Pages

Friday, January 25, 2013

စီမံကိန်း အမည်သာရှိပြီး လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ငန်းနည်းပါးသည့်အတွက် အုတ်သဲကျောက်များ အရောင်းအ၀ယ်အေးပြီး ဈေးနှုန်းကျဆင်း

စီမံကိန်းအမည်သာရှိပြီးလက်တွေ့အကောင်အထည်ဖော်သည့်လုပ်ငန်းနည်းပါးသည့်အတွက်အုတ်သဲကျောက်
များ အရောင်းအ၀ယ်အေးပြီး ဈေးနှုန်းများပါ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ
သည်။ယခုနှစ်အတွင်း၌ တည်ဆောက်ရေးစီမံကိန်းပေါင်း များစွာကို လျာထားထားနိုင်သော်လည်း အမှန်တ
ကယ်စတင်တည်ဆောက်မည့် ကာလမှာ လိုနေသေးကြောင်း သိရသည်။နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလ
တို့မှာ အုတ်ထွက်သည့်အချိန်ဖြစ်ပြီး အရောင်းအ၀ယ် သွက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ အရောင်းအ
ဝယ် ပါးလျက်ရှိကြောင်း၊ သဲနှင့် ကျောက်စရစ် ၀ယ်လိုအားမှာလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာ
စွာ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ အုတ်သဲကျောက် ရောင်းဝယ်မှုအခြေအနေနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အုတ်
သဲကျောက် ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်ဖြစ်သူ တစ်ဦးက "မနှစ်ကတောင် ဒီနှစ်ထက်ပိုပြီးတော့ ရောင်းအား
ကောင်းသေးတယ်။

ဒီနှစ်မှာ ဆောက်လုပ်ရေး ကန်ထရိုက်တွေကလည်း ၀ယ်တာနည်းလာပြီး လူနေအိမ်တွေက အသေးစားပြင်
ဆင်မှုအတွက် လိုအပ်တာလောက်ကိုပဲ လက်လီဝယ်ကြတာ များတယ်။ ကန်ထရိုက်သမားတွေကလည်း အခုနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ပါးနေပြီး သိပ်မဆောက်ကြရတော့ အရင်ယူထားတဲ့ ပစ္စည်း
အတွက်တောင် ငွေအကျေအလည် မပေးချေနိုင်တာမျိုးတွေ ရှိတယ်" ဟု ပြောပြခဲ့သည်။

ဈေးကွက်အတွင်းသို့ ဆားတလင်း၊ ပဲခူး၊ တိုက်ကြီး၊ သီလ၀ါနှင့် ပင်လယ်ဝတို့မှ အုတ်၊ သဲ၊ ကျောက်များ ၀င်ရောက်မှုများပြီး ယခုနှစ် ၀င်ရောက်မှုမှာ ပုံမှန်အတိုင်းရှိကြောင်း သိရသည်။

အုတ်ဈေးနှုန်းများမှာ ယခင်နှစ်က ကုန်းအုတ်တစ်လုံးလျှင်အမြင့်ဆုံး၁၀၅ကျပ်အထိ ရှိခဲ့သော်လည်း ယခုနှစ်
တွင်မူ အုတ်တစ်လုံးလျှင် ၈၈ ကျပ်မှ ၉၀ ကျပ်ဝန်းကျင်သာ ရှိနေကြောင်း၊ သဲဈေးနှုန်းမှာ ယခုနှစ်တွင် တစ်
ကျင်းလျှင် ၆၀၀၀ ကျပ်ဖြင့် ပုံမှန်အတိုင်းရှိနေကြောင်း၊ ကျောက်စရစ်မှာ တစ်ကျင်းလျှင် ယခင်နှစ်က ကျပ် ၅၅၀၀၀ ကျပ်အထိ ရှိသော်လည်း ယခုနှစ်တွင် ၃၈၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်းသိရ သည်။

အုတ်နှင့်သဲဈေးနှုန်းများမှာ ပြောင်းလဲမှုနည်းသော်လည်း ကျောက်စရစ်ဈေးမှာမူ ဧပြီလသို့ရောက်လျှင် သိ
သာစွာ တက်လေ့ရှိပြီး မိုးရာသီတွင် ပြန်လည်ကျဆင်းလေ့ ရှိကြောင်း၊ ဘိလပ်မြေဈေးနှုန်းမှာမူ ပုံမှန်အတိုင်း
ရှိနေကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ အနေဖြင့် ကုန်းအုတ်ကို အများဆုံး အသုံးပြုပြီး ၇၄၇ တံဆိပ် အုတ်အမျိုးအ
စားနှင့် KBZ တံဆိပ် အုတ်အမျိုးအစားကို အ၀ယ်များကြောင်း၊ ကွန်ကရစ်အုတ်မှာမူ ဆောက်လုပ်ရာတွင် လျင်မြန်မှုရှိသော်လည်း ရေရှည်ခိုင်ခန့်မှု မရှိသဖြင့် အသုံးပြုမှုနည်းကြောင်း သိရသည်။

Eleven Media Group:

0 comments:

Post a Comment