(၁၁-၉-၁၂)ရက်နေ့က
ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာ မှဦးကျော်မောင်ချေ (အသက်-၆၃)နှစ်
ဆိုသူရခိုင်သားတစ်ဦးလည်ပင်းကိုလှီးဖြတ်၍အသတ်ခံရကြောင်းသတင်းရရှိ သည်။
ဖြစ်စဉ်မှာဦကျော်မောင်
ချေသည်မလေးရှားနိုင်ငံရှိသားထံမှပေးပို့လိုက်သောငွေကိုကျောက်တော်မြို့မှထုတ် ယူပြီး ရွာသို့ပြန်လာစဉ် လမ်းတွင်
အသတ်ခံရခြင်းဖြစ်သည်။ ဦးကျော်မောင်ချေမှာ အဘဦးဖိုးအောင် ၏သားဖြစ်ကြောင်း
သိရသည်။ အဆိုပါနေ့က ဦးကျော်မောင်ချေ
ရွာသို့ပြန်မရောက်သဖြင့် အိမ်သားများက ညနေ(၉း၀၀)နာရီခန့် တွင်ကျောက်တော်မြို့သို့ ဖုန်းဆက်မေးမြန်းရာ ဦးကျော်မောင်ချေမှာ
ညနေ(၅း၀၀)နာရီခန့်ကပင် ကျောက်တော်မှ သရက်အုပ်သို့ပြန်သွားကြောင်း
သိရှိခဲ့ရသည်။ အိမ်သားများမှာ စိုးရိမ်ပူပင်၍ ဆွေမျိုးရွာသား (၆)ယောက်က
ဓာတ်မီးများနှင့် ရွာအပြင်သို့ထွက်၍ လိုက်ရှာခဲ့ကြသည်။
ထို့နောက်
ကျောက်တော်ဘက်သို့သွားရာလမ်းသို့ ထွက်၍လိုက်ရှာကြရာ ရွာမှ (၁)မိုင်ခန့်အကွာ
လမ်းပေါ်
တွင် သွေးများတွေ့ရှိခဲ့ကြသည်။ ဆက်လက်၍လိုက်ရှာမည်ပြုကြသောအခါ
လမ်းပေါ်မှ (၁)မိုင်ခန့်အကွာ ပိုက်သည်ကုလားရွာဘက်မှ ဓာတ်မီးအလက် (၂၀)ခန့်၏
မီးရောင်များကိုမြင့်တွေ့ရ၍ မသွားရဲဘဲ ရွာသို့ပြန်
လာပြီး
ရွာသား(၃၀)ခန့် သွားခေါ်ခဲ့ကြသည်။
ရွာသားများရောက်လာသောအခါ ဓာတ်မီးများကို
မတွေ့ရှိရတော့ပေ။ ထို့နောက် သွေးစက်များအတိုင်း
လိုက်ရှာကြရာ
ည(၁၁)နာရီခန့်တွင် ပိုက်သည်ကုလားရွာဘက်ရှိ လယ်ကွက်သုံးကွက်ကျော်၌
လည်ပင်းနှင့်
နောက်စေ့ကိုဓားဖြင့်အခုတ်ခံထားရသော
ဦးကျော်မောင်ချေ၏အလောင်းကို တွေ့ရှိခဲ့ရသည်။ ဦးကျော်
မောင်ချေမှာ ဒေါ်ယိုင်နုစိန်ဟုခေါ်သော ဇနီးတစ်ယောက်နှင့် သားသမီး (၇)ယောက်ရှိကြောင်းသိရသည်။
သရက်အုပ်ကျေးရွာသည် ကျောက်တော်မြို့ အနောက်တောင်ဘက် (၄)မိုင်ခန့်အကွာရှိ ရွာတစ်ရွာဖြစ်
သည်။
ရွာသားများမှာ နေ့စဉ်လိုလို ကျောက်တော်မြို့ပေါ်သို့ ဈေးရောင်း ဈေးဝယ်သွားနေကြရရာ လမ်းပေါ်မှ၏
တစ်မိုင်ခန့်အကွာရှိ ပိုက်သည်ရွာမှ ကုလားများ၏ လာရောက်ရန်စ မှုကို မကြာခဏခံကြရသည်ဟုဆိုသည်။
ယခင်က သရက်အုပ်ရွာမှ ကျောင်းသူ/သားများသည် ကျောက်တော်မြို့ပေါ်သို့ နေ့စဉ် အသွားအပြန်
ကျောင်းလာတက်ကြသော်လည်း ယခုနှစ်တွင် မိဘများမှာ ကုလားရန်ကိုကြောက်၍ မိမိတို့၏ သားသမီး
များအား ကျောက်တော်သို့ ကျောင်းလာမအပ်ကြကြောင်းသတင်းရရှိသည်။
1 comments:
အိမ်ရှင်တွေ ခံနေရတာ စိတ်မကောင်းပါဘူး
Post a Comment