Pages

Wednesday, September 12, 2012

ယောက်ျားတွေထံက ဂျေလို လိုချင်တဲ့အရာ

 
''ကျွန်မအဖို့ယောက်ျားတစ်ယောက်ရဲ့အရေးကြီးဆုံးအရည်အချင်းကတော့Sweetဖြစ်ဖို့လိုတယ်။ ချစ်စရာ
ကောင်းဖို့လိုတယ်။ကျွန်မကကောင်ချောလေးတွေကိုကြိုက်တယ်''လို့ ဂျနီဖာလိုပက်ဇ်က ပြောလိုက်ပါပြီ။ဂျေလိုဟာ နောက်ဆုံး တရားဝင် ခင်ပွန်းဖြစ်တဲ့ မက်အန်ထော်နီနဲ့ ၇ နှစ် ပေါင်းပြီး လမ်းခွဲခဲ့တယ်။ဒါပေ
မယ့် ဂျေလိုဟာ အိပ်မက်တွေထဲက ယောက်ျားသားကို ထပ်မံရှာဖွေဖို့ လန့်နေမယ် ထင်ပါသလား။အိမ်
ထောင်ကွဲပြီး လအနည်းငယ်အကြာမှာ ဓာတ်ပုံဆရာလေး ကက်စပါစမက် ၂၅ နှစ်နဲ့ တွဲနေတယ်။သူမထက်
၁၈နှစ်ငယ်သူနဲ့တွဲနေတဲ့ ဂျေလိုဟာ ဘာကြောင့် ဒီကောင်လေးနဲ့ တစ်နှစ်နီးပါးကြာ ခရီးဆက်နေနိုင်သလဲ။

ဂျေလိုက စက်တင်ဘာလထုတ် In Style မဂ္ဂဇင်းနဲ့ဗျူးမှာ ပြောတယ်။သူမက အချစ်ကိုစိတ်ကုန်ပုံမရသေး
ပါဘူး။''အခက်ခဲဆုံး အပိုင်းကတော့ သင်ချစ်ခြင်းမှာ ယုံကြည်မှု ဘယ်တော့မှ မရပ်တန့်ဖို့ပါ။ သင်ဘယ်တော့မှ မရပ်ပါနဲ့။ ဒါဟာ အကောင်းဆုံး အပိုင်းပဲ'' တဲ့။တောက်လျှောက် အောင်မြင်ခဲ့တဲ့ ဂျေလို
ဟာ အချစ်နဲ့အိမ်ထောင်ရေးမှာတော့ ကံခေရှာတယ်။

သူမ တရားဝင် ပထမဆုံး လပ်ထပ်တာက ကျူးဘားသရုပ်ဆောင် အိုဂျာနီဖြစ်ပြီး တစ်နှစ်ပေါင်းတယ်။အဲဒီ
နောက် နောက်ခံအကသမား ခရစ္စဂျပ်ဒ် နဲ့ နှစ်နှစ် ပေါင်းတယ်။ နောက်တော့ ဘင်အက်ဖလက်နဲ့တွဲတယ်။
နောက်ဆုံးမှာ အမြွာ နှစ်ယောက်ရဲ့ဖခင် အန်ထော်နီ နဲ့လမ်းခွဲခဲ့တယ်။

''ကလေးတွေနဲ့ပတ်သက်လို့ပြောရရင်ကျွန်မဟာအားလုံးသောမိဘတိုင်းလိုနည်းတူပါပဲ။ ဂရိတ်မိဘ ဖြစ်ချင်
တယ်။ကလေးတွေအတွက်မားမားမတ်မတ်မှန်မှန်ကန်ကန်ရှိချင်၊ဖြစ်ချင်တာပဲ။မိခင်ကောင်း၊ ဖခင်ကောင်း
 ဖြစ်ဖို့ဆိုတာဟာအရေးအကြီးဆုံးအလုပ်လို့ကျွန်မမြင်တွေ့လာတယ်။ရှင်ဘယ်သူဆိုတာက အရေးမကြီးပါ
ဘူး'' တဲ့။


ဈေးကွက်ဂျာနယ်

0 comments:

Post a Comment

 
world time