Pages

Friday, January 25, 2013

ကညန ရုံးကလည်းပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပါပြီဟုဆို

ကညန ရုံးကလည်းပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပါပြီဟုဆို

January 25, 2013Home, သတင်း

ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ကုန်းလမ်းပို့ဆောင်ရေး ဦးစီး  ဌာနလက်ထောက်ရှိ က.ည.န  ရုံးမှဝန်ထမ်းများသည် လာဘ်ပေး  လာဘ်ယခြင်းများပြုလုပ်သည်ကို   တွေ့ရှိသိမြင့်ပါက တိုင်ကြားနိုင် ကြောင်းသိရသည်။
အဆိုပါကဲ့သို့တိုင်ကြားပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊တိုင်ကြားသူထံကို လည်း မည်ကဲ့သို့အရေးယူဆောင်  ရွက်ထားသည်ကိုအကြောင်းပြန် ကြားမည်ဖြစ်ကြောင်း၊ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာန က.ည.န  ရုံးမှညွှန်ကြားရေးမှူးဦးသောင်းလွင်   ကပြောကြားသည်။
““ပွင့်လင်းမြင်သာတဲ့ခေတ်ကို  ရောက်ပါပြီ တကယ်ကိုနစ်နာ တယ်ဆိုရင် ဘယ်သူကိုမဆို ခွင့်  ပေးထားပါတယ်။ကိုယ်အနေနဲ့ တကယ်နစ်နာတယ်ဆိုရင်တိုင်ပါ ကျွန်တော်အနေနဲ့မတိုင်ပါနဲ့လို့ ဘယ်သူကိုမှမတားထားပါဘူး။ မှန်ကန်တယ်ထင်တယ်ဆိုရင် တိုင်ပါ။ ကျွန်တော်တို့အနေနဲ့ဌာန   ဆိုင်ရာလုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းနဲ့အညီဆောင်ရွက်ပေး ပါမယ်။ပထမတစ်ချက်ကတော့ အကြံပေးစာပုံးတွေကိုထည့်ထား ပါတယ်။နောက်တစ်ချက်ကတော့   သက်ဆိုင်ရာရုံးအလိုက်ဦးစီးမှူးတွေ   ရှိပါတယ်။ သူတို့ကို ဒီကိစ္စက ဒီလိုဖြစ်ပါတယ်လို့တင်ပြပါ အဲဒါ  ကို ဦးစီးကလိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးပါမယ်။ အဲလို  တိုင်ကြားတာကိုလည်း ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာ ကို အထက်အဆင့်ဆင့်ကိုတင်ပြ သွားပါလိမ့်မယ်ပြီးရင် အဲလိုတိုင်း ကြားထားတာကို ဘယ်လိုအရေး  ယူဆောင်ရွက်ထားတယ်ဆိုတာ  ကိုတိုင်ကြားမှုထံကို ပြန်ကြားပေး သွားမှာပါ။ ကျွန်တော်ကိုယ်တိုင် လည်း အဲကိစ္စတွေကိုဖြေရှင်းပေး ပါတယ်။ ဟိုတစ်လောက ကျွန်တော်    ကိုယ်တိုင်ပဲတိုင်စာတစ်စောင်ဆင်း   စစ်တယ်။စာအုပ်ကြန့်ကြာတဲ့ကိစ္စ ပတ်သက်ပြီး အဲလိုတိုင်ကြားတဲ့ သူကိုလည်း ဘယ်လိုအရေးယူ ဆောင်ရွက်ထားတယ်ဆိုတာကို ပြန်ကြားပေးခဲ့ပါတယ်””ဟု ပြော ကြားခဲ့သည်။
က.ည.နရုံးအနေဖြင့် နောင်   တွင်လည်း လုပ်ငန်းများပိုမိုမြန် ဆန်အဆင်ပြေချောမွေ့သွား အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လက်မမကောင်းလက်မ၊    ဖြတ်၍ခြေမမကောင်းခြေမဖြတ်  မည်ဖြစ်ကြောင်း မီဒီယာများရှေ့ တွင် အတိအလင်းပြောကြားခဲ့ပြီး  လာဘ်ပေးလာဘ်ယူမှုများသည်   ပြည်သူများကပါဝင်၍တိုင်ကြား   မှသာပပျောက်မည်ဖြစ်ကြောင်း   သိရှိရသည်။

 
   ဖြိုးအောင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ရထားပို့ဆောင်ရေးဝန်ကြီး ဌာန၊ကုန်းလမ်းပို့ဆောင်ရေး ဦးစီး ဌာနလက်ထောက်ရှိ က.ည.န ရုံးမှဝန်ထမ်း
များသည် လာဘ်ပေး လာဘ်ယခြင်းများပြုလုပ်သည်ကို တွေ့ရှိသိမြင့်ပါက တိုင်ကြားနိုင် ကြောင်းသိရသည်။အဆိုပါကဲ့သို့တိုင်ကြားပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊တိုင်ကြားသူထံကို လည်း မည်ကဲ့
သို့အရေးယူဆောင် ရွက်ထားသည်ကိုအကြောင်းပြန် ကြားမည်ဖြစ်ကြောင်း၊ကုန်းလမ်း ပို့ဆောင်ရေးဦးစီး
ဌာန က.ည.န ရုံးမှညွှန်ကြားရေးမှူးဦးသောင်းလွင် ကပြောကြားသည်။ပွင့်လင်းမြင်သာတဲ့ခေတ်ကို  ရောက်
ပါပြီ တကယ်ကိုနစ်နာ တယ်ဆိုရင် ဘယ်သူကိုမဆို ခွင့် ပေးထားပါတယ်။ကိုယ်အနေနဲ့ တကယ်နစ်နာတယ်
ဆိုရင်တိုင်ပါ ကျွန်တော်အနေနဲ့မတိုင်ပါနဲ့လို့ ဘယ်သူကိုမှမတားထားပါဘူး။ မှန်ကန်တယ်ထင်တယ်ဆိုရင် တိုင်ပါ။ 
 
ကျွန်တော်တို့အနေနဲ့ဌာန ဆိုင်ရာလုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းနဲ့အညီဆောင်ရွက်ပေး ပါမယ်။
ပထမတစ်ချက်ကတော့ အကြံပေးစာပုံးတွေကိုထည့်ထား ပါတယ်။နောက်တစ်ချက်ကတော့ သက်ဆိုင်ရာ
ရုံးအလိုက်ဦးစီးမှူးတွေ ရှိပါတယ်။ သူတို့ကို ဒီကိစ္စက ဒီလိုဖြစ်ပါတယ်လို့တင်ပြပါ အဲဒါ ကို ဦးစီးကလိုအပ်သ
လိုအရေးယူ ဆောင်ရွက်ပေးပါမယ်။ 
 
အဲလို တိုင်ကြားတာကိုလည်း ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာ ကို အထက်အဆင့်ဆင့်ကိုတင်ပြ သွားပါလိမ့်မယ်ပြီးရင် အဲလိုတိုင်း ကြားထားတာကို ဘယ်လိုအရေး ယူဆောင်ရွက်ထားတယ်ဆိုတာ ကိုတိုင်
ကြားမှုထံကို ပြန်ကြားပေး သွားမှာပါ။ ကျွန်တော်ကိုယ်တိုင် လည်း အဲကိစ္စတွေကိုဖြေရှင်းပေး ပါတယ်။ ဟို
တစ်လောက ကျွန်တော် ကိုယ်တိုင်ပဲတိုင်စာတစ်စောင်ဆင်း စစ်တယ်။စာအုပ်ကြန့်ကြာတဲ့ကိစ္စ ပတ်သက်ပြီး အဲလိုတိုင်ကြားတဲ့ သူကိုလည်း ဘယ်လိုအရေးယူ ဆောင်ရွက်ထားတယ်ဆိုတာကို ပြန်ကြားပေးခဲ့ပါတယ်
””ဟု ပြော ကြားခဲ့သည်။

က.ည.နရုံးအနေဖြင့် နောင် တွင်လည်း လုပ်ငန်းများပိုမိုမြန် ဆန်အဆင်ပြေချောမွေ့သွား အောင် ဆောင်
ရွက်သွားမည်ဖြစ် ကြောင်း လက်မမကောင်းလက်မ၊ ဖြတ်၍ခြေမမကောင်းခြေမဖြတ် မည်ဖြစ်ကြောင်း မီဒီ
ယာများရှေ့ တွင်အတိအလင်းပြောကြားခဲ့ပြီးလာဘ်ပေးလာဘ်ယူမှုများသည် ပြည်သူများကပါဝင်၍တိုင်
ကြား မှသာပပျောက်မည်ဖြစ်ကြောင်း သိရှိရသည်။


ဖြိုးအောင်
The Hot News

0 comments:

Post a Comment