အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီအိုအေစစ်လို့ တင်စားခေါ်ဝေါ်တဲ့ ထိုင်းနိုင်ငံဟာ ၁၉၃၂ခုနှစ် နောက်
ပိုင်းမှာ
အာဏာသိမ်းမှု စုစုပေါင်း (၁၈)ကြိမ် ဖြစ်ခဲ့တယ်။ စစ်တပ်က
အာဏာသိမ်းတယ်ဆိုတာဟာ အဲဒီ့
နိုင်ငံမှာ ရင့်ကျက် တဲ့
ဒီမိုကရေစီမရှိသေးဘူးလို့ ဆိုတာပါ။
အရှေ့တောင်အာရှတလွှားက
ဒီမိုကရေစီကို ခြိမ်းခြောက်ခဲ့တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ၂၀၀၆ ခုနှစ်အ
တွင်း ထိုင်းနိုင်ငံရဲ့ အာဏာ သိမ်းမှုပဲ ဖြစ်ပါတယ်။ထိုအာဏာသိမ်းမှု
ခေါင်းဆောင်ဗိုလ်ချုပ် ဆွန်သီဘွန်ညာ
ရက်ကလင် ဟာ အာဏာသိမ်းပွဲကို
အနူးညံ့ဆုံး၊ အညင်သာဆုံးနဲ့ နှစ်လိုဖွယ်အရှိဆုံး ဖြစ်အောင် အပတ်
တကုတ်
ကြိုးစားခဲ့ တာကြောင့် ထိုအာဏာသိမ်းပွဲကို ‘ညင်သာတဲ့ အာဏာသိမ်းပွဲ’ (soft coup) လို့တောင်
ခေါ်ဝေါ်မှတ်ယူခဲ့ကြ တယ်။
ပျော်ရွှင်နေတဲ့
ထိုင်းနိုင်ငံသား တွေက စစ်သားတွေကို ပန်းတွေ ကမ်းပေးနေတာကို သူတို့ရဲ့
အိမ်နီချင်း
နိုင်ငံတချို့က ဒီမိုကရေစီဘက်တော်သားတွေက
လက်ခုတ်တီးခဲ့ပါသေးတယ်။ အာဏာသိမ်းမှုမဖြစ်ခင်
၁၈နှစ်မျှ အကြာက
ရန်ကုန်မြို့လမ်းမတွေပေါ်မှာ ဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူ
သန်းပေါင်းများစွာကို ဗမာ တပ်ကနေ ဖြိုခွင်းခဲ့ဘူးပါတယ်။ အဲဒီ့
(၈၈)အရေးအခင်း မတိုင်မီ(၁၆)နှစ်တုံးကလည်း ကွယ်လွတ်
သွားသည့် အာဏာရှင်
ဖာဒီနန်မားကို့စ်က ဖိလစ်ပိုင်နိုင်ငံကို စစ်အုပ်ချုပ်မှုပုံစံအတွင်း
သွတ်သွင်းခဲ့ပါတယ်။ ဒိ့မတိုင်မီ (၇)နှစ် အစောပိုင်းက ဆူဟာတို လို့ခေါ်တဲ့
စစ်ဗိုလ်ချုပ်တယောက်က အင်ဒိုနီးရှားနိုင်ငံရဲ့ အာ
ဏာကို ချုပ်ကိုင်
နိုင်ခဲ့ပါတယ်။
အထူးသဖြင့်
ဗမာနဲ့ ဖိလစ်ပိုင်တွေဟာ လမ်းမတွေပေါ်မှာ တင့်ကားတွေရှိနေပြီဆိုရင် ဘာဖြစ်
နေလဲဆို
တာကို သိကြပါတယ်။ ဒါဆိုရင် သူတို့တွေ ဘာဖြစ်လို့ ထိုင်းနိုင်ငံရဲ့
ဝန်ကြီးချုပ် သက်ဆင်ကို ထိုင်းစစ်တပ်
ကနေ ဖြုတ်ချမှုကို ထောက်ခံကြတာလဲ။
ဒီမေးခွန်းရဲ့ အဖြေကတော့ ထိုဒေသရဲ့ အားနည်းနေသေးတဲ့ ဒီမို
ကရေစီနဲ့
နိုင်ငံရေးအပေါ်မှာ များစွာမူတည်ပါတယ်။
ဗမာပြည်သူတွေဟာထိုစဉ်ကတပ်မတော်အစိုးရနဲ့ ပလဲနံပသင့်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုရဒေါ်အောင်ဆန်း
စုကြည်ကို နေအိမ်အကျယ်ချုပ်ထားသင့်တယ်လို့ လူသိရှင်ကြား
ဖော်ပြခဲ့တဲ့ သက်ဆင်ကို ရန်သူတော်
အဖြစ် ရွံရှာမုန်းတီးကြပါတယ်။ ဒါပေမယ့်
အားလုံးမထင်ထားတဲ့ ဝမ်းနည်းစရာကောင်းတဲ့ တကယ့်အဖြစ်
အပျက်ကတော့ သက်ဆင်ရဲ့
ဖြုတ်ချခံရမှုကို ပြည်သူတွေ ဝမ်းမြောက်နေပြီး အဲဒီ့ အာဏာသိမ်းမှုကနေပေး
ပို့လိုက်တဲ့ သတိပေးချက်ကို မမြင်ခြင်းပဲ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက
အာဏာရှင်တွေ တချိန်လုံး ဆိုနေခဲ့တဲ့ ဒီမိုကရေစီဟာ အလုပ်မဖြစ်ပါဘူး၊
ပြည်သူတွေ ဟာ နိုင်ငံတစ်နိုင်ငံကို မအုပ်ချုပ်နိုင်ပါဘူးဆိုတဲ့ အချက်ကို
သက်သေထူပေးလိုက်သလို ဖြစ်နေတဲ့ အာဏာ
သိမ်းမှု ကို ပြုံယမ်းနဲ့ ဘေဂျင်းကနေ
တီဟီရန်အထိ အာဏာရှင်တွေအားလုံး ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းမှု
ကို ချီးကျူး
ဩဘာပေးနေခဲ့မှာ အသေအချာပါပဲ။
အရှေ့တောင်အာရှရဲ့
ဒီမိုကရေစီအမည်တပ်ထားတဲ့ နိုင်ငံတွေတောင်မှ ဗိုလ်ချုပ်ဆူသီရဲ့
အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြပါတယ်။ ဖိလစ်ပိုင်တွေဟာလည်း
သက်ဆင်ရဲ့ ဖြုတ်ချခံရမှုကို ပြဿနာပတ်
လည် ဝိုင်းနေတဲ့ သက်ဆင်ပရိတ်သတ်ကြီး
(ထိုစဉ်ကသမ္မတ) အာယိုယိုအတွက် နိမိတ်လက္ခဏာတစ်ခု
အဖြစ် မှတ်ယူ ကြပါတယ်။
အာယိုယိုဟာ ပုဂ္ဂလိကစီပွားရေး လုပ်ငန်းများကို အစိုးရဘဏ္ဍာငွေနဲ့
လက်ဝါး
ကြီးအုပ်တဲ့ ‘သက်ဆင် စီးပွားရေးဝါဒ’
(Thaksinomics) ကို လက်ခုပ်တီးပြီး ဩဘာပေးခဲ့ရုံတင်မဟုတ်
ထိုင်းနိုင်ငံမှာ
လူပေါင်း ၂၅၀၀ သေဆုံးခဲ့တဲ့ မူးယစ်နှိမ်နင်းရေး စစ်ဆင်ရေးကြီးကို
အားကျခဲ့သူလည်းဖြစ်ပါ
တယ်။ ဖိလစ်ပိုင်ရဲ့ မူးယစ် ဆေးရာဇာ တွေ အပေါ်
သက်ဆင်လိုမျိုး ပြုလုပ်မယ် ဟု ကြွေးကြော်ခဲ့ သူလည်း
ဖြစ်ပါတယ်။ ဒါပေမယ့်
၂၀၀၄ခုနှစ် ရွေး ကောက်ပွဲကာလအတွင်း မဲလိမ်ညာမှုတွေရှိခဲ့တယ်ဆိုတဲ့
စွပ်စွဲမှု
တွေကြောင့် အာယိုယိုရဲ့ လူသိများ ကျော်ကြားမှုဟာ
စံချိန်တင်လောက်အောင် ထိုးကျသွာခဲ့ရပါတယ်။
ထိုင်းအာဏာသိမ်းပွဲ
ဖြစ်ပြီးနောက်ပိုင်း မနီလာမြို့တွင် ဆန္ဒပြသူတွေဟာ သက်ဆင်ရဲ့ မျက်နှာဘေးမှာ
အာယိုယို့မျက်နှာထားရှိပြီး ‘နောက်တလှည့်ကျရင် မင်းအလှည့်ဘဲ’ ဆိုတဲ့ စာတန်းပါတဲ့ ပိုစတာတွေကို
ဝှေ့ယမ်း ဆန္ဒပြခဲ့ကြပါတယ်။
ဒါပေမယ့်
အရှေ့တောင်အာရှရဲ့ နောက်တကြိမ်အာဏာသိမ်းမှုဟာ သူမတွက် မဖြစ်နိုင်ပါဘူး။
အာယိုယိုကို
ထောက်ခံတဲ့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် တယောက်ကတော့
‘အာယိုယိုဟာ မားကို့စ်လိုမျိုးစစ်ဥ
ပဒေပြဌာန်းဖို့ ပဲရှိတယ်။ သက်ဆင်လို
စစ်တပ်ရဲ့ ဖြုတ်ချမှု ခံရဖို့ မရှိဘူး’ လို့ ပြောကြားသွားခဲ့ပါတယ်။ သူ
က ‘ထိုနည်းဟာ သူမအတွက် အာဏာဆက်လက်ထိန်းထားဖို့ တခုတည်းသော နည်းလမ်းပဲဖြစ်ပါတယ်’လို့
လည်း ပြောပါတယ်။ ဒါပေမယ့်လည်း သူမထက် အားကောင်းတဲ့ ဖိလစ်ပိုင်
နိုင်ငံရေးခေါင်းဆောင် နီနွိုင်း
အာကွီနိုရဲ့သား နီနွိုင်းအာကွီနို
(ဂျူနီယာ)က သူမလက်ထဲကနေ အာဏာရယူနိုင်ခဲ့ပါတယ်။ (ဒီနေရာမှာ
လည်း သူ့မိဘတွေရဲ့
အရှိန်အဝါနဲ့ တက်လာခဲ့တာပါ။ သူကိုယ်တိုင် လုပ်ဆောင်ချက်
ကြီးကြီးမားမားမရှိပေ
မယ့် အာကွီနိုမျိုးဆက်ရဲ့ ရိုးသားမှုကိုတော့
ထိန်းသိမ်းထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။)
ဗိုလ်ချုပ်ဟောင်းကို
ပထမဆုံး သမ္မအဖြစ်ရွေးကောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း စစ်တပ်ရဲ့
ဩဇာဟာ ကြီးမားပါတယ်။ ‘သမ္မတ စူစီးလို ဘန်ဘန် ယူဒိုယူနိုက စစ်တပ်ကို
နိုင်ငံရေးထဲ မပါဝင်ဖို့ ထပ်ခါတလဲလဲ သတိပေးနေတာဟာ သူ့နိုင်ငံမှာလည်း
အာဏာသိမ်းပွဲဖြစ်လာနိုင်ဖွယ် ရှိကြောင်းကို သွယ်ဝိုက်သောနည်း
နဲ့
ဖော်ပြနေတာပဲဖြစ်ပါတယ်’
လို့ နည်း ဗျူဟာနဲ့ နိုင်ငံတကာရေးရာ လေ့လာရေးစင်တာ (ဂျကာတာ) မှ
ရီဇယ်စုခ်မာက ဂျကာတာပို့စ် သတင်းစာမှာ ရေးသား ခဲ့ ဖူးပါတယ်။ ထိုစိုးရိမ်မှုက
တကယ်ပဲ ဖြစ်ပါတယ်။
ဘာ့ကြောင့်လဲဆိုတော့
ထိုင်းအာဏာသိမ်းသူတွေက သူတို့ရဲ့ အာဏာသိမ်းမှုအတွက်
ဟန်ဆောင်အ
ကြောင်းပြခဲ့တဲ့ အကျင့်ပျက်ချစားမှုတွေဟာ
အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒုနဲ့ဒေးပါပဲ။ စစ်တပ်ကို နိုင်ငံရေးမှာ
ဝင်မပါအောင် ပြုပြင် ပြောင်းလဲမှုတွေ ရှိပေမယ့်လည်း အင်ဒိုနီးရှားစစ်တပ်ဟာ
အရပ်သားအစိုးရကို အ
တိုက်အခံလုပ်နေဆဲရှိပါသေးတယ်။
လက်ရှိ
ဗမာနိုင်ငံရဲ့ နိုင်ငံရေးအသွင်အပြင်တွေကိုကြည့်ပြန်မယ်ဆိုရင်လည်း
ဖွံ့ဖြိုးမှုက နှေးကွေးလွန်းနေ
ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက
ရခိုင်ပြည်နယ်အတွင်းမှာ အရေးပေါ်အုပ်ချုပ်မှု ပုဒ်မ ၁၄၄
ပြဌာန်းလိုက်
ခြင်းကလည်း အရပ်သား အုပ်ချုပ်မှုရဲ့ အားနည်းမှုကို
ဖော်ပြလိုက်တာပါပဲ။ အခြေခံဥပဒေခုံရုံး ပဋိပက္ခက
လည်း ဥပဒေရဲ့
လိုအပ်ချက်တွေကို မီးမောင်း ထိုးပြလိုက်ခြင်းပါပဲ။
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ဥပဒေဟာ အားကောင်းနေဖို့ အရေးကြီးပါတယ်။
ဥပဒေအတွင်းမှာ ချို့ယွင်း ချက်တွေ ရှိနေပြီဆိုရင် ချက်ချင်းပြင်ဆင်
နိုင်မှ
ဒီမိုကရေစီဟာ ခိုင်ခိုင်မာမာအမြစ်တွယ်မှာပါ။
ဒီဖြစ်ရပ်တွေကို
ခြုံကြည့်ရင် အာရှမှာရှိတဲ့ ဒီမိုကရေစီဟာ ရင့်ကျက်မှုမရှိဘဲ
ပြိုပျက်လွယ်ပြီး ရာထူးဩဇာ
အာဏာကို ချောချောမွေ့မွေ့နဲ့
တရားဝင်လွှဲပြောင်းဖို့ အာမခံနိုင်မှုမရှိတဲ့
နိုင်ငံရေးစနစ်တခုပဲဖြစ်တယ်
ဆိုတာကို သက်သေပြနေပါတယ်။ ဒီမိုကရေစီနည်းကျ
ရွေးကောက်ခံထားရတဲ့ သက်ဆင်ကို ဥပဒေဘောင်
အတွင်းက
ရအောင်တရားစွဲဆိုခြင်းမပြုနိုင်ဘဲ အာဏာသိမ်းလိုက်ခြင်းက ထိုင်းနိုင်ငံရဲ့
ဒီမိုကရေစီကို ရုပ်
ပျက်ဆင်းပျက် ဖြစ်စေပါတယ်။ ဗိုလ်ချုပ်ဆူသီဟာ
သူကတိပေးခဲ့တဲ့ အတိုင်း အာဏာကို အရပ်သားအစိုး
ရဆီ လွှဲပြောင်းပေးခဲ့တာတောင်
အမှားအယွင်းက ပြန်ပြင်လို့ မရတော့ပါဘူး။
သက်ဆင်ရဲ့
အုပ်ချုပ်မှု ပုံသဏ္ဍာန်ရော သက်ဆင်ရဲ့ ဝန်ကြီးချုပ်ရုံးက ထွက်ခွာရတဲ့
ပုံသဏ္ဍာန်ရော နှစ်ခုစ
လုံးက ချီးကျူးမှု မပြုထိုက်ပါဘူး။ စူခ်မာကတော့
‘ထိုင်းအာဏာသိမ်းပွဲဟာ အရှေ့တောင်အာရှက ဒီမိုက
ရေစီဆန့်ကျင်ရေး
အင်အားစုတွေကို ရဲဆေးတင်ပေးလိုက်စေတယ်’ လို့ ယုံကြည်ပါတယ်။ ‘သူတို့တွေဟာ ဒီမိုကရေစီကို ဟားတိုက် ရယ်မော နေကြပါပြီ’ လို့ သူက သတိပေးပါတယ်။ ဒီမိုကရေစီဟာ အဲဒီ့လိုလှောင်
ရယ်မှုတွေ မခံရအောင် ကြိုးစားရအုံးမှာပါ။ အချိန် လည်း တော်တော်ယူရဦးမှာပါ။
REF: Dictator’s Delight from TIME Magazine
0 comments:
Post a Comment