Pages

Friday, January 25, 2013

ကချင် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ရဲ့ ရှေ့ပြေး အဖွဲ့ဝင် (၆)ဦးအား စစ်တပ်မှတားဆီးထား

လိုင်ဇာသို့သွားရောက်သူ(၆)ဦးအား စစ်တပ်မှတားဆီးထား

လိုင်ဇာ၊ ဇန်နဝါရီ၊ ၂၄။

ကချင်စစ်ပွဲ ရပ်စဲရေးအတွက် လိုင်ဇာသို့ သွားရောက်သူ(၆)ဦးအား
ယနေ့နေ့လည် ၁နာရီအချိန်ခန့်တွင် လိုင်ဇာနှင့် ဆယ့်ငါးမိုင်ခန့်အကွာ
ခါလာတောင်ခြေ ၊ သိန်းဆင့်လမ်းခွဲ၌ အစိုးရစစ်တပ်မှ တားဆီးထားကြောင်း
လိုက်ပါသွားသူတစ်ဦးဖြစ်သော ကိုနေမျိုးဇင်ကပြောကြားသည်။

၎င်းတို့(၆)ဦးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှ
လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး အလံသယ်ဆောင်ကာ လမ်းလျောက်သည့်
အဖွဲ့စတင်ထွက်ခွာသည့်နေ့၌ ကားဖြင့်ကြိုတင်ထွက်ခွာသွားကြသူများ
ဖြစ်သည်။

ဗျူဟာမှူး၏အမိန့်အရ ယခုလိုတားဆီးခြင်းဖြစ်ပြီး တရားဝင်အဖွဲ့အစည်း
မဟုတ်၍ ဝင်ခွင့်မပြုနိုင်ကြောင်း၊ ကေအိုင်အေမှ ထောင်ထားသော
မြေမြှပ်မိုင်းများရှိနေသောကြောင့် အသက်အန္တရာယ်ရှိကြောင်းနှင့်
အခြား တရားမဝင်လမ်းများမှ သွားပါကလည်း မှားယွင်းပတ်ခတ်မိက
တာဝန်မယူနိုင်ဟု ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးမှ ပြောဆိုကြောင်း
အဆိုပါ ကားတွင် လိုက်ပါသူ ကိုနေမျိုးဇင်က ပြောကြားသည်။

"အခုတော့ လှည့်ပြန်လာခဲ့ပြီး မိုးမောက်မြို့ က ဒေါ့ဖုန်းယန်ရွာကို
ရောက်နေပါပြီ၊ ဒီကရွာသားတွေကလည်း အရမ်းဆင်းရဲတာတွေ့လို့
ပါလာတဲ့ အကူအညီတွေ ဝေငှပေးနေပါတယ်" ဟု ၎င်းက မြန်မာ့ခေတ်သို့
ပြောကြားသည်။
The Myanma Age

ကချင်စစ်ပွဲ ရပ်စဲရေးအတွက် လိုင်ဇာသို့ သွားရောက်သူ(၆)ဦးအားယနေ့နေ့လည် ၁နာရီအချိန်ခန့်တွင် 
လိုင်ဇာနှင့် ဆယ့်ငါးမိုင်ခန့်အကွာခါလာတောင်ခြေ ၊ သိန်းဆင့်လမ်းခွဲ၌အစိုးရစစ်တပ်မှတားဆီးထားကြောင်း
လိုက်ပါသွားသူတစ်ဦးဖြစ်သော ကိုနေမျိုးဇင်ကပြောကြားသည်။ ၎င်းတို့(၆)ဦးသည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မှလိုင်ဇာမြို့သို့ ငြိမ်းချမ်းရေး အလံသယ်
ဆာင်ကာ လမ်းလျောက်သည့်အဖွဲ့စတင်ထွက်ခွာသည့်နေ့၌ ကားဖြင့်ကြိုတင်ထွက်ခွာသွားကြသူများဖြစ်
သည်။

ဗျူဟာမှူး၏အမိန့်အရ ယခုလိုတားဆီးခြင်းဖြစ်ပြီး တရားဝင်အဖွဲ့အစည်းမဟုတ်၍ ဝင်ခွင့်မပြုနိုင်ကြောင်း
၊ ကေအိုင်အေမှ ထောင်ထားသောမြေမြှပ်မိုင်းများရှိနေသောကြောင့်အသက်အန္တရာယ်ရှိကြောင်းနှင့်အခြား
တရားမဝင်လမ်းများမှ သွားပါကလည်း မှားယွင်းပတ်ခတ်မိကတာဝန်မယူနိုင်ဟု ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး
မှ ပြောဆိုကြောင်းအဆိုပါ ကားတွင် လိုက်ပါသူ ကိုနေမျိုးဇင်က ပြောကြားသည်။

"အခုတော့ လှည့်ပြန်လာခဲ့ပြီး မိုးမောက်မြို့ က ဒေါ့ဖုန်းယန်ရွာကိုရောက်နေပါပြီ၊ ဒီကရွာသားတွေကလည်း
 အရမ်းဆင်းရဲတာတွေ့လို့ပါလာတဲ့ အကူအညီတွေ ဝေငှပေးနေပါတယ်" ဟု ၎င်းက မြန်မာ့ခေတ်သို့ပြော
ကြားသည်။

The Myanma Age

0 comments:

Post a Comment