Pages

Wednesday, September 12, 2012

ပြင်သစ် နိုင်ငံက ငှက် မောင်နှံ ရဲ့  အဖြစ် ဆိုးဓါတ်ပုံ အင်တာနက်မှာ ရေပန်းစား

ပြင်သစ် နိုင်ငံက ငှက် မောင်နှံ ရဲ့  အဖြစ် ဆိုး ကို ဓာတ်ပုံ ဆရာ က အမိအရ ရိုက်ကူးထားတဲ့ ပုံပါ။ ဒီသတင်း ဓာတ်ပုံကို
 ဖော်ပြ ခဲ့ တဲ့ ပြင်သစ် နိုင်ငံ တောင်ပိုင်းက ညနေခင်း သတင်းစာလည်း ရောင်းမလောက် ဖြစ်သွားခဲ့တယ်။ ပါးစပ် ထဲမှာ
 စားသောက် ဖွယ်ရာ တစ်ချို့  ချီ ပြီး ပြန်လာတဲ့ ငှက်မလေး က အနိမ့်ပျံ လာတုန်း ကားတစ်စီးက ၀င်တိုက်သွားပါတယ်။
အသက်ငင်နေတဲ့ ငှက်မလေးရဲ့  ဘေးကို ငှက်ဖိုက ရောက်လာပြီး ကုတ်ချီသယ်ဆောင်သွားဖို ကြိုးစားပါတယ်။

ဒါပေမယ့်ချီပြီးသယ်ဆောင်ဖိုမဖြစ် နိုင်လို့ ငှက်မလေးအသက်ဇီဝန်ကြွေသွားတဲ့အထိသူကအနားမှာ စောင့်ပြီး
စောင့် ရှောက်ပေးနေခဲ့ပါတယ်။


သူကိုဘယ်သူကူညီမလဲလို့ ဘေးဘီနဲ့  ကောင်းကင်ကို မော့ပြီး သူတစ်စာစာ အော်ပါသေးတယ်။

နောက်ထပ် ကား တွေမတိုက်အောင်လို့  ငှက် မလေး ရဲ့  ခန္တာ ကိုယ် ကို သူက ကာကွယ် ပေး ထား
တယ်။

တစ်ချို့  လူတွေ ကယ် ဖို့ လာ ပေမယ့် ငှက် ဖို လေး က ကြောက် နေ ပေမယ့် ငှက်မလေး
ဘေး က ပျံ ထွက် မပြေး ဘူး ……..

ဒီလို နဲ့  ……….ငှက် မလေး အသက် ဇီဝိန် ကြွေ တဲ့ အထိငှက် ဖို လေး က စောင့် နေခဲ့ တယ်။ အခု လို အဖြစ် မျိုးအမေရိကန်
 လောစ်ဇင်ဂျလိစ် မြို့  မှာ လည်း ဖြစ်ပျက် ခဲ့ တယ်။ သူငယ်ချင်းခွေး ဖြစ်သူ ကားတိုက်ခံရတာကို အခြား ခွေး တစ်ကောင် က
 ရပ် ပြီး စောင့် နေခြင်း ပါ။

တိရိစ္ဆာန် မှာ ဥာဏ် ရည် နဲ့  ခံစား မှု မရှိ ဘူး ဆို ပေမယ့် ကြင်နာ သနား တတ်တဲ့ စိတ်ထား တော့ ရှိကြာတာပါပဲ။

★အနာဂတ်ကြယ်ပွင့်လေးများ★မှကူးယူမျှဝေသည်။
     
  

0 comments:

Post a Comment