Pages

Wednesday, September 12, 2012

ခေတ်စားလာသော အလှအပဆိုင်ရာခွဲစိတ်ပြုခြင်းများထဲမှ ရင်သားပြုပြင်ခြင်းအကြောင်း

 
ယခုခေတ်တွင် plastic Sur gery နည်းဖြင့် ခွဲစိတ်၍အလှပြု ပြင်မှုမှာ မထူးဆန်းတော့သော ဓလေ့ တစ်ခုပင်ဖြစ်သည်။ အဓိကအားဖြင့် ရင်သားပြုလုပ်ခြင်းက ပိုများလေ သည်။ ရင်သားခွဲစိတ်ပြုပြင်ရာ၌------
(၁) ရင်သားတင်းရင်းလှပစေရန် ခွဲစိတ်ခြင်း(Breast Augmentation Sur gery)
(၂) အလွန်အကျွံကြီးနေသူများအား လုံလောက်သောပမာဏလောက်ထိ လျော့ချပေး (Breast Reduc tion Surgery) (၃) ရင်သားတွဲကျနေမှုအား ပြန်၍မြှင့် တင်ပေးသော ခွဲစိတ်မှု(Breast lift)နဲ့

(၄) ကျန်းမာရေးကြောင့် ရင်သားဖြတ် ထုတ်လိုက်ရသူများတွင် ရင်သားပြန် လည်တည်ဆောက်ပေးမှု (Breast Reconstruction Surgery)ဆိုပြီး ရှိပါတယ်။

(၁) Breast Augmentation (Augmentation Mammoplasty)

ရင်သားတင်းရင်းလှစရာ၌ အဓိကအားဖြင့် ရင်သားအရွယ် အစား၊ အချိုးကျမှု စသည်တို့ကိုပို၍ အကျိုးရှိစေပါ
တယ်။ Breast Augmentation ကို အကြောင်း အမျိုးမျိုးကြောင့် လုပ်ကြပါတယ်။ တခိျု့က ရင်သားသေးနေလို့၊တ
ခိျု့က ကိုယ်ဝန်ဆောင်စဉ် ရင်သားပြောင်းလဲ သွားလို့၊တခိျု့ကတော့တစ်ဖက်နှင့်တစ် ဖက်မညီလို့စသဖြင့် အ
သီးသီးရှိကြပါ တယ်။
 
ရင်သားတင်းရင်းအောင်ပြုလုပ် ခြင်းဆိုသည်မှာမိမိရင်သားအောက်သို့ ဆီလီကွန်အိတ်ထဲ၌ Normal Saline သို့မဟုတ်ဆီလီကွန် gel ကိုမိမိလိုအပ် သောအရွယ်အစားရောက်ရန်ထည့်ပြီး ထိုအရည်အိတ်အား ချိုင်း
အောက်သို့ ရင်သားအောက်ခြေ၌ခွဲကြောင်းရာခပ် သေးသေးပေး၍ ထိုနေရာမှတစ်ဆင့် ထည့်ခြင်းဖြစ်သည်။
 
ရင်သားတင်းရင်း အောင်ခွဲစိတ်မှုမှာ လွယ်ကူရိုးရှင်း သောခွဲစိတ်မှုဖြစ်ပြီး တခိျု့မမျှော်လင့် နိုင်တဲ့ အန္တရာယ်
အခိျု့ကလွဲလို့ အန္တရာယ် မရှိနိုင်ပါဘူး။ ဒါပေမယ့် ခွဲစိတ်ပေး မယ့်ဆရာဝန်နဲ့လည်း သေချာတိုင်ပင် ဆွေးနွေး
ထားရင်ပိုပြီး အဆင်ပြေပါ လိမ့်မယ်။

၂။ Breast Redution Surgery

ရင်သားပမာဏ လျော့ချပေးရ သည့် ခွဲစိတ်မှုဆိုသည်မှာ ကြားရသည့် အခါ အနည်းငယ်စိမ်းနေနိုင်သော် လည်း၊ အတွေ့ရများတဲ့ ခွဲစိတ်မှုပါ။ အခိျု့မိန်းမများမှာ ရင်သားသည် ခန္ဓာ ကိုယ်နှင့်မမျှဘဲ အလွန်ကြီးနေ
တတ် သည်။ ထိုအခါများတွင် ခါးနာခြင်း၊ လည်ပင်းနာခြင်း၊ ထုံကျင်ခြင်း၊ြွကက် သားများအား လျော့လာ
ခြင်းတို့ဖြစ် တတ်ပါတယ်။ အဲဒီလိုလူနာများတွင် တော့ ပိုနေတဲ့ အရေပြားအဆီတွေနဲ့ တစ်သျှူးတွေကို ဖယ်
ထုတ်ပေးဖို့လိုပါ တယ်။ ဒါပေမယ့် ဆိုးကျိုးအနေနဲ့က တော့ ရင်သား၏အာရုံခံစားနိုင်မှုတွေ၊ နို့ချိုတိုက်ကျွေး
မှုတွေမှာ ပြဿနာ တွေ့နိုင်ပါတယ်။

၃။ Breast Reconstruction

ရင်သားပြန်လည်တည်ဆောက် ပေးရမှုကိုတော့ ရင်သားကင်ဆာ ကြောင့် ရင်သားဖြတ်ထုတ်လိုက် ရသော (mastectomy)လုပ်ထား သော လူနာများတွင် လုပ်ပေးရတတ် ပါတယ်။ အဲဒီလိုပြန်လည်တည် ဆောက်ပေး
တဲ့အခါလူနာရဲ့ ပင်ကိုယ် ရှိအခြားနေရာများမှ တစ်သျှူး(ဥပမာ ဝမ်းဗိုက်အောက်ပိုင်းမှ တစ်သျှူးများ၊ ကျော
ဘက်မှတစ်သျှူးများနှင့်တင်ပါးမှ အဆီနှင့်တစ်သျှူး)များဖြင့် အစားထိုး ပေးလေ့ရှိပါတယ်။ 
 
အစားထိုးသည့်တစ်သျှူးများကို လူနာ၏ရင်ဘက်ြွကက်သားအောက်ဘက်တွင် အစား ထိုးပေးလေ့ရှိပါ
တယ်။ ဤကဲ့သို့ အစားထိုးခြင်းဖြင့် တစ်ဖက်ရှိရင်သား နှင့်အရွယ်ပမာဏ၊ နို့သီးခေါင်းစ သည်ဖြင့်အတတ်နိုင်
ဆုံးတူသည့် အနေအထားထိရနိုင်ပါတယ်။ 
 
ရင်သားပြန်လည်တည်ဆောက်ခြင်း ကိုတော့ ရင်သားဖြတ်ထုတ်ပြီး မည် သည့်အချိန်မှာမဆို ပြုလုပ်နိုင်ပါ 
တယ်။ ဒါ့အပြင် ယင်းခွဲစိတ်မှုသည် ကင်ဆာပြန်ဖြစ်၊ မဖြစ်နှင့်လည်း မည်သို့မျှမသက်ဆိုင်ပါ။ သို့သော်ရက်
 ချိန်းတော့ မှန်မှန်လာပြသင့်ပါတယ်။ မည်သည့်ကင်ဆာမဆိုပါ။
 
Mastopery

ရင်သားမြှင့်တင်ပေးခြင်းကို တော့ အရေပြားတင်းရင်းမှုအား နည်းသောအမျိုးသမီးများတွင်ရင်သား တင်းရင်းမှုအားနည်းပြီး တွဲကျနေလေ့ ရှိသော သူများတွင် လုပ်ပေးရလေ့ရှိ ပါတယ်။ အဲဒီလိုအခြေအနေကို ptasis လို့ခေါ်ပြီး၊ ကုသပုံကတော့ ပိုနေတဲ့အရေပြားကို ဖြတ်ထုတ်လိုက် တာပါပဲ။ နည်းကတော့ အမျိုမျိုးရှိပါ တယ်။

(၁) wise pattern - ရင်သားအောက် ခြေနှင့် ရင်သားအောက်ခြေတစ်ဝိုက်၌ ကျောက်ဆူးပုံခွဲကြောင်းပေး
သောနည်း

(၂) Le Jeour- နို့သီးခေါင်းတစ်ဝိုက် မှ အောက်သို့ခွဲရာပေးပြီး ပြုပြင်သော နည်း

(၃) Donut or peri-areolar နို့သီးခေါင်းအောက်ခြေ အညိုတစ် ဝိုက် (periareolar)တွင် သာစွဲ ကြောင်းပေးပြီး
 ပြုပြင်သည့်နည်း။ ယခုနည်းကတော့အမာရွတ်ကျန်ခဲ့နိုင် ပါတယ်။ ဒါပေမယ့် အစွမ်းထက် လွန်းတဲ့ အမာ
ရွတ်ပျောက်ဆေးတွေ ကတော့ သင့်ရဲ့အမာရွတ်လျော့နည်း စေမှာပါ။ 
 

Dr ဟိန်းဝင်းလတ် Ref: MTK
 
Health Updates Journal

0 comments:

Post a Comment