Pages

Wednesday, September 12, 2012

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းရှိ ကြေးနီစီမံကိန်းကိစ္စဝတ်ပြုဆုတောင်းခဲ့သူများမှ အမျိုးသမီးနှစ်ဦးလွတ်မြောက်ရန်ကျန်


မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင်းရှိ မုံရွာဆုတောင်းပြည့်ဘုရားကြီးရင်ပြင်တွင် ကြေးနီစီမံကိန်းရပ်ဆိုင်
ရန် ဝတ်ပြု ဆုတောင်းခြင်းပြုလုပ်ခဲ့သူများအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းကာ
 ပြန်လွှတ်ပေးခဲ့သော် လည်း ထိန်းသိမ်းထားသူအမျိုးသမီးနှစ်ဦး ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ
ထံက သိရှိရသည်။

အဆိုပါ ဝတ်ပြုဆုတောင်းပွဲကို စက်တင်ဘာ (၁ဝ)ရက်၊၂ဝ၁၂ ခုနှစ်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးနေ့
လည် (၁၂)နာရီဝန်းကျင်တွင် ပါဝင်သူ (၁၂)ဦးအား ဖမ်းဆီးခဲ့ပြီး ည (၇)နာရီဝန်းကျင်တွင် ဝန်ခံကတိလက်
မှတ်ထိုးခိုင်းကာ (၇)ဦးပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ယနေ့ စက်တင်ဘာ (၁၁)ရက်နေ့ နံနက်ပိုင်းတွင်ဝက်
မှေးကျေးရွာမှ (၃)ဦး ပြန်လွှတ်ပေးခဲ့သော်လည်း (၂)ဦးကျန်ရှိနေသေးကြောင်း သိရှိရသည်။
 
'' ‘ဒီနေ့မနက်ကလောက်ပဲ ကျန်တဲ့သုံးဦးကို လွှတ်ပေးလိုက်ပြီ အခုအဖမ်းခံရတဲ့သူက ၂ ဦးပဲကျန်တယ်။ သူ
တို့ ကအဓိကပဲ တရားစွဲခံထားရတယ် ပုဒ်မတွေကတော့ များတယ်။ ဘယ်လိုပုဒ်မတွေလဲတော့ မသိ ဘူး၊ အခု တရားစွဲခံထားရတဲ့ သုံးဦးစလုံးက ဝက်မှေးကျေးရွာက လူတွေချည်းပဲ'' ဟု အမှတ်(၁) ရဲစခန်း ရှေ့
တွင်ဆန္ဒထုတ်ဖော်ရန် စောင့်ဆိုင်းနေသူတစ်ဦးအား ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။
 
အဆိုပါနှစ်ဦးမှာ မသွဲ့သွဲ့ဝင်းနှင့် မအေးနက်ဖြစ်ပြီး ၄င်းတို့အား မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရားစွဲဆိုထား
ကာ အမှတ်(၁)ရဲစခန်းတွင်  ကျန်ရှိနေခြင်းဖြစ်သည်။
 
အဆိုပါ (၂)ဦးအား ထပ်မံ ပြန်လွှတ်ပေးရန်အတွက် မုံရွာခရိုင် အမှတ်(၁)ရဲစခန်းရှေ့တွင် ဆန္ဒပြရန် စက်
တင်ဘာလ(၁၁)ရက်နေ့ နေ့လည်ပိုင်းက လူစုလျက်ရှိ ကြောင်း မုံရွာဒေသ ခံများထံမှ သိရှိရသည်။
 
ဦးပိုင်ကုမ္ပဏီနှင့် (တရုတ်သူဌေးပိုင်) မြန်မာဝမ်ပေါင်ကုမ္ပဏီတို့သည် ကြေးနီစီမံကိန်းအား လက်ပံတောင်း
တောင်ဖြိုကာပြု လုပ်မည် ဖြစ်သောကြောင့် အနီးအနားရှိ ရွာများကို ဖျက်ခိုင်းခြင်းများကြောင့် ဒေသခံများမှ လက်မခံနိုင်၍ မုံရွာမြို့ရှိ ဘုရားကြီးရင်ပြင်တွင် ဝတ်ပြုဆုတောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
 
''ကျွန်မက စာမတတ်ဘူး ဝန်ခံကတိတော့ ထိုးခဲ့ရတယ်။ ဘာရေးထားတယ်ဆိုတာတော့ မသိဘူး လက်ထိပ်
လည်း မခတ်ပါဘူး ဖမ်းခေါ်သွားပြီး အချုပ်ထဲရောက်တော့ မင်းတို့ဒီအကျီအဖြူဘာလို့ဝတ်တာလဲ ၊ ဘာ
လို့အခုလို ဆုတောင်းပွဲလုပ်ရတာလဲလို့မေးတယ်။ မိဘနာမည်နဲ့ မှတ်ပုံတင်နံပတ်မေးပြီး ည(၇)နာရီ
လောက် ပြန်လွှတ် လိုက်တယ်'' ဟု မုံရွာခရိုင် အမှတ်(၁)ရဲစခန်းတွင် အထိန်းသိမ်းခံခဲ့ရသူ မဝင်းမာက
ပြောသည်။
 
လက်ပံတောင်းတောင်ဖြိုမည်ဆိုပါက စီမံကိန်းမှ စွန့်ပစ်ပစ္စည်းများအား ဒေသခံတောင်သူလယ်သမားများ
၏ ကြက်သွန်ခင်း ၊ မြေပဲခင်းထဲသို့ ရောက်ရှိကာ ပျက်ဆီးနိုင်ပြီး ချင်းတွင်းမြစ်မှ ဧရာဝတီမြစ်ထဲထိ အဆိုပါ စွန့်ပစ်ပစ္စည်းများ ရောက်ရှိ သွားနိုင်ခြင်းကြောင့်   ပတ်ဝန်းကျင်၊ ကျန်းမာရေး၊ စိုက်ပျိုးမူထိခိုက်မှုများနှင့် သမိုင်းဝင်နေရာများ ကွယ်ပျောက်မည့် အရေးများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။
 
'' ဆိုးကျိုးတွေကတော့ အများကြီး ကျေးရွာတွေကလည်း ကိုယ့်မကျေနပ်ချက်နဲ့ကိုယ် ဝတ်ပြုဆုတောင်းတဲ့ အထဲပါရတာပါ။ ကျွန်မဆိုရင် လယ်မြေအသိမ်းခံရလို့ အိမ်ပြောင်းရွှေ့ခိုင်းမယ့်အထဲမှာတော့ မပါဘူးပေါ့ အခြား ကျေးရွာဆို အိမ်ပြောင်းခိုင်းတယ်။'' ဟု ရွှေလီကျေးရွာမှ မညိုလင်းက ပြောသည်။
 
အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြူအင်းကို ဖုန်းဆက်မေးမြန်းခဲ့ရာ ၄င်းနှင့်မ
ဆိုင် သော ကိစ္စဖြစ်ပြီး ဆားလင်းကြီးမြို့သို့သာ မေးရန်ဖြေဆိုခဲ့သည်။
 
ကြေးနီစီမံကိန်းပြုလုပ်၇န်လက်ပံတန်းတောင် အနီးရှိ ဝက်မှေးကျေးရွာ၊ ကန်တော၊ ဆည်တဲနှင့် ဇီးတော
ကျေးရွာနှင့် ယာအသိမ်းခံရသော ရွှေလီကျေးရွာများအား လျော်ကြေးပေးကာ ဖျတ်သိမ်းခိုင်းသော်လည်း ထိုက်တန်သည့်လျော်ကြေး မဟုတ်ကြောင်း ဒေသခံတို့က ဆိုသည်။


မြစ်မခသတင်း
 

0 comments:

Post a Comment