Pages

Friday, January 25, 2013

လူဆိုးဓားပြဂိုဏ်းအကြီးစားသာသာ ဉာဏ်နီဉာဏ်နက်တွေနဲ့ ...တိုင်းပြည်ကို ဆက်အုပ်ချုပ်နေဆဲ

ဦးနေ၀င်းရဲ့ မဆလစစ်အစိုးရ တက်ခါစမှာ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေက ပြောပလောက်အောင် ကျရောက်မနေခဲ့လို့ အပြောင်းအလဲလုပ် မျက်လှည့်ပြမှုအတွက် ဦးနေ၀င်းရဲ့ မဆလအစိုးရအပေါ်မှာ ၀န်ထုပ်ဝန်ပိုး သိပ်ကြီးကြီးမားမား မရှိခဲ့ပေမယ့် အခု ဦးသန်းရွှေတို့ရဲ့ ရုပ်သေးကြံ့ဖွံ့အစိုးရ ပြောင်းလဲအုပ်စိုးမှု စတင်ချိန်မှာတော့ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေက အထွဋ်အထိပ်မှာ ရှိနေတာမို့ တော်တော့်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်လို့ ပြောရမှာပါ။ အဲဒါကြောင့်လည်း ဦးသန်းရွှေတို့အနေနဲ့ သူတို့အပေါ် ကျရောက်နေတဲ့ ဖိအားတွေ တဖြေးဖြေး လျော့သွားစေဖို့ ရုပ်သေးအရပ်သားအစိုးရကို ဒီမိုကရေစီအစိုးရနဲ့တူပြီး နိုင်ငံတကာက လက်ခံလာအာင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ သတင်းမီဒီယာနယ်ပယ်တွေမှာ သူတို့လျှော့ပေးနိုင်သလောက် တရစ်ချင်း တရစ်ချင်း သတိနဲ့ လျှော့ပေးပြီး သူတို့အပေါ် ပိတ်ဆို့ထားမှုတွေနဲ့ တထစ်ချင်း တထစ်ချင်း အလဲအလှယ်လုပ်ယူနေခဲ့တာပါ။

အဲသလို အလဲအလှယ်လုပ်ယူရာမှာ ဦးသိန်းစိန် ရုပ်သေးအစိုးရကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးမထားဘဲ နောက်ကွယ်မှာရှိတဲ့ ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ အဖွဲ့ဝင် ၁၁ ဦးပါ ကာ/လုံစစ်အုပ်စုက ခေါင်းအေးအေးထား စဉ်းစားဆုံးဖြတ်ပြီး သူတို့ ဆုံးဖြတ်တဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ နိုင်ငံရေးပါတီတွေ လူမှုရေးအသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ပြုရေးနဲ့ စည်းရုံးဟောပြောခွင့်ပေးရေး၊ သတင်းမီဒီယာထိန်းချုပ်ထားမှု လွတ်လပ်ခွင့်ပေးရေးတွေကို ဦးသိန်းစိန်အစိုးရက တသဝေမတိမ်း ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ပြောရရင် ကောင်းတော့မကောင်းဘူး၊ ဘာနဲ့ တူနေလဲဆိုတော့ ဦးသိန်းစိန်တို့ ကြံ့ဖွံ့အစိုးရအဖွဲ့ဝင်တွေ လုပ်ကိုင်နေရပုံက နယ်စပ်မြို့တွေမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ နောက်ကွယ်က သူတောင်းစားဂိုဏ်းတွေ ခြိမ်းခြောက်ခိုင်းစေထားလို့ တာဝန်အရ လိုက်လံတောင်းရမ်းပေးနေရတဲ့ ရုပ်ရည်သနားကမား ကလေးငယ်များရဲ့ ဖြစ်အင်လိုပါပဲ။
နိုင်ငံတကာမှာ ရုပ်ပြနည်းနည်းကောင်းဦးမယ့်ပုံပေါ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရှေ့ထွက်ခိုင်းပြီး နောက်ကွယ်က ကာ/လုံအဖွဲ့က လူဆိုးဓားပြဂိုဏ်းအကြီးစားသာသာ ဉာဏ်နီဉာဏ်နက်တွေနဲ့ တိုင်းပြည်ကို ဆက်အုပ်ချုပ်နေတာပါပဲ။
 drlunswe
 

0 comments:

Post a Comment