာရီမှစတင်လိုက်သော တိုက်ပွဲကို နေ့လည်ပိုင်း (၁၀) နာရီအချိန်တွင် ခေတ္တအပစ်ရပ်သွားခဲ့သည်ဟုဆိုပါ သည်။ ထမင်းစားချိန်ကြောင့် ခေတ္တရပ်သည်ဟု KIA တပ်များက တွက်ဆထားလိုက်ပါသည်။ သို့သော် တပ်ဖွဲ့စည်းပုံ ပျက်ပြီး တပ်မအပြောင်းအလဲ လုပ်သွားသည်ကို မသိလိုက်ပေ။ နေ့လည် (၁) နာရီအချိန်ကို ရောက်သော အခါ အစိုး ရတပ်များ အသစ်ထပ်မံ စစ်ဆင်တော့မှ တပ်မပြောင်းလဲထားသည်ကို သိလိုက်ရသည်ဟု KIA တပ်မှူးက ဆိုပါသည်။

ဒီဇင်ဘာလ ကုန်ပိုင်းမှ စတင်ခဲ့သော လဂျားယန်ဒေသ ထိုးစစ်တွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံတပ် ရင်းများဖြစ်သည့် ခမရ (၂၅၁)၊ (၂၅၂)၊ (၂၅၃)၊ (၂၅၄)၊ (၂၅၅)၊ (၂၅၆)၊ (၂၅၇)၊ (၂၅၈)၊ (၂၅၉)၊ တပ်ရင်းမျာက ပါ ၀င်ခဲ့ပါသည်။ ဤအထဲ၌ ခမရ (၂၅၂)၊ (၂၅၈) မှ တပ်ရင်းမှူး နှစ်ဦးသည် ပြင်ထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ခလရ (၂၅၈) တပ် ရင်းနှင့်အတူ အစောပိုင်းကတည်းက တပ်ပျက်သွားခဲ့သည်ဟု KIA ဖက်က ဆိုပါသည်။

 သို့သော် လက်ကျန်(၆) ရင်းဖြင့် စစ်ဆင်လာခဲ့ရာ၊ လဂျားယန်တိုက်ပွဲ၊ ပွိုင့် (၇၇၁) တိုက်ပွဲနှင့် ခါယာတောင်ကျောတိုက်ပွဲ များ ဆက်တိုက် တိုက်ခိုက်လာခဲ့ရာမှ ယနေ့ တပ်မတခုလုံး ဖွဲ့စည်းပုံ ပျက်သွားခဲ့ခြင်း ဖြစ်ပါသည်။ တပ်ရင်းတရင်းတွင် တိုက်အားအများဆုံး (၁၃၀) ခန့်သာရှိသည်ဟု KIA ဖက်မှ တွက်ဆ ထားပါသည်။ ဤကဲ့သို့တပ်ရင်း အင်အားနည်းလွန်း သဖြင့် တပ်ရင်းမှူးများက ရှေ့တန်း စစ်မျက်နှာအထိ ဦးစီးနေရသည့်အတွက် ထိခိုက်ကျဆုံးမှု ဖြစ်လာခဲ့ရပါသည်။

ဤစစ်မျက်နှာသို့ အရန်တပ်အဖြစ် စစ်ကူပေးနေသော တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများက အစားထိုးခဲ့ခြင်းဖြစ် ပါသည်။ တပ်မ (၆၆) သည် ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည့် ကြားမှ စစ်ကူရောက်ရှိလာ ခြင်းဖြစ်ပါသည်။ အစိုးရတပ်ဖွဲ့များသည် အရန်တပ်ပြသနာ ဖြစ်လာနေပြီး အရန်တပ်ဖွဲ့များကို ရေတပ်ဌာနချုပ်တပ်ဖွဲ့ များဖြင့် အစားထိုးထားသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။

အစိုးရသည် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကိုစိုးမိုးနိုင်ရန် ခါယာတောင်ကျောကို စစ်မျက်နှာ(၃) ဖြင့် အပြင်းအထန်ထိုး စစ်ဆင်နေပါသည်။ ၁၀၅ မမ၊ ၁၅၅ မမ၊ ၁၂၀ မမလောင်ချာများကို တနာရီလျှင် ကျည်ပေါင်း ထောင်နှင့်ချီ ပစ်ခတ်ပြီး စစ်ဆင်နေသည်မှာ တလပြည့်ပြိး ဖြစ်ပါသည်။ သို့သော် အောင်မြင်မြင်မှု မရသည့်အတွက်  အရှက်သဘော ရနေကြပြီး အစိုးရ၏လွှတ်တော်ကပါ လိုင်ဇာတိုက်ပွဲထဲသို့ ၀င်ရောက်လာပါသည်။

အပစ်အခတ်ရပ်စဲရန် ရွှေလက်ဖြင့် ခေါ်၍မရသော KIA အား ဆက်လက် ချေမှုန်းသွားရန် စစ်အစိုးရ တဖြစ်လဲ လက်ရှိ အစိုးရ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ပါသည်။ ဤသည် အစိုးရလွှတ်တော်၌ ၂၀၀၈ အခြေခံဥပဒေ အောင်မြင် ရေးနှင့် တိုင်းရင်းသား များအပေါ် ချိုးနှိမ်ရေး အစီစဉ်မှာ တညီတညွတ်တည်း ရှိနေကြောင်း အထင်အရှား ပြသခြင်းဖြစ် သည်ဟု အကဲခတ်များက ဆိုပါသည်။

ဇန္နာဝါရီလ (၂၅) ရက်နေ့

ရွှေဟင်္သာသတင်းဌာန၊

0 comments:

Post a Comment