Pages

Wednesday, September 12, 2012

ကလေးမြို့ နိုင်ငံတော်သမ္မတထောက်ခံဆန္ဒဖော်ထုတ်ပွဲ ကိုကျင်းပရန်ခွင့်ပြုချက်ရသော်လည်း ကင်တားနားအမည်သုံးစွဲခွင့်မပေး

ရန်ကုန်၊ စက်တင်ဘာ- ၁၁

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ကလေးမြို့၌ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင်ကျင်းပ ပြု

လုပ် ရမည်ဖြစ်ကာ ကင်တားနားအမည်ကိုလည်း သုံးစွဲခွင့်မပြု ကြောင်း သိရသည်။


ခွင့်ပြုမိန့်ကို ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာ ၁၀ ရက်နေ့တွင် ချပေးခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်
ထုတ်စီတန်း လှည့်လည်မည့် လမ်းကြောင်း လျှော့ပေးရခြင်းနှင့် ဟောပြောမည့်ပုဂ္ဂိုလ်အရေအတွက် လျှော့
ပေးရခြင်းတို့သာရှိခဲ့ပြီး ဦးသိန်းစိန်နှင့် ကင်တားနားတို့ အမည်များ မသုံးစွဲရသည်မှအပ အခက်အခဲသိပ်မရှိ
ကြောင်းသိရသည်။

စီတန်းလှည့်လည်မည့် အချိန်မှာ နေ့လည် ၁၂ နာရီမှ ၃ နာရီအထိဖြစ် ပြီး ကလေးမြို့၊ မင်္ဂလာဥယျာဉ်
ကျောင်းလမ်း-ကလေးဝလမ်း-ပင်လုံလမ်းမ တော်-စံပြလမ်း-ဗိုလ်ချုပ်လမ်းမှ ချီတက်ကာ မင်္ဂလာဥယျာဉ်
ကျောင်းရှေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

ကိုင်ဆောင်ကြွေးကြော်ရန် ခွင့်ပြုချက်ရရှိသည့် စာသားများမှာ ““သမ္မတကြီး၏ အဆိုကိုထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကိုကာကွယ်ပါ””၊ ““ရိုဟင်ဂျာအမည်ခံခိုးဝင်လာသူများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာ””၊ ““ရိုဟင်ဂျာများကို UNHCR သို့အပ်နှံပြီးဒုက္ခသည်စခန်းအဖြစ်ထားရှိရန်””၊ ““ရိုဟင်ဂျာ
များကို တတိယနိုင်ငံများက လက်ခံမည်ဆိုလျှင်ပို့ပေးမည်”” စသည်တို့နှင့် နိုင်ငံတော်သီချင်းကို သီဆိုကြ
မည်ဖြစ်ကြောင်းသိရသည်။

ကလေးမြို့ဆန္ဒဖော်ထုတ်ပွဲအတွက် ခွင့်ပြုမိန့်ရရှိရန် သုံးကြိမ်တိုင်စာ တင်ခဲ့ရပြီး လူဦးရေ ၂၀၀ တင်ရာတွင် အယောက် ၁၀၀ သာခွင့်ပြုခဲ့ကာ ယင်းနေ့တွင် ဟောပြောမည့်သူ ၁၀ ဦးစာရင်းမှ ဦးမိုက်ကယ်ဝင်းကျော်၊ ဦးကျော်သူစိုး၊ ဒေါ်နီနီမွှေးတို့ကိုသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
 
 
7days News

0 comments:

Post a Comment