Pages

Friday, January 25, 2013

ကမ္ဘာ့ရှေးဦးကုန်းသတ္တဝါများ ဖျံကဲ့သို့ သွားလာခဲ့ဟု သုတေသီများ မှတ်ချက်ပြု


ကမ္ဘာပေါ်တွင် ပထမဆုံး ရှင်သန် နေထိုင်ခဲ့ကြသော ကုန်းသတ္တဝါများသည် ဖျံများကဲ့သို့ သွားလာခဲ့ကြောင်း သုတေသီများက မှတ်ချက်ပြု ပြောဆိုလိုက်သည်။ နိုင်ငံတကာ ပညာရှင်များ ပါဝင်သည့် သုတေသန အဖွဲ့တစ်ခုသည် ယခုတွေ့ရှိချက်ကို ပထမဆုံးအကြိမ် အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။
ကျောရိုး တည်ဆောက်ပုံအရ ပထမဆုံး Tetrapodများ (ခြေလေးချောင်း သတ္တဝါများ)သည် ယနေ့ခေတ် ဖျံများကဲ့သို့ သွားလာနိုင်ကြောင်း သုတေသီများက သုံးသပ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်သန်းပေါင်း (၃၆၀)ကျော်က ရုပ်ကြွင်းများကို အဆင့်မြင့် နည်းပညာသုံး X-Rayဖြင့် စစ်ဆေးကာ အချက်အလက်သစ်များ တွက်ဆပြီးနောက် လှုပ်ရှားသွားလာမှုဆိုင်ရာ ကောက်ချက်အသစ်ကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ Tetrapodများသည် လွန်ခဲ့သည့် နှစ်ပေါင်း သန်း(၄၀၀)ကျော်က ခြေလက်များ သန်မာစွာ မဖွံ့ဖြိုးသေးဟု သိရှိရသည်။

အစောဆုံး Tetrapodများသည် ကုန်းနေရေနေ သတ္တဝါများ ဖြစ်လေ့ ရှိကြပြီး ရေတိမ်ပိုင်းတွင် ကျက်စားကာ ခန္ဓာကိုယ်အား တရွတ်ဆွဲပြီး ခရီးတိုမျှ သွားလာနိုင်မည်ဟု ပညာရှင်များက ယူဆထားသည်။ သုတေသီများ အားလုံးက အဆိုပါ Tetrapod အားလုံးတွင် ကျောရိုးရှိသည်ဆိုသော အချက်ကိုမူ လက်ခံထားသည်။ 


 သို့သော်လည်း ယနေ့ခေတ် သက်ရှိများနှင့် ကွာခြားသည်မှာ ထိုကာလက Tetrapodများ၏ ကျောရိုးသည် အဆစ်များ ချိတ်ဆက်ထားခြင်း မဟုတ်ဘဲ တစ်ချောင်းတည်း ဖြစ်နေခြင်းဟု သိရသည်။ ယခုတွေ့ရှိချက်နှင့် ဆက်နွယ်သော အသေးစိတ် အချက်အလက်များကို Natureဂျာနယ်တွင် ဖော်ပြထားသည်။

Source: ScienceRecorder, Planet Myanmar Network:

0 comments:

Post a Comment