Pages

Wednesday, September 12, 2012

ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးပြန်ရွေးရန် ဆန္ဒ ထုတ်ဖော်မည်

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရပ်ကွက်နေပြည်သူများက ပြန်လည်ရွေး
ချယ်ပေးရန် စက်တင်ဘာလ ( ၁၈ )ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်သွားမည်ဟုသိရသည်။
“အခု အုပ်ချုပ်ရေးမှူးက ရပ်ကွက်ထဲမှာ အပေါင်ခံတာတို့ လုပ်တယ်၊ရပ်ကွက်ထဲက ပြည်သူတွေကိုလည်း
 ခေါင်းပုံဖြတ်တယ်၊ပြီးတော့ သူက လောင်းကစားမှုနဲ့ ပြစ်ဒဏ်ကျခံဖူးတယ်”ဟု ၁၀၄ ရပ်ကွက်သားတစ်ဦး
ကပြောသည်။

၁၀၄ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲသည် တရားမျှတမှုမရှိကြောင်း ၊ အိမ်ခြေ ၂၇၀၀ ခန့်ရှိသည့်
အနက် ၉၅ ယောက်သာ မဲပေးရွေးချယ်ခဲ့ကြကြောင်း ၊မိမိတို့ပြည်သူများအနေဖြင့် အခွင့်အရေးများ ဆုံးရှုံး
နေရကြောင်း ၄င်းကပြောသည်။

အဆိုပါ ဆန္ဒ ထုတ်ဖော်ပွဲတွင် လူအင်အား ၂၀၀ ခန့်ရှိမည်ဖြစ်ပြီး အချိန် ၃နာရီခန့် ဆန္ဒထုတ်ဖော်မည်ဖြစ်
ကြောင်း၎င်းကဆက်ပြောသည်။


Popular Myanmar Media:

0 comments:

Post a Comment